Win & Pyone အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မပြုံးသန္တာလှိုင်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1815 ကြိမ် ကြည့်ရှု့ ပြီး

Win & Pyone အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မပြုံးသန္တာလှိုင်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

Win & Pyone အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်မှာ ၈နှစ်ခန့် ရှိပြီ ဖြစ်ကြောင်းနှင့် အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊လှိုင်သာယာ၊
ရွှေပြည်သာ၊ တောင်ဥက္ကလာအစရှိသော မြို့နယ်များကို အများဆုံးအကျိုးဆောင်
ပေးနေကြောင်း သိရသည်။

လက်ရှိကာလတွင် မြောက်ဒဂုံမြို့နယ် အိမ်၊ခြံ၊မြေ ဈေးကွက်မှာ ၀ယ်ရောင်း
သမားများ၏ လှုပ်ရှားမှု့ သိပ်မရှိတော့ပဲ အမှန်တကယ် နေချင်သူများသာ
အရောင်း အ၀ယ် ဖြစ်နေသောကြောင့် အနည်းငယ် အေးလျက်ရှိကြောင်းနှင့်
ဈေးနှုန်းများမှာ သိသိသာသာ ကျသွားခြင်းမျိုး မရှိကြောင်းပြောသည်။

ယခင်က ရွှေပြည်သာမြို့နယ်သည် ဒဂုံမြို့နယ်များနှင့်ယှဉ်လျှင် နေရာအနေ အထား ကွာခြားမှု့၊ လူနေမှု့ အဆင့်အတန်း ကွာခြားမှု့များ အနည်းငယ်
ရှိသော်လည်း ယခုအခါတွင်မူ စည်ကားလျက်ရှိနေပြီ ဖြစ်သောကြောင့် ဈေးနှုန်း
များမှာလည်း သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများဖြစ်ကြောင်း ပြောကြား
ခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)