ပြည့်စံ အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Supervisor မ၀င့်ဝါကျော် နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
1801 ကြိမ် ကြည့်ရှု့ ပြီး

ပြည့်စံ အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Supervisor မ၀င့်ဝါကျော် နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

ပြည့်စံ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း ကို ၂၀၁၃ခုနှစ် ၈လပိုင်း မှ စတင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ အရောင်းနှင့် အငှားတွင် အငှားကို ပိုအကျိုးဆောင်ပေးရကြောင်း၊ အငှားမှာ နိုင်ငံခြားသားများ ကိုပို၍
အကျိုးဆောင် ပေးရပြီး ကွန်ဒိုတိုက်ခန်းအငှားမှာ ပိုများကြောင်း နှင့်  ယခုနှစ်ပိုင်းတွင် အရောင်း အ၀ယ်ပါးကြောင်းသိရသည်။

ကမာရွတ်မြို့နယ်တွင်သာမက နေရာတိုင်းတွင် အိမ်၊ခြံ၊မြေဈေးများ မြင့်တက်နေကြောင်း၊သို့သော်လည်း ကမာရွတ်မြို့နယ်မှာ အချက်အချာကျသောနေရာဖြစ်သောကြောင့် အတန်အသင့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရသည်။မြေကွက် အရောင်းအ၀ယ် လုပ်ငန်းများကိုလည်း အကျိုးဆောင်ပေးကြောင်းသိရသည်.။

နယ်ဘက်များကိုလည်း လက်လှမ်းမှီသ၍ ဆက်စပ်ကာ လုပ်ဆောင်ပေးကြောင်း၊နှင့် နယ်သီးသန့်  အကျိုးဆောင်ရန်မရှိသေးဟု သိရသည်။ အခွန်လျော့ချခြင်းပေါ်မူတည်၍ အရောင်းအ၀ယ်နည်းသွားခြင်းများ
ရှိသကဲ့သို့ အရောင်းအ၀ယ်များပြားလာခြင်း များလည်းရှိသည် ဟု သိရသည်။

အိမ်၊ခြံ၊မြေဈေးများမြင့်တက်လာခြင်းကြောင့်နေထိုင်မှု ခက်ခဲလာမှုကိုဖြေရှင်းနိုင်ရန် သင့်တင့်သောဈေးများဖြင့်
နေထိုင်နိုင်မည်ဆိုပါကသာမန်လူတန်းစားများအတွက် ပိုမို အဆင်ပြေနိုင်မည်
ဖြစ်သည်။တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နေသော်လည်း ကံကောင်းသော လူများသာရနိုင်ကြောင်း၊သို့သော် ယခင်ကထက်ပို၍
နေထိုင်မှုစရိတ် လျော့ကျသွားမည်ဖြစ်ကြောင်း၊ အိမ်၊ခြံ၊မြေဈေးများမှာမှု သိသိသာသာ လျော့ကျနိုင်ဖွယ်မရှိကြောင်း ပြောကြားသွားသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App