158 ကြိမ် ကြည့်ရှု့ ပြီး

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

နေရောင်နဲ့လေ ကောင်းစွာရတဲ့ ပြတင်းပေါက်ကျယ်ကျယ်နဲ့ အိမ်တစ်လုံး၊ အခန်းတစ်ခန်းကို ပိုပြည့်စုံသွားစေမှာက လိုက်ကာလှလှလေးတွေပါပဲ။ လေနဲ့အတူလူးလွင့်နေတဲ့ လိုက်ကာလေးတွေကတဆင့် နေရောင်ဖြာကျနေမယ့် မြင်ကွင်းက တွေးကြည်ရုံနဲ့တင် ငြိမ်းချမ်းသာယာဖွယ်ပါ။ ဒီတော့ ကိုယ့်အိမ်နဲ့ လိုက်ဖက်မယ့် လိုက်ကာ တွေကို ဘယ်လိုရွေးချရမလဲသိဖို့ ရွေးချယ်စရာ လိုက်ကာအမျိုးအစား (၅)မျိုးကို ဖော်ပြလိုက်ပါတယ်။

 

(၁) တရုတ်ကပ် နေကာ

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ဒီ လိုက်ကာ အမျိုးအစားက သစ်သား၊ အလူမီနီယံ၊ ဒါမှမဟုတ် ဖိုက်ဘာ တစ်မျိုးမျိုးနဲ့ ပြုလုပ်တတ်ပြီး အလျားလိုက် အပြားရှည်တွေ တွဲချုပ်ထားတဲ့ ဒီဇိုင်းမျိုးပါ။ နေရောင်ကို ကောင်းစွာကာကွယ်နိုင်တဲ့အပြင် လိုအပ်သလို ချိန်ညှိလို့ရတဲ့ တရုတ်ကပ်နေကာတွေကို နေရောင်တိုက်ရိုက်ကျတဲ့ ပြတင်းပေါက်တွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

တရုတ်ကပ်နေကာတွေက တစ်ခုနဲ့တစ်ခု ပုံစံချင်းသိပ်မကွာပေမယ့် အသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစား၊ ဒီဇိုင်းစသဖြင့် အသေးစိတ်အချက်တွေမှာ ကွာခြားပါသေးတယ်။ ခြုံပြောရရင်တော့ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ တည်ငြိမ်တဲ့အရောင်ကြောင့် ဒီလိုက်ကာတွေက အခန်းကို ပိုပြီးထည်ဝါသွားစေမှာပါ။


(၂) လိုက်ကာရှည်များ

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ကြမ်းပြင်ထိ ပုံကျနေတဲ့ ဒီလိုက်ကာ အရှည်တွေကို အများအားဖြင့် အဝတ်စ အမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိပြီး ဒီဇိုင်း စုံ ကာလာစုံ ပုံဖော်တတ်ကြပါတယ်။ အဝတ်စ အထူအပါးနဲ့ အရောင်တွေပေါ်မူတည်ပြီး နေရောင်ကာနိုင်မှု ကွာခြားသွားနိုင်ပေမယ့် သူ့ရဲ့ ကြီးမားတဲ့ အရွယ်အစားက မှန်ခန်းကျယ်ကြီးတွေနဲ့ ကွက်တိပါပဲ။

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

မှန်တံခါးပေါက် ကျယ်တွေ ရှိတဲ့ ရုံးခန်း၊ ဧည့်ခန်းနဲ့ စာကြည့်ခန်းလို နေရာမျိုးတွေမှာ ဒီလို လိုက်ကာရှည်တွေကို အသုံးများပါတယ်။ အရောင်နဲ့ ဒီဇိုင်းပေါ်မူတည်ပြီး လိုက်ကာရှည်ကပေးတဲ့ ခံစားချက်တွေလည်း ကွာခြားသွားပါလိမ့်မယ်။ အရောင်နုနု၊ ဒီဇိုင်းလှလှနဲ့ လိုက်ကာတွေက အိမ်ကို ခေတ်မီတဲ့ အသွင်ပြောင်းပေးနိုင်ပြီး အရောင်ငြိမ်တဲ့ ဗြောင်လိုက်ကာတွေကတော့ အိမ်ကို ငြိမ်သက် တည်ကြည်တဲ့ ခံစားချက် ပေးနိုင်ပါတယ်။

 


(၃) လိုက်ကာပါးများ

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ရှန်သား၊ ဇာနဲ့ ပိုးတုလို ပါးပါးပျော့ပျော့ အသားလေးတွေနဲ့ ချုပ်ထားတဲ့ လိုက်ကာပါးတွေက အခြေခံအားဖြင့် အခြားလိုက်ကာ အမျိုးအစားတွေအောက်မှာ တစ်ထပ်ခံပြီး တပ်လေ့ရှိတဲ့ လိုက်ကာအမျိုးအစားပါ။ အလင်းရောင်လည်းရချင်တယ်၊ နေရောင်စူးစူးကိုလည်း မခံနိုင်ဘူးဆိုတဲ့ အခြေအနေမှာ အပေါ်က လိုက်ကာတစ်ထပ်ကို စုစည်းထားပြီး လိုက်ကာပါးချထားလို့ရတာပေါ့။ လိုက်ကာပါးတွေကို အောက်ခံလိုက်ကာ အနေနဲ့အပြင် သူ့ချည်းပဲ တစ်ထပ်တည်းလည်း တပ်လေ့ရှိကြပါတယ်။

