ပြည်တော်သစ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဘိုကျော်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1288 ကြိမ် ကြည့်ရှု့ ပြီး

ပြည်တော်သစ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဘိုကျော်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

ပြည်တော်သစ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်မှာ ၂၀၁၀ခုနှစ်မှ စ၍ လုပ်ကိုင်ခဲ့ကြောင်းနှင့် မြို့နယ်အနေဖြင့် ရန်ကုန် Down Town
မြို့နယ်များ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊အရှေ့ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်တို့
ကို အများဆုံး အကျိုးဆောင်ဖြစ်နေကြောင်း သိရသည်။

ဗဟန်းမြို့နယ်၏ လက်ရှိ အိမ်၊ခြံ၊မြေဈေးကွက် အခြေအနေမှာ မြေတစ်ပေ
ပတ်လည်ကို ဆယ်သိန်းခန့်ရှိကြောင်းနှင့် မြေကွက် အလွတ်မှာ မရှိသလောက်
နည်းပါးသွားကြောင်းနှင့် တိုက်ခန်း အငှားများလည်းဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှု့ ပေးရာတွင် အချိန်ကုန်သက်သာ၍ မိမိသုံးချင်သော ပမာဏနှင့်
ထိုက်တန်သော နေရာတစ်ခုကို ရရှိစေရန်ဆောင်ရွက်ပေးကြောင်း သိရသည်။

အစိုးရမှ အခွန်ဈေးနှုန်းများ သတ်မှတ်လိုက်ပြီးနောက်ပိုင်းတွင် အမှန်တကယ်
လိုအပ်၍ ၀ယ်ယူသောသူများသည် အခွန်ကိုလည်း အမှန်တကယ် ပေးဆောင်
ကြကြောင်းနှင့် အကြံပြု ပြောကြားချက်အနေဖြင့် ခိုင်မာမှန်ကန်သော အကျိုးဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျှင် အမှားလည်းနည်း၍ စာချုပ်
စာတမ်း ကိစ္စများတွင်လည်း ယုံယုံကြည်ကြည်နှင့် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း
ကိုလည်း ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)