New Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုဝီလျှံ နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
1105 ကြိမ် ကြည့်ရှု့ ပြီး

New Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုဝီလျှံ နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

New Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းကို ၂၀၁၁ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။မိုးတွင်းကာလ ဖြစ်သည့် အပြင် ၀ါတွင်းကာလသို့
ရောက်ရှိ နေသောကြောင့် အနည်းငယ် အခက်အခဲများရှိနေကြောင်း သိရပါသည်။

ယခုအခါတွင် ၀ါတွင်းကာလ ဖြစ်သောကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ငြိမ်သက်နေသော်လည်း ၀ါကျွတ်ချိန် တွင် အိမ်၊ ခြံ၊ မြေ ဈေးမှာ ဆက်လက်မြင့်တက် နိုင်ဖွယ်ရှိသည်ဟု ပြောသွားပါသည်။

မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အမြင့်ဆုံးဈေးနှုန်းသို့
ရောက်ရှိနေသာကြောင့် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ကားဈေးကွက်ကဲ့သို့ မူဝါဒများ၊ အခွန်ကိစ္စများ အလျော့ အတင်းအနည်းငယ် ပြုလုပ်ပေးခြင်းဖြင့်
ထိန်းချုပ်နိုင်မည် ဟု အကြံပြုပြောကြားသွားပါသည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အပြောင်းအလဲများ ရှိနိုင်သော်လည်း မည်သို့ပြောင်းလဲမည်ကို မပြောနိုင်သေးဟုသိရပါသည်။တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်လာခြင်းမှာ ကောင်းမွန်သော်လည်း တန်ဖိုးနည်း အိမ်ရာဟု
ပြောရန်မှာ အိမ်ရာဈေးနှုန်းများမှာ လူလတ်တန်းစားများအတွက် အဆင်ပြေလွယ်ကူသော ဈေးနှုန်းမဟုတ်ဟု ပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)