ရွှေအိမ်ကမ္ဘာ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ဦးသိန်းလင်းညိုနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
3057 ကြိမ် ကြည့်ရှု့ ပြီး

ရွှေအိမ်ကမ္ဘာ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ဦးသိန်းလင်းညိုနှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းကို လွန်ခဲ့သော နှစ်သုံးဆယ်ခန့်မှစ၍ လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်၊ခြံ၊မြေ လောကနှင့် ပတ်သက်၍ ပြောကြားရာတွင်လည်း
ယခင်ကဆိုလျှင် အိမ်၊ခြံ၊မြေ လုပ်ငန်းကို တစ်နိုင်တစ်ပိုင်သာ လုပ်ကိုင်ခဲ့ရာမှ ယခုဆိုလျှင် အသင်းအဖွဲ့နှင့် လုပ်ကိုင် လာကြကြောင်း ကိုလည်းပြောသည်။
လက်ရှိ ကာလတွင်လည်း အိမ်၊ခြံ၊မြေ လုပ်ငန်းသည် အခြားသောလုပ်ငန်းများနှင့်
စာလျှင် ရင်းနှီး မြုပ်နှံရန် ပိုမို ကောင်းမွန်သောကြောင့် လုပ်ကိုင်သူများလည်း
များပြားလာကြောင်း ပြောသည်။

အိမ်၊ခြံ၊မြေ ဈေးနှုန်းများ တက်လာသည့်အပေါ် ထန်းချုပ်ရန်အတွက် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက် ပေးနေသော်လည်း အနည်းငယ်သာ
ထိရောက်မှု့ ရှိနိုင်ကြောင်းကိုလည်း ပြောကြားသည်။ဒဂုံမြို့နယ်တွင်
မြေကွက်များ အရောင်းအ၀ယ် ပိုဖြစ်လာရခြင်းမှာ အမှန်တကယ် နေထိုင်
လိုသူများထက် ရောင်းဝယ် လုပ်ကိုင်နေသောသူများ၏ မြေဈေး ကစားမှု့များ
ကြောင့် မြေကွက်များကို လိုအပ်သည်ထက် ပိုမိုဝယ်ယူနေကြခြင်းမှာလည်း
ဈေးနှုန်းများ မြင့်တက် လာရခြင်း၏ အကြောင်းအရင်း ဖြစ်ကြောင်းကိုလည်း
ပြောကြားသည်။

အိမ်၊ခြံ၊မြေ လောကနှင့် ပတ်သက်၍ ပြောကြားရာတွင်လည်း အိမ်၊ခြံ၊မြေ လုပ်ငန်းများ လုပ်ကိုင် တော့မည်ဆိုလျှင် ကျွမ်းကျင်သော အသိပညာရှင်များနှင့်
တိုင်ပင်ကာ လုပ်ကိုင်စေလိုကြောင်း၊ အိမ်၊ခြံ၊မြေ သင်တန်းများကိုလည်း အခမဲ့
ဖွင့်လှစ်ပေးနေကြောင်းနှင့် ဖြစ်နိုင်မည် ဆိုလျှင် အိမ်၊ခြံ၊မြေ အသင်းဝင် ဖြစ်စေ
လိုကြောင်းကိုလည်း ပြောကြား သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)