CTK အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ကိုနန္ဒအောင် နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1567 ကြိမ် ကြည့်ရှု့ ပြီး

CTK အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ကိုနန္ဒအောင် နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

CTK အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းကို ၂၀၁၃ ခုနှစ် မတ်လ (၁)ရက်နေ့မှ စ၍ လုပ်ကိုင်ခဲ့ကြောင်းနှင့် အများဆုံး အကျိုးဆောင်ဖြစ်နေသော မြို့နယ်
အနေဖြင့် မရမ်းကုန်းမြို့နယ်၊တောင်ဥက္ကလာမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။အချို့သော မြို့နယ်များ၏ ဈေးနှုန်းများမှာ
ပွင့်လင်း ကာလမတိုင်ခင်က အပ်နှံထားသော ဈေးနှုန်းများဖြစ်သောကြောင့် ယခုလို ရာသီရောက်သော အချိန်တွင် အနည်းငယ် အပြောင်းအလဲများ
ရှိကြောင်းလည်း သိရသည်။

တန်ဖိုးနည်း အိမ်ရာ တည်ဆောက်မှု့များ တည်ဆောက်နေသော်လည်း
ဈေးနှုန်းများမှာ တန်ဖိုးနည်း အဖြစ်သတ်မှတ်၍ မရသောကြောင့် တန်ဖိုးနည်း
မဟုတ်သော တိုက်ခန်းများ၏ ဈေးနှုန်းများမှာ အကျဘက်သို့ မရှိတော့ပဲ ဆက်လက်မြင့်တက်လျှက် ရှိကြောင်းလည်း သိရသည်။

Customer များ အပ်နှံဖြစ်သော အမျိုးအစားမှာ ကွန်ဒို၊တိုက်ခန်း အရောင်း
အ၀ယ်များ ဖြစ်ကြောင်း သိရသည်။အကျိုးဆောင် ပေးရာတွင်လည်း
Customer များ ရောင်းမှား၊၀ယ်မှား မဖြစ်ရအောင် မိမိတို့တွင် တိကျသော အချက်အလက်များဖြင့် အကျိုးဆောင်ပေးနေကြောင်း၊ ရောင်းသူများဘက်မှ
မျှတသော ဈေးနှုန်းများကို ခေါ်ပေးစေလိုကြောင်းနှင့် ၀ယ်သူများဘက်မှလည်း
စီမံကိန်းတိုင်းကို မယုံကြစေလိုကြောင်းကို ကိုနန္ဒအောင်မှ အကြုံပြု ပြောကြား
သွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)