M.K.T Construction Co.,Ltd မှ CEO ဦးမျိုးမြင့် နှင့် အင်တာဗျူး (အပိုင်း-၂) - Property Interview from iMyanmarHouse.com
6050 ကြိမ် ကြည့်ရှု့ ပြီး

M.K.T Construction Co.,Ltd မှ CEO ဦးမျိုးမြင့် နှင့် အင်တာဗျူး (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

M.K.T Construction မှ တည်ဆောက်နေသော Condo များတွင် ကားပါကင်ကို တစ်ခန်းလျှင်တစ်စီးနှုန်းကျ ထည့်သွင်းပေးထားကြောင်း နှင့် ယခုအခါတွင် မိသားစုတစ်စုတွင် ကားပါကင်သည် တစ်စီးနှုန်းမှာ မလုံလောက်နိုင်သောကြောင့် နောက်ထပ် Project များတွင် ပိုမိုထည့်သွင်းနိုင်ရန်စီစဉ်ထားကြောင်း သိရပါသည်။

Condo အမျိုးအစား၊ မြေနေရာ နှင့် ဈေးကွက်ပေါ်မူတည်၍ relax area ထည့်သွင်းထားခြင်း မရှိသော ကားပါကင်သာပါဝင်သော Condo များရှိသော်လည်း ရေကူကန်များ၊ Gym Room များ စသော Relax area ထည့်သွင်းထားသော Condo များလည်း တည်ဆောက်ထားပါသည်။
Safety ပိုင်းနှင့် ပတ်သက်၍ အင်ဂျင်နီယာများ၊ မန်နေဂျာများကို သင်တန်းများ စေလွှတ်လေ့လာသင်ယူကာ ပြန်လည်အသုံးချထားကြောင်း သိရပါသည်။ M.K.T Construction မှ တည်ဆောက်ရောင်းချသော အခန်းများကို ဝယ်ယူပြီးသည်မှ အနည်းဆုံး(၁)နှစ် တာဝန်ယူပေးသော်လည်း အမှန်တကယ်လိုအပ်ပါက (၃)နှစ် (သို့မဟုတ်) (၅)နှစ်ခန့် အထိ ဆက်သွယ် အကြောင်းကြားပါက ပြန်လည်တာဝန်ယူ ပြင်ဆင်ပေးကြောင်း သိရပါသည်။

Construction လုပ်ငန်းခွင်တွင် (၁) safety ပိုင်းကို အဓိကထားသင့်ကြောင်း၊ safety ဟုဆိုရာတွင် အလုပ်ခွင်မှ ဝန်ထမ်း၊ အလုပ်သမားများ အပါအဝင် လမ်းသွားလမ်းလာ အများပြည်သူများအတွက်ပါ အရေးကြီးကြောင်း၊ (၂) မိမိတည်ဆောက်သော အဆောက်အဦးတစ်ခုသည် မိမိကိုယ်တိုင်ပင် မနေရဲလောက်သော သဘာဝ အန္တရာယ်ကို စိတ်မချရသော အဆောက်အအုံမျိုး မဖြစ်စေရန် လိုအပ်ကြောင်း၊ (၃) customer များအနေဖြင့် အကျိုးတူဆောက်လုပ်ရာတွင် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ ဝယ်ယူမည်ဆိုပါကလည်း မိမိ ဝယ်ယူသော ကန်ထရိုက်၏ အခြေအနေကို ဦးစွာ လေ့လာသင့်ကြောင်း အကြံပြုပြောကြားသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)