KM Construction Co.,Ltd မှ တာဝန်ရှိသူ ဦးကြီးမြင့် နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
2732 ကြိမ် ကြည့်ရှု့ ပြီး

KM Construction Co.,Ltd မှ တာဝန်ရှိသူ ဦးကြီးမြင့် နှင့် အင်တာဗျုး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

KM Construction လုပ်ငန်းကို 2001 ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ နှောင်းပိုင်းကာလများမှသာ အထပ်အမြင့် များကို စတင်
ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ယခုလက်ရှိတွင်တော့ ကမာရွတ်၊ လှိုင် ၊
အင်းစိန်မြို့နယ် များတွင် အများဆုံး ဆောက်လုပ်ဖြစ်နေပြီး ၊
၎င်းမြို့နယ်များသည် လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေပြီး ၊
သွားလာရေး လွယ်ကူ အဆင်ပြေသောကြောင့် ဖြစ်ကြောင်းသိရသည်။

အဆောက်အဦး တစ်ခုဆောက်လုပ်တော့မည် ဆိုပါက လမ်းပန်း
ဆက်သွယ်ရေး သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။၎င်းတို့ ကုမ္မဏီအနေဖြင့် လက်ရှိတွင် ပြည့်စုံချမ်းသာ (၂) ကွန်ဒို
ကို ဆောက်လုပ်လျက်ရှိပြီး အခန်းပေါင်း(၃၂)ခန်းဖြင့် ဖွဲ့စည်း တည်ဆောက် ထားကြောင်း သိရသည်။၎င်းကွန်ဒို ကိုဝယ်ယူသူများ အနေဖြင့် အဆင်သင့်
နေထိုင်နိုင်သည် အထိအကောင်းဆုံး ပြင်ဆင်ပေးထားကြောင်း သိရသည်။
ကားပါကင် နေရာအတွက်လည်း လုံလုံလောက်လောက် ထည့်သွင်း
ပေးထားကြောင်း သိရသည်။

ဆောက်လုပ်ပြီးသော တိုက်ခန်းများကို ဝယ်ယူခြင်းနှင့်ကြို့ပွိုင့်တိုက်ခန်း
များကို ဝယ်ယူခြင်းတွင် ကြို့ပွိုင့်ဝယ်ယူခြင်းသည် အရစ်ကျစနစ်ဖြင့်
ငွေပေးချေ နိုင်ပြီးဈေးနှုန်းလည်း သက်သာသောကြောင့် ကြို့ပွိုင့် ဝယ်ယူမှု
သည် ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။ အခန်းများ ဝယ်ယူချင်သူများ အနေဖြင့်လည်း မိမိတို့တက်နိုင်သည့် ငွေပမာဏကို ကုမ္ပဏီအား
ပြောကြားပြီး ဝယ်ယူနိုင်ကြောင်းကိုလည်း ပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)