အောင်သမာဓိ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ဦးအောင်မြင့်နှင့် iMyanamrHouse.com မှကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ရာ အရောင်းပြပွဲကြီးနှင့် ပတ်သက်သည့်အင်တာဗျူး - Property Interview from iMyanmarHouse.com
3005 ကြိမ် ကြည့်ရှု့ ပြီး

အောင်သမာဓိ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ဦးအောင်မြင့်နှင့် iMyanamrHouse.com မှကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ရာ အရောင်းပြပွဲကြီးနှင့် ပတ်သက်သည့်အင်တာဗျူး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

အောင်သမာဓိ အကျိုးဆောင် ကုမ္ပဏီလီမိတက် အနေဖြင့် iMyanmarHouse.com မှ ကြီးမှူးကျင်းပခဲ့သည့် အိမ်ခြံမြေ အရောင်းပြပွဲကြီးတွင် ပါဝင်ဖြစ်ခြင်းမှာ ယခုပြပွဲကြီးသည် ယခင်ပြပွဲများ နှင့်မတူ အိမ်ခြံမြေ သီးသန့်ဖြစ်ပြီး၊လာရောက်လေ့လာမည့် ဧည့်သည်များ သည်လည်း အိမ်ခြံမြေအကြောင်း စိတ်ဝင်စားသူများ ဖြစ်သောကြောင့် ဟုပြောပြပေးခဲ့ပါသည် ။ပြပွဲကြီးတွင် ပါဝင်ပြသခြင်းသည် ၄င်းတို့ ကုမ္ပဏီအတွက် တခြားပွဲများနှင့်မတူ အကျိုးအမြတ် အရှိဆုံးဖြစ်ပြီး၊ လာရောက်သူများ အလွန် များပြားကြောင်း ပြောပြပေးခဲ့ပါသည်။

ပြပွဲကြီးတွင် ပါဝင်ပြသခြင်းဖြင့် အခြား အကျိုးဆောင်များ ပါမက
ဆောက်လုပ်ရေးများ လုပ်ငန်းများပါ အကျိုးရှိမည်ဟု ထင်မြင်ကြောင်း၊ လက်ကမ်း စာစောင်များနှင့်လည်း ထိထိရောက်ရောက် ကြော်ငြာ
ရသောကြောင့် မိမိတို့ ကုမ္ပဏီအား လူအများသိရှိ သွားသည် ဟု
ပြောပြခဲ့သည်။၎င်းတို့ ကုမ္ပဏီအား အိမ်များလာရောက် အပ်နုံသူများ
ရှိသကဲ့သို့ ၊ဆောက်လုပ်ရေး လုပ်ငန်းများကလည်း ကြို့ပွိုင့်အပ်နုံမှု ရှိကြောင်း သိရှိရသည်။

နောက်ထပ်တခေါက် ကျင်းပမည့် အိမ်ခြံမြေ အရောင်းပြပွဲကြီး တွင်လည်း ထပ်မံပါဝင်ပြသသွားရန် အစီအစဉ် ရှိပါကြောင်းနှင့် ၄င်းတို့ ကုမ္ပဏီသာမက
ပြပွဲတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများသည် လည်း ထပ်မံ ပါဝင်ပြသမည့် အစီအစဉ်ရှိနေမည် မှာသေချာကြောင်း ပြောပြပေးခဲ့ပါသည်။
အကြုံပြူချက် အနေဖြင့် ဟောပြောပွဲတွင် ဟောပြောမည့်ဆရာများ၏ နာမည် ပါမက အချိန်ဇယားများကိုပါ တိတိကျကျ ထည့်သွင်း ဖော်ပြပေးပါက
ဟောပြောပွဲ ဒီထက်မက ပိုမိုစည်ကားမည်ဟု ထင်မြင်မိကြောင်း
ပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App