ရွှေကံမြေအိမ်၊ခြံ၊မြေ လုပ်ငန်းမှ ဦးသိန်းထွန်းနှင့်အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
ရွှေကံမြေအိမ်၊ခြံ၊မြေ လုပ်ငန်းသည် အကျိုးဆောင်လုပ်ငန်းကို ၂၀၀၁ခုနှစ်တွင်
စတင်လုပ်ကိုင်ခဲ့ကြောင်းသိရှိရသည်။စတင်လုပ်ကိုင်ခဲ့အချိန်ကစပြီး ယခုအချိန်ထိအိမ်၊ခြံ၊မြေအရောင်းလုပ်ငန်းကိုသာဦးစားပေးလုပ်ကိုင်ကြောင်းလည်းသိရသည်။မြို့နယ်များအနေဖြင့် ဗဟန်း၊ကမာရွတ်၊ရန်ကင်း၊တာမွေ၊
သင်္ဃန်းကျွန်း၊မရန်းကုန်း၊စမ်းချောင်း၊အလုံအစရှိသော မြို့နယ်များကို အဓိကထားလုပ်ကိုင်နေကြောင်းလည်းသိရသည်။အိမ်၊ခြံ၊မြေ ဈေးကွက်တက်လာရခြင်း၏ အကြောင်းအရင်းအနေဖြင့် နိုင်ငံတကာမှ နိုင်ငံတော်အစိုးရ၏
လုပ်ဆောင်ချက်များကို လက်ခံလာခြင်းမှာလည်း အိမ်၊ခြံ၊မြေဈေးကွက်
တက်လာရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းနှင့်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု့ ၀င်ရောက်လာလျှင်လည်း အိမ်၊ခြံ၊မြေ ဈေးကွက်
တက်လာဦးမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။ဗဟန်းမြို့နယ်၏
အိမ်၊ခြံ၊မြေဈေးကွက်မှာ အစိုးရမှသတ်မှတ်ထားသော အခွန်ဈေးနှုန်းများ တိုးမြှင့်လာသောကြောင့် မြေဈေးကွက်အနည်းငယ် အေးနေကြောင်းလည်း
ပြောကြားသည်။ ကမ္ဘာအေးလမ်းမပေါ်တွင် မြေဈေးအနေဖြင့် တစ်ပေပတ်လည်ကို အနည်းဆုံးခုနှစ်သိန်းမှ အများဆုံးဆယ်သိန်းအထိ
ရှိနေကြောင်းနှင့် ရွှေတောင်ကြားလမ်းမပေါ်တွင် သုံးသိန်းခွဲမှလေးသိန်း၊
အတွင်းဘက်တွင်နှစ်သိန်းခွဲမှ သုံးသိန်းထိရှိနေကြောင်းလည်းပြောကြားသည်။
ဝါတွင်းကာလတွင်လည်းမြေအရောင်းအ၀ယ်မှာ ပုံမှန်အရောင်းအ၀ယ် ဖြစ်နေအုံးမည်ဟုလည်း ဦးသိန်းထွန်းမှပြော
ကြားသွားခဲ့ပါသည်။