Shwe Gone Emotion Tower မှ Manager ကိုသူရအောင် နှင့် အင်တာဗျူး (အပိုင်း-၂) - Property Interview from iMyanmarHouse.com
3806 ကြိမ် ကြည့်ရှု့ ပြီး

Shwe Gone Emotion Tower မှ Manager ကိုသူရအောင် နှင့် အင်တာဗျူး (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

Shwe Gone Emotion Tower တွင် ယေဘုယျအားဖြင့် Office အခန်းများ၏ တစ်ပေပတ်လည်ဈေးနှုန်းကို $400 ခန့်သတ်မှတ်ထားပြီး Residential အခန်းများ၏ တစ်ပေပတ်လည် ဈေးနှုန်းမှာ $430 ခန့် သတ်မှတ်ထားကြောင်း သိရပါသည်။

Shwe Gone Emotion Tower ၏ မိတ်ဆက်ပွဲ အခန်းအနားကို ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် Sule Shangri-La Hotel တွင် ကျင်းပသွားမည်ဖြစ်ပြီး စိတ်ဝင်စားသော Customer များအနေဖြင့် Reservation ပြုလုပ်နိုင်ပြီ
ဖြစ်ကြောင်း ပြောသွားပါသည်။

Promotion အစီအစဉ်အနေဖြင့် ယခုလက်ရှိတွင် VIP Customer ကို စတင်လက်ခံနေပြီဖြစ်ကြောင်း၊ $2000 သွင်းရုံဖြင့် VIP Customer ဖြစ်နိုင်ပြီး အခန်းဝယ်ယူရာတွင် အခန်း၏ Total amount Discount အပြင် Additional Discount ၏ 10% ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Project တည်ရှိရာနေရာမှာ အချက်အချာ ကျသော နေရာတစ်ခုဖြစ်ပြီး
မြေအမျိုးအစားမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသွားနိုင်သော ဂရန်မြေ ဖြစ်ပါသည်။Shwe Gone Emotion Tower ကို Project Developer အနေဖြင့် December Construction မှ တာဝန်ယူထားပြီး
ဆောက်လုပ်မှုအပိုင်း တာဝန်ခံ အနေဖြင့် ပြည်ပနိုင်ငံမှ Yuan Da Construction မှ တာဝန်ယူတည်ဆောက်ကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)