မြန်မာ့အောင်မြေသစ်အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုအောင်နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1586 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာ့အောင်မြေသစ်အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုအောင်နှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

မြန်မာ့အောင်မြေသစ် အိမ်၊ခြံ၊မြေလုပ်ငန်းသည်၂၀၁၃ခုနှစ် နှစ်စပိုင်းတွင်
စတင် လုပ်ကိုင်ခဲ့ကြောင်းသိရသည်။အများဆုံးအကျိုးဆောင် ဖြစ်နေသော
လုပ်ငန်းမှာ တိုက်ခန်းအငှားနှင့်ကွန်ဒိုတိုက်ခန်းအရောင်းများ ပိုအလုပ်ဖြစ်
နေကြောင်းနှင့် မြေအရောင်းအ၀ယ်မှာ အနည်းငယ်အေးနေကြောင်းလည်း
ပြောကြားသည်။
ကမာရွတ်မြို့နယ်၏ အိမ်၊ခြံ၊မြေဈေးကွက် အခြေအနေမှာတိုက်ခန်း
ဈေးနှုန်းများသည် မူလပေါက်ဈေးထက် ၃၀% ပို၍ တက်လာကြောင်းနှင့်
တိုက်ခန်းငှားဈေးမှာ၁၂ ၁/၂*၅၀ ပေ ခုနှစ်လွှာဆိုလျှင် ငှားဈေး တစ်သိန်းခွဲ
ထိရှိကြောင်းနှင့် လမ်းမတန်းများတွင်နှစ်သိန်းခွဲမှသုံးသိန်းထိ ရှိကြောင်းကိုလည်း
ပြောကြားသည်။
နိုင်ငံခြားသားများကိုလည်း အကျိုးဆောင်ပေးကြောင်းနှင့် အများစုမှာ လုပ်ငန်းနှင့်ဆက်စပ်သောFMI CITY လိုနေရာမျိုးများနှင့် လုံးချင်းများကို ပိုငှားပေးနေရကြောင်းလည်းသိရသည်။မြေဈေးအနေဖြင့် လှည်းတန်းစင်တာလို
နေရာမျိုးဆိုလျှင် တစ်ပေပတ်လည်ကို ၁၀သိန်းထိရှိကြောင်း၊
သံလမ်း၊သုခလမ်းများဆိုလျှင် ၄သိန်းခွဲမှ ၅သိန်းထိရှိကြောင်း၊
စံရိပ်ငြိမ်၊ဆင်ရေတွင်းဆိုလျှင် ၇သိန်းထိရှိကြောင်းနှင့် ပြည်လမ်းမပေါ်တွင်
၁၀သိန်းထိရှိကြောင်းကိုလည်း သိရှိရပါသည်။
အိမ်၊ခြံ၊မြေလောကနှင့် ပတ်သတ်၍ အကြံပြုပြောကြားလိုသောအချက်မှာ အိမ်၊ခြံ၊မြေလုပ်ကိုင်သူများအား သတ်မှတ်ထားသောဥပဒေမူဝါဒများဖြင့်
လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာလူကြီးများမှချမှတ်ပေးခြင်း၊ထိုက်သင့်သော
အခွန်နှုန်းထားများ သတ်မှတ်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတော်အတွက်လည်း
အခွန်ခများလည်း ပိုရမည်ဖြစ်ကြောင်းနှင့် စာချုပ်စာတမ်းများလုပ်ကိုင်ရာတွင်
လည်း ပို၍ခိုင်မာလာမည်ဖြစ်ကြောင်းကိုလည်းကိုအောင်မှပြောကြား
သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)