Mother House အိမ်၊ခြံ၊မြေ လုပ်ငန်းမှ မသက်သက်ခိုင်နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1428 ကြိမ် ကြည့်ရှု့ ပြီး

Mother House အိမ်၊ခြံ၊မြေ လုပ်ငန်းမှ မသက်သက်ခိုင်နှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

Mother House အိမ်၊ခြံ၊မြေ လုပ်ငန်းသည် ၁၉၉၅ခုနှစ် မှစ၍အိမ်၊ခြံ၊မြေ လုပ်ငန်းကို စတင်
လုပ်ကိုင်ခဲ့ကြောင်းသိရသည်။အများဆုံး အကျိုးဆောင်
ပေးနေရသော မြို့နယ် အနေဖြင့် ကမာရွတ်နှင့်
အင်းလျားလမ်းတလျှောက်ကို အများဆုံး အကျိုးဆောင်
ပေးနေရကြောင်းနှင့်အငှားဈေးကွက်ပိုဖြစ်နေကြောင်း
လည်းပြောကြားသည်။

အိမ်ရှင်နှင့်အိမ်ငှားကြား အိမ်လခများ တိုးတောင်း
လာသည့်အတွက် တစ်ချို့အိမ်ငှားများမှာ ရပ်ကွက်လို
နေရာမျိုးများကို ပြောင်း၍နေထိုင်နေရကြောင်းလည်း
ပြောကြားသည်။အခွန်ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်
လိုက်ပြီးနောက် မြေအရောင်းအ၀ယ်များ ပြန်လည်
အ၀ယ်လိုက်လာကြောင်းနှင့် နယ်ဈေးကွက်မှာပိုအ၀ယ်
လိုက်နေကြောင်းကိုလည်းသိရှိရပါသည်။

ဝါမတိုင်ခင်ကာလတွင် အငှားဈေးကွက်ပို၍ အကျိုးဆောင်နေရကြောင်းနှင့် ၀ါတွင်းကာလတွင်
အငှားထက်အရောင်းကို ပိုအကျိုးဆောင် ပေးနေရကြောင်း
ကိုလည်းပြောကြားသည်။

အိမ်၊ခြံ၊မြေလောကအတွက်အကြံပြုချင်သော
အချက်မှာ အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်း
အိမ်ရာများ များများဆောက်ပေးစေလိုကြောင်းနှင့် အိမ်၊ခြံ၊မြေဈေးကွက်တွင် တန်ဖိုးနည်းအိမ်ရာများ
ပေါ်ပေါက် လာပါက တိုက်ခန်းအရောင်းအ၀ယ်မှာ အတက်အကျ ရှိနိုင်ကြောင်းနှင့် မြေအရောင်းအ၀ယ်
သည် အကျမရှိပဲ အတက်ဘက်သို့သာဆက်လက်
ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း မသက်သက်ခိုင်မှပြောကြား
သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)