Bright Diamond အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Marketing Supervisior ကိုနေမျိုးအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
1623 ကြိမ် ကြည့်ရှု့ ပြီး

Bright Diamond အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Marketing Supervisior ကိုနေမျိုးအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

မကြာမီ အချိန်တွင် ၀ါတွင်းကာလ ကိုရောက်ရှိတော့မယ်ဖြစ်၍ အိမ်၊ခြံ၊မြေ အရောင်း၊အငှား မှာ
အနည်းငယ်လျော့ကျသွားကြောင်းသိရသည်။တိုက်ခန်းများမှာ အရောင်းထက် အငှားဘက်တွင်
ပို၍များကြောင်းသိရသည်။
ရန်ကင်းမြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက်မှာ ပုံမှန်မျှသာဖြစ်ပြီး Bright Diamond အိမ်၊ခြံ၊မြေ လုပ်ငန်း
တည်ရှိရာ ရွှေအုန်းပင်အိမ်ရာမှာ လည်း လူကြိုက်များသောနေရာတခုပင်ဖြစ်ကြောင်း၊ ကျောင်း၊ရုံးများအပြင်
အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ကန်ဘောင်နှင့်လည်းနီးသောကြောင့် နိုင်ငံခြားသားများကပါ
ကြိုက်နှစ်သက်သော နေရာဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အပြင် ရန်ကုန်မြို့တွင်းနှင့် လိုအပ်ပါက နယ်များတွင်လည်း အကျိုးဆောင်ပေးကြောင်း
သိရသည်။အိမ်ရှင်များအပေါ်အခွန်ကောက်မည်ဆိုပါက ဈေးနှုန်းဖေါင်းပွမှုကို ထိန်းချုပ်ပေးနိုင်မည်
ဖြစ်ကြောင်း၊ တစ်ပေပတ်လည်ဈေးနှုန်းများ ပြန်လည်သတ်မှတ်ပေးမည်ဆိုပါက အရောင်းအ၀ယ်
အဆင်ပြေပြီး အခြေခံလူတန်းစားများအတွက်ပါ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိမ်၊ခြံ၊မြေ လုပ်ငန်း အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ အထွေထွေဝန်ဆောင်မှု(Aircon Service,
ကားစီစဉ်ပေးခြင်း၊ လိုင်စင်ဝင်ပေးခြင်း၊အမှုအပ်လက်ခံခြင်း) ကဲ့သို့သော အကျိုးဆောင်လုပ်ငန်းများ
ကိုလည်း လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။
အိမ်၊ခြံ၊မြေအတွက် အကျိုးဆောင်ခကို အများနည်းတူ(2%)သာယူပြီး အကျိုးတူ
ဆောင်ရွက်ရသောအခါများ တွင် (1%)သို့မဟုတ် အဆင်ပြေအောင် လုပ်ဆောင်ပေးရကြောင်း
သိရသည်။အကျိုးဆောင်မပါပဲ အလုပ်လုပ်ခြင်းမှာ စာရွက်စာတမ်းကိစ္စ၊ ပေါက်ဈေးအတိအကျ မရရှိခြင်း
စသည့် အကြောင်းများဖြစ်နိုင်သည်ဟုသိရသည်။အရပ်ပွဲစားများကြောင့် လုပ်ငန်းတွင် ထိခိုက်မှုမရှိပဲ
အကျိုးတူလုပ်ကိုင်ခြင်းများလည်းရှိသည် ဟုပြောကြားသွားခဲ့သည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)