Taw Win ACM Construction Co.,Ltd မှ တာဝန်ရှိသူ ကိုထူးနောင်လတ်နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
3725 ကြိမ် ကြည့်ရှု့ ပြီး

Taw Win ACM Construction Co.,Ltd မှ တာဝန်ရှိသူ ကိုထူးနောင်လတ်နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

Taw Win ACM Construction Co.,Ltd ကို 2014 ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရပါသည်။မကြာမှီ အချိန်အတွင်းတွင် တစ်နှစ်ပြည့်တော့မည်ဖြစ်ပြီး တစ်နှစ်ပြည့်ခြင်းကို ခမ်းခမ်းနားနား ကျင်းပသွားမည် ဖြစ်ကြောင်း ပြောသွားပါသည်။

ယခုလက်ရှိတွင် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သမိုင်းဘက်များတွင် ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းများ ဆောက်လုပ်ပေးနေပါသည်။ဝယ်ယူမည့် customer များအတွက် ဈေးနှုန်း၊ နေရာ၊ ဆောက်လုပ်ထားသော တိုက်၏အရည်အသွေးများ အားလုံးကို အဆင်ပြေစေရန်
ဆောက်လုပ်ပေးထားကြောင်း သိရပါသည်။ကြိုပွိုင့် ရောင်းချမှုတွင် ဆောင်းရာသီ Promotion အဖြစ် “(၉)လပိုင်း (၁၁)ရက်နေ့” မှ “(၂)လပိုင်း (၉)ရက်နေ့” အထိ သတ်မှတ်ထားပါသည်။

မြေရှင်များဖြင့် အခန်းပေးအခန်းယူ ဆောက်လုပ်မှုများ ရှိကြောင်း၊ ထိုသို့ဆောက်လုပ်ရာတွင် မြေရှင်အနေဖြင့် နစ်နာမှုမရှိစေရန် နှင့် ကုမ္ပဏီအနေဖြင့်လည်း အဆင်ပြေစေရန် ညှိနှိုင်းမှုများ ပြုလုပ်ရကြောင်း သိရပါသည်။ မြေရှင်မှ တောင်းဆိုမှုများမှာ ဖြစ်သင့်ဖြစ်ထိုက်သော တောင်းဆိုမှု
ဖြစ်ပါက အတတ်နိုင်ဆုံးညှိနှိုင်း ပေးပါသည်။

safety ပိုင်းနှင့် ပတ်သက်၍ Y.C.D.C မှ ချမှတ်ထားသော နှုန်းထားများနှင့် အညီ ဝါရင့်ကျွမ်းကျင် အင်ဂျင်နီယာများက သေချာစီစစ်၍ ဆောက်လုပ်ပေးကြောင်း သိရပါသည်။တိုက်ခန်းတစ်ခန်း ဝယ်ယူပါက ဆောက်လုပ်သော ကုမ္ပဏီအကြောင်းကို သေချာစွာလေ့လာသင့်ကြောင်း၊ ခွင့်ပြုချက်မဲ့သော အဆောက်အဦးများကို ဝယ်ယူမိပါက အန္တရာယ်ရှိနိုင်ကြောင်း လည်း သတိပေးစကား ပြောသွားပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App