အောင်ခိုင်ခန့် အိမ် ၊ ခြံ ၊ မြေ လုပ်ငန်း မှ မပပခိုင် နှင့် အင်တာဗျူး
Posted by ဝေဖြိုးသူ (iMyanmarHouse.com)
လတ်တလောရောင်းအား အကောင်းဆုံးမှာ လှိုင်သာယာမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ် ဖြစ်ကြောင်း ။ အင်းလျားလမ်း နှင့် ကမာရွတ် ၊ ပြည်လမ်း တွင် ၁ပေပတ်လည်ကို ၈သိန်းခန့်ရှိကြောင်း ။ အိမ် ၊ ခြံ ၊ မြေ ဈေးနှုန်းမြင့်တက်တာ နှင့် ပတ်သတ်ပြီး ၀ယ်သူများပြီး ရောင်းသူနည်းသောကြောင့် ဈေးနှုန်း မြင့်တက် ဟုပြောကြား ။ ၀ယ်သူနည်းပြီး ရောင်းအားများလျှင် အိမ် ၊ ခြံ ၊ မြေ ဈေးကျနိုင် ။ နိုင်ငံခြားသားများ အများဆုံး စိတ်ဝင်စားခြင်းမှာ လုံးချင်းအိမ်ရာနှင့် ကွန်ဒိုတိုက်ခန်း ဖြစ်ကြောင်း ။လှိုင်သာယာ မြို့နယ် ၊ ကျန်စစ်သား တန်ဖိုးနည်း အိမ်ရာတိုက်ခန်း တစ်ခန်းသည် မြေညီထပ်ကို သိန်း ၃၅၀ခန့် ရှိကြောင်း ၊ တစ်လွှာနှင့် တစ်လွှာ တန်ဖိုးကွာခြားချက်မှာ သန်း ၃၀ ၀န်းကျင်ရှိသည်ဟု ပြောကြား ။ နောက်ဆုံးအကျိုးဆောင်ပေးသော မြို့မှာ လှိုင်သာယာ မြို့နယ်ရှိ န၀ဒေးဥယျဉ် အိမ်ရာ လုံးချင်း ပြင်ဆင်ပြီး ကို သိန်းနှစ်ထောင့်သုံးရာငါးဆယ် နှင့် အကျိုးဆောင်ပေးလိုက်ရကြောင်း မပပခိုင်မှ ပြောပြပေးသွားပါတယ် ။