Grand Mya Kan Thar Condominium(Tagaungbwar Co.,Ltd) မှ ဒါရိုက်တာ ကိုသူရထွန်း နှင့် အင်တာဗျူး(အပိုင်း-၂) - Property Interview from iMyanmarHouse.com
4141 ကြိမ် ကြည့်ရှု့ ပြီး

Grand Mya Kan Thar Condominium(Tagaungbwar Co.,Ltd) မှ ဒါရိုက်တာ ကိုသူရထွန်း နှင့် အင်တာဗျူး(အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

အခန်းတိုင်းတွင် (3)bedrooms, maid`s room, living room, shine area, kitchen room အပြင် အကျယ်အဝန်းပေါ်မူတည်၍ စတိုခန်းလေးများ ပါဝင်ဖွဲ့စည်းထားပါသည်။နိုင်ငံခြားသားများအနေဖြင့် များစွာ စိတ်ပါဝင်စားမှု ရှိသော်လည်း Condo Law ပေါ်မူတည်သောကြောင့် ဝယ်ယူမှု မရှိကြောင်း သိရပါသည်။

Safety ပိုင်း နှင့် ပတ်သက်၍ ၂၄နာရီ လုံခြုံရေးဝန်ထမ်းများ၊ CCTV များ၊ Fire Alarmများ၊ အလွှာတိုင်းတွင် Security System များ ထည့်သွင်းထားပြီး နေထိုင်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ အလွှာသို့သာ ဝင်ထွက်သွားလာနိုင်ရန် စီစဉ်ထားပါသည်။ပထမပိုင်း အခန်းများရောင်းချမှုတွင် ကားပါကင်မှာ တစ်ခန်းလျှင် နှစ်စီးနှုန်းပါဝင်ပြီး ယခုနောက်ပိုင်းတွင် တစ်ခန်းလျှင် တစ်စီးနှုန်းသာ ထည့်သွင်းပေးကြောင်း သိရပါသည်။ ထို့အပြင် ကားပါကင်နေရာ ထပ်မံလိုအပ်ပါက သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချပေးကြောင်း
ပြောသွားပါသည်။

Grand Mya Kan Thar Condominium Project ကို (၂၈)နိုဝင်ဘာ (၂၀၁၄)ခုနှစ်မှ စတင်ခဲ့ပြီး (၃)နှစ်စီမံကိန်း ဖြစ်ကြောင်း သိရပါသည်။Grand Mya Kan Thar Condominium ၏ ရောင်းချမှုမှာ စုစုပေါင်း (၇၅%)ခန့် ရောင်းချပြီးဖြစ်ပြီး ကျန်ရှိနေသော အခန်းများကို ဝယ်ယူလိုပါက တကောင်ဘွား ကုမ္ပဏီ (ရုံးချုပ်)တွင် လာရောက် လေ့လာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသော အခန်းနေရာပေါ်မူတည်၍ Promotion အစီအစဉ်များလည်း ရှိကြောင်း သိရပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)