iGREEN မှ ကျင်းပခဲ့သော Royal Thukha Condo အရောင်းပြပွဲ အခမ်းအနား မြင်ကွင်း
Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)
iGREENမှ ကျင်းပခဲ့သော Royal Thukha Condo အရောင်းပြပွဲကို Novotel Hotel တွင် ၅လပိုင်း ၂၂ရက်နေ့၊ ညနေ ၆:၀၀မှ ၈:၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။Royal Thukha Condo တွင် မြေအောက်ထပ်နှင့်
မြေညီထပ်များတွင် ကားပါကင်ရှိပြီး (12.5) ထပ်အဆောက်အဦးဖြစ်ကာ Structural Design မှာ Postention Method ဖြင့်၊ ၄င်းတို့တွင်ရှိသော အတွေ့အကြုံများ ကိုပေါင်းစပ်ကာ စနစ်တကျ တည်ဆောက်သွားမည် ဟုလည်း ပြောပြခဲ့သည်။
M&E Design ကိုတော့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ပြည်တွင်း Designer များနှင့် ခေတ်မီပြီး ကွန်ဒိုအဆင့်အတန်းနှင့် လိုက်ဖက်အောင် ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။ အဆိုပါပွဲသို့ နိုင်ငံကျော် အနုပညာရှင် များလည်း တက်ရောက်ခဲ့ကျပြီး၊ လာရောက် လေ့လာကျသော ဧည့်သည်တော်များကို Coffee & Snack မုန့်များဖြင့် လည်းတည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ထို့နောက် iGREEN မှ တာဝန်ရှိသူ ဦးကျော်ကျော်၊ အင်ဂျင်နီယာချုပ်ြ ဖစ် သူဦးကျော်မြင့်၊ Senior Structural Designer ဖြစ်သူ မခင်မာလာဝင်းတို့မှ Royal Thukha Condo နှင့် ပတ်သက်သည်များ ကိုရှင်းလင်း
ပြောကြားခဲ့ပြီးနောက် အခမ်းအနား အစီအစဉ်များကို ရုပ်သိမ်းခဲ့ပါသည်။