Metro Co., Ltd မှ တာဝန်ရှိသူနှင့် အင်တာဗျူး (Build & Décor 2014) - Property Interview from iMyanmarHouse.com
1645 ကြိမ် ကြည့်ရှု့ ပြီး

Metro Co., Ltd မှ တာဝန်ရှိသူနှင့် အင်တာဗျူး (Build & Décor 2014)

Posted by မေသက်နှင်း (iMyanmarHouse.com)

Metro Co., Ltd သည် တံခါးများ၊တံခါးနှင့် ပတ်သက်သောပစ္စည်းများ၊ သစ်သားနှင့် ပတ်သက်သော ပစ္စည်း များကို တင်သွင်းရောင်းချခြင်း ဖြစ်သည်။ထုတ်လုပ်သောကုန်ပစ္စည်းများ တွင် ပါဝင်သော
ကုန်ကြမ်းများကို အသေးစိတ်မှ အစ ကိုယ်တိုင်ထုတ်လုပ်အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

တံခါးများကို ထုတ်လုပ်ရာတွင်လည်း တံခါးဘာင်မှ အစ အတွင်းပိုင်းအထိ ကောင်းမွန်ခိုင်မာသည့် သစ်သားကို အသုံးပြုထားပါသည်။ တံခါးတစ်ချပ်ကိုထုတ်လုပ်ရန် အချိန်မိနစ်ပိုင်းမျှသာကြာသော်လည်း ကြမ်းခင်းပြုလုပ်ရာတွင် ၂၀,၀၀၀ စတုရန်မီတာကို ထုတ်လုပ်ရန် (၁)လခန့် အချိန်ယူရကြောင်း
ပြောသွားပါသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိတွင် အသုံးပြုနေသော ပစ္စည်းများမှာ သစ်လုံးသစ်သားအစစ်များဖြစ်သောကြောင့်
ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေဖြစ်ပွားစေကြောင်း၊ ယခုထုတ်လုပ်ထားသောပစ္စည်းများမှာ သစ်ပင်ကြီးများမှ
ထုတ်လုပ်ထားခြင်းမဟုတ်သောကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကိုပါ ကာကွယ်ပြီးသားဖြစ်သွားမည်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရာတွင် Customer များ၏ တုံ့ပြန်မှုပေါ်မူတည်၍ ဈေးကွက်တိုးချဲ့
သွားမည်ဖြစ်ကြောင်း ပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App