ဆွေသဟာ အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ဦးတင်ထွန်းနိုင်နှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
အိမ်၊ခြံ၊မြေ လုပ်ငန်းကိုလွန်ခဲ့သော် ငါးနှစ်ခန့်မှစ၍ လုပ်ကိုင်ခဲ့ကြောင်းနှင့်
ဆွေသဟာ အိမ်၊ခြံ၊မြေ လုပ်ငန်းအမည်နှင့် လုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်ခန့်
ရှိပြီဖြစ်ကြောင်းသိရသည်။အများဆုံးအကျိုးဆောင်ဖြစ်နေသော လုပ်ငန်း
အမျိုးအစားမှာ အငှားဖြစ်နေကြောင်းနှင့် တိုက်ခန်းငှားချင်သူကများပြီး
ငှားမည့်သူကနည်းနေကြောင်းလည်းသိရသည်။
တာမွေမြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက်အခြေအနေမှာ ရောင်းချင်သူများဘက်မှ
ဈေးနှုန်းမြင့်တက်နေသောကြောင့် ၀ယ်လိုအား အနည်းငယ်အေးနေကြောင်း
လည်းသိရသည်။အငှားဈေးကွက်မှာလည်း မနှစ်ကထက်စာလျှင် ၃၀%ခန့်
မြင့်တက်လာသောကြောင့် တချို့သော အိမ်ငှားများမှာ စံပြဈေးနှင့် မြို့အစွန်လို
နေရာမျိုးများကို ပြောင်း၍နေထိုင်ကြသူများလည်း ရှိကြောင်းသိရသည်။
ထိုကြောင့် နိုင်ငံတော်မှ အခွန်ဈေးနှုန်းများ သတ်မှတ်လိုက်ခြင်းကလည်း အိမ်၊ခြံ၊မြေ ဈေးကွက်အတွက် ကောင်းမွန်သောရလဒ်များ ဖြစ်ပေါ်လာမည်ဟု ထင်မြင်မိကြောင်းလည်းပြောကြားသည်။အိမ်၊ခြံ၊မြေ ဈေးကွက်ကို
ထိန်းချုပ်နိုင်မည့် နည်းလမ်းအနေဖြင့် မြို့နယ်အလိုက်သတ်မှတ်ထားသော
အခွန်နှုန်းထားများကို မပြောင်းလဲပဲ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်
သွားမည်ဆိုပါက အိမ်၊ခြံ၊မြေဈေးကွက်မှာ တဟုန်ထိုးတက်သွားခြင်းမျိုး
မရှိပဲ ပုံမှန်အတိုင်းတည်ရှိနေလိမ့်မည်ဟု ထင်မြင်မိပါကြောင်း ဦးတင်ထွန်းနိုင်မှ
ပြောကြားသွားခဲ့ပါသည်။