Shwe Gone Emotion Tower မှ Manager ကိုသူရအောင် နှင့် အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
3123 ကြိမ် ကြည့်ရှု့ ပြီး

Shwe Gone Emotion Tower မှ Manager ကိုသူရအောင် နှင့် အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

ရန်ကုန်မြို့တွင် ရှားပါး Project ဖြစ်နေသော၊ အလိုအပ်ဆုံးဖြစ်သော Office Tower ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလိုသည့်အပြင် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခု ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် Shwe Gone Emotion Tower ကိုတည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။

Shwe Gone Emotion Tower ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် ၂၀၁၄ ဒီဇင်ဘာလ မှ စတင် တည်ဆောက်နေပြီဖြစ်ကြောင်း သိရပါသည်။Shwe Gone Emotion Tower တွင် Basement (၄)ထပ်အပြင် အထပ်ပေါင်း (၃၂)ထပ် ပါဝင်မည်ဖြစ်ပြီး (၁)လွှာတွင် (၆)ခန်းနှုန်းဖြင့် စုစုပေါင်း(၁၆၂)ခန်းမျှ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

Shopping Centre Cinema Hall များ၊ Office Area နှင့် လူနေ Condo အခန်းများ ပါဝင်ပါသည်။ Basement (4)ထပ်မှာ ကားအစီးရေ(၁၆၄)စီး အတွက် ကားပါကင်ထားရှိပြီး Fully Automated System အသုံးပြုထားခြင်းကြောင့် ကားရပ်နားရန်နေရာအတွက် အချိန်ကုန်သက်သာစေပြီး ခလုတ်တစ်ချက် နှိပ်ရုံဖြင့် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာမည်
ဖြစ်ကြောင်း သိရပါသည်။

လူနေ Condo အခန်းအမျိုးအစားပေါင်း (၅)မျိုးခန့်ရှိကြောင်း၊ Sqft အားဖြင့် (၁၀၀၀)မှ (၁၇၀၀) ပတ်ဝန်းကျင်ခန့်အထိ ရှိပါသည်။အခန်းအမျိုးအစားပေါ် မူတည်၍ (2)Bedrooms, (3) Bedrooms, (4) Bedrooms စသည်ဖြင့် ပါဝင်မှု ကွဲပြားသွားကြောင်း၊ Project တစ်ခုလုံးမှာ Double Hole Glass ဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ရှုခင်းကောင်းသည့်အပြင် ခရမ်းလွန်ရောင်ခြည် နှင့် ပြင်ပမှ ဆူညံသံများကို အကောင်းဆုံး ကာကွယ်ပေးနိုင်ကြောင်း
ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)