ရွှေနန်းစံ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာ နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1263 ကြိမ် ကြည့်ရှု့ ပြီး

ရွှေနန်းစံ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာ နှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

ရွှေနန်းစံ အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာ သုံးနှစ်ကျော် ခန့်ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိ ကာလတွင် အငှားဈေးကွက်
ပိုဖြစ်နေပြီး၊ အရောင်းဈေးကွက်မှာမူ လတ်တလော အခွန်ပြောင်းလဲမှု့များ ရှိနေသောကြောင့် စောင့်ကြည့်နေသော အခြေအနေမှာ ရှိနေကြောင်း
ပြောသည်။

အကျိုးဆောင်ဖြစ်နေသော မြို့နယ်မှာ အရှေ့ဒဂုံ နှင့် မြောက်ဒဂုံ မြို့နယ်တို့
ဖြစ်ကြောင်းနှင့် အငှားဈေးကွက်မှာ ပိုသွက်နေပြီး အရောင်းအ၀ယ်မှာ အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။မြောက်ဒဂုံမြို့နယ်ရှိ အိမ်၊ခြံ၊မြေ
ဈေးနှုန်းမှာ ပုံမှန် အတိုင်းပဲရှိနေကြောင်းနှင့် ဈေးနှုန်းများမှာ တဟုန်ထိုး
တက်သွားခြင်းမျိုး မရှိပဲ အနည်းငယ်မျှသာ ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း
သိရသည်။နောက်ပိုင်း ကာလတွင် မြောက်ဒဂုံမြို့နယ်သည် အများစု အကြိုက်
တွေ့နေသော မြို့နယ်တစ်ခုဖြစ်သောကြောင့် ယခုထက် ပို၍ စည်ပင်
လာနိုင်ကြောင်း သိရသည်။

လာရောက်အပ်နှံကြသော Customer များအား ၀န်ဆောင်မှု့ပေးရာတွင်လည်း စာရွက်စာတမ်းများကို သေချာ စီစစ်ပြီးမှသာ အရောင်းအ၀ယ် လုပ်ပေး
ကြောင်းနှင့် ၀န်ဆောင်ခ ကိုလည်း တစ်ချို့သော အရောင်းအ၀ယ်များတွင်
အဆင်ပြေသလို ညှိနှိုင်း ပေးကြောင်းလည်း သိရသည်။အိမ်ခြံမြေ လောကတွင်
အကျိုးဆောင်များ ပေါ်ပေါက်လာသောကြောင့် Customer များ အနေဖြင့်
မိမိလိုချင်သော အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်နိုင်ကြောင်းနှင့် နောက်ပိုင်း ကာလတွင်လည်း အိမ်၊ခြံ၊မြေ အကျိုးဆောင် လောက ပိုမို ဖြစ်ထွန်းလာမည်ဟု
ထင်မြင်မိကြောင်း ဒေါ်နီလာမှ ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)