သစ္စာရိပ်မွန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတာဝန်ရှိသူမနော်နော်ကိုနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1682 ကြိမ် ကြည့်ရှု့ ပြီး

သစ္စာရိပ်မွန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတာဝန်ရှိသူမနော်နော်ကိုနှင့် အင်တာဗျုး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

သစ္စာရိပ်မွန် အိမ်ခြံမြေလုပ်ငန်းကို ၂၀၀၇ ခုနှစ်တွင်စတင်လုပ်ကိုင်ခဲ့ပြီး၊လှိုင်၊ကမာရွှတ်၊၁၀ မိုင်ပတ်ဝန်းကျင်ကိုအများဆုံးအကျိုးဆောင်ပေးနေရကြောင်းသိရသည်။၎င်းမြို့  နယ်ရှိအိမ်ခြံမြေများမှာဈေးနှုန်းသင့်တင့်ပြီးသွားလာရေးလွယ်ကူအဆင်ပြေသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ယခုလက်ရှိကာလတွင် မုဒိတာအိမ်ရာ(၁)မှ တိုက်ခန်းနှင့် ကြိုပွိုင့် များအရောင်းအဝယ် ဖြစ်နေပြီး၊အနိမ့်ဆုံးဈေးနှုန်းမှာ သိန်း၃၀၀ ပတ်ဝန်းကျင်တွင်ရှိပြီး၊မုဒိတာအိမ်ရာ(၂) မှတိုက်ခန်းနှင့် ကြိုပွိုင့် များ၏အနိမ့်ဆုံးဈေးမှာသိန်း ၂၀၀ ကျော် တွင်ရှိကြောင်းသိရပါသည်။
မုဒိတာအိမ်ရာကိုနိုင်ငံခြားသားများလည်းစိတ်ဝင်စားမှုရှိကြောင်းသိရသည်။ အရောင်းနှင့်အငှားတွင် အငှားကိုပိုအကျိုးဆောင်ပေးနေရပြီး၊အငှားဈေးနှုန်းမှာအပြောင်းအလဲများကြောင်းသိရပါသည်။ အကျိုးဆောင်မပါဘဲအရောင်းအဝယ် ပြုလုပ်ပါကအဆက်ဆက် စာချုပ်များကိုသတိထားရမည်ဖြစ်ပြီး၊ ၄င်းအဆက်ဆက် စာချုပ်များသည် ပြသာနာအဖြစ်တက်ဆုံး ဖြစ်ကြောင်းသိရသည်။
နောက်ဆုံးအနေဖြင့် အရောင်းနှင့်အငှားမည်သည့်လုပ်ငန်းမဆိုအိမ်ခြံမြေလုပ်ငန်းကိုအမှန်တကယ် တက်သိနားလည်ပြီး ကျွမ်းကျင်နားလည်သည့် အကျိုးဆောင်များနှင့် ဆက်သွယ်ဆောင်ရွှက်စေချင်ကြောင်းပြောပြပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)