Sky Bridge အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မချိုချိုခိုင်နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
949 ကြိမ် ကြည့်ရှု့ ပြီး

Sky Bridge အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မချိုချိုခိုင်နှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

Sky Bridge အိမ်၊ခြံ၊မြေ လုပ်ငန်းမှ လုပ်ငန်းစတင် လုပ်ကိုင်ချိန်မှစ၍ ယခုအချိန်ထိအများဆုံး လုပ်ဆောင်ပေးရသော မြို့နယ်များမှာ
ကမာရွတ်၊စမ်းချောင်း၊DownTown၊ဗဟန်း၊မရမ်းကုန်းမြို့
နယ်များဖြစ်ပါသည်။ နိုင်ငံခြားသားများအများဆုံးလာရောက်၍အလုပ်အပ်နှံကြကြောင်းနှင့်၎င်းတို့အတွက် Safe
ဖြစ်သောနေရာများကို အဓိကထားရွေးချယ်ကြကြောင်း လည်းပြောကြားသည်။ လမ်းမတော်မြို့နယ်တွင် အိမ်၊ခြံ၊မြေ ဈေးကွက်သည်အရောင်းဈေးကွက် အနည်းငယ်အေး၍ အငှားဈေးကွက်ပိုအကျိုးဆောင်
နေရကြောင်းနှင့် အိမ်၊ခြံ၊မြေ ဈေးတက်လာသည့်အတွက် ၄င်းတို့အကျိုးဆောင်အနေဖြင့် အိမ်ရှင်နှင့်အိမ်ငှားကြား ရာခိုင်နှုန်းအနည်းငယ်သာ တိုးတောင်းရန်ဝင်၍ညှိနှိုင်းပေး
ရကြောင်းလည်းသိရသည်။ဝါတွင်းကာလ ရောက်ရှိတော့
မည်ဖြစ်၍ အိမ်၊ခြံ၊မြေဈေးကွက်အနေဖြင့် အနည်းငယ်အေးလိမ့်မည်ဟုယူဆကြောင်းပြောကြားသည်။ ထူးခြားသတင်းအနေဖြင့် အခွန်ကိစ္စအနည်းငယ် အပြောင်းအလဲရှိကြောင်းနှင့်အိမ်၊ခြံ၊မြေအကျိုးဆောင်များအနေဖြင့် Customer များအား မှန်ကန်သောဈေးနှုန်းနှင့် ကိုက်ညီသောနေရာများသာအကျိုးဆောင်ပေးသင့်ကြောင်း မချိုချိုခိုင်မှ ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)