“ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ ပရဟိတအသင်း” ရုံးခန်းဖွင့်ပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com
1650 ကြိမ် ကြည့်ရှု့ ပြီး

“ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ ပရဟိတအသင်း” ရုံးခန်းဖွင့်ပွဲ အခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

ယနေ့ ၂၀၁၅ ခုနှစ် မေလ ၁၉ရက်နေ့တွင် အမှတ် - ၁၁ (ဂ) ၊ ကျောက်ကုန်းလမ်း ၊ ရန်ကင်းမြို့နယ်၌ ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ပရဟိတအသင်း ရုံးခန်းဖွင့်ပွဲအခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားကို အစီအစဉ်များအရ ပထမဦးစွာ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ ပရဟိတအသင်း၏ နာယက ဦးတင်မောင်မှ အသင်းတည်ထောင်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ ပရဟိတအသင်း၏ ဥက္ကဠ ဦးစိုင်းခွန်နောင်မှ ရှေ့ဆက်ပြုလုပ်သွားမည့် အသင်း၏ အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ တစ်ဦးတစ်ယောက်ချင်း လှူတန်းခြင်းထက် စုပေါင်းလှူတန်းခြင်းဖြင့် ပိုမိုထိရောက်စေရန် ရည်ရွယ်ကြောင်း၊ လွန်ခဲ့သော(၄)လခန့်မှ စ၍ အသင်းတည်ထောင်ရန် အစပျိုးခဲ့ကြောင်း ပြောသွားခဲ့ပါသည်။

ယခုအချိန်မှ တရားဝင် ရုံးခန်းစဖွင့်သော်လည်း ရခိုင်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီနဲ့ လောက်ကိုင်ဒေသ တိုက်ပွဲဝင်စစ်သားများ အတွက် ကျပ်သိန်း ၃ဝ စီ လှူဒါန်းထားပြီး နောက်ပိုင်းလှူဒါန်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပါသည်။ အသင်းဝင်၍သော် လည်းကောင်း၊ လာရောက်လှူတန်းသော် လည်းကောင်း၊ အလှူငွေများကို သေချာစွာ ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုဖိတ်ခေါ်သွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)