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ဧည့်ခန်း၊ အိပ်ခန်း၊ စာကြည့်ခန်းနဲ့ မီးဖိုပါမကျန် အိမ်ရဲ့ နေရာတိုင်းနီးပါးမှာ အသုံးပြုတပ်ဆင်လို့ရပါတယ်။ လိုက်ကာကို ပြတင်းပေါက်တဝက်ပဲ တပ်တဲ့ ပုံစံမျိုးလည်း ဖန်တီးကြည့်နိုင်ပါတယ်။ လိုက်ကာပါးတပ်ထားတဲ့အခါ ပြတင်းပေါက်ကနေ အပြင်ကို ဝိုးတဝါးမြင်ရပြီး၊ အပြင်ကကြည့်ရင်လည်း အရိပ်လောက်ပဲ မြင်ရမှာမို့ maintaining your privacy လည်း ဖြစ်ပြီးသားပေါ့။ ဒီလိုက်ကာတွေရဲ့ နူးညံ့တဲ့ အသွင်အပြင်က အိပ်မက်ဆန်တဲ့ အခန်းလေးကို ဖန်တီးပေးမှာပါ။


(၄) နေကာယင်းလိပ်များ

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ဝါး၊ ကြိမ် သို့မဟုတ် သစ်သားနဲ့ ပြုလုပ်ထားတဲ့ လိပ်တင်လို့ ရတဲ့ ဒီလိုက်ကာ အမျိုးအစားကို နေကာယင်းလိပ်လို့ ခေါ်ပါတယ်။ နေကာယင်းလိပ်တွေက ပြတင်းပေါက်ကျယ်တွေ၊ ဝရန်တာ၊ ဘန်ဂလိုတွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ လိုက်ကာအမျိုးအစားပါ။ ယင်းလိပ်တွေက နေကာဖို့အပြင် လေနဲ့ မိုးကိုလည်း အတိုင်းအတာတစ်ခု အထိ ကာကွယ်နိုင်ပါသေးတယ်။ သဘာဝ ဝါးယင်းလိပ်တွေက သင့်အိမ်ကို နွေးထွေးပြီး သက်သာသက်သာနဲ့ အဆင့်အတန်းမြင့်တဲ့ အသွင်ကို ဖော်ဆောင်ပေးနိုင်မှာပါ။

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ယင်းလိပ်လို လိပ်တင်နိုင်ပြီး ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ Roller Blinds တွေလည်း ဈေးကွက်ထဲမှာ အများအပြား ရှိနေပါတယ်။ ဝါးယင်းလိပ်တွေက ပြည်တွင်းဖြစ်လက်မှုပစ္စည်းတွေဖြစ်ပြီး Roller Blinds တွေကတော့ ရီမုတစ်ခုနဲ့ အတင်အချ ထိန်းချုပ်နိုင်တဲ့ ခေတ်မီ ယင်းလိပ်တွေလို့ ခေါ်နိုင်ပါတယ်။ Roller Blinds တွေကို သုံးထားတဲ့ အခန်းက ခေတ်မီမှုနဲ့ တပြိုက်တည်းမှာပဲ ရိုးရှင်းတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

 

(၅) ချည်သားလိုက်ကာများ

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ကိုယ့်အိမ်ရဲ့ ပြတင်းပေါက်က ရှေးမူမပျက် တံခါးရွက်နဲ့ဆိုရင်တော့ ချည်သားလိုက်ကာလေးတွေ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ချည်သားတွေက ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် ပြတင်းပေါက် အတိုင်းအတာအလိုက် ကိုယ့် စိတ်ကြိုက် ချုပ်လို့ရပါသေးတယ်။ ပြည်တွင်းဖြစ် ချည်သားတွေကို အလွယ်တကူဝယ်ယူနိုင်တာကြောင့် ရွေးချယ်စရာလည်း များပြားပါတယ်။ ပေါ့ပါးတဲ့ ချည်သားလိုက်ကာတွေက နေရောင်ကာနိုင်တဲ့အပြင် နွေးထွေး သက်ဝင်ဖွယ် အိမ်ကလေးအသွင်လည်း ဖန်တီးပေးနိုင်ပါသေးတယ်။

အိမ်အလှကို ပိုကြွစေမယ့် လိုက်ကာလှလှ

ခန်းစီး လိုက်ကာတွေဆိုတာ နေရောင်ကာပေးတဲ့ ပစ္စည်းတစ်ခုဆိုတာထက် အိမ်ကို ကျက်သရေနဲ့ ပြည့်စုံသွားစေတဲ့ အိမ်တွင်းအလှဆင်နည်း တစ်ခုဖြစ်ပါတယ်။ လိုက်ကာ ရွေးချယ်တော့မယ်ဆိုရင် တစ်ခုချင်းစီရဲ့ အားသာ ချက်တွေ၊ ကိုယ့်အိမ်/အခန်းနဲ့ လိုက်ဖက်မယ့် ပုံပန်းသဏ္ဍာန်၊ ကိုယ့်ရဲ့ ပုဂ္ဂလိက အကြိုက်နဲ့ ခံစားချက် စတာတွေကို ထည့်စဥ်းစားပြီး ဝယ်ယူချုပ်လုပ်သင့်ပါတယ်။ အခုဖော်ပြခဲ့တာတွေ အပြင် အခြားရွေးချယ်စရာလိုက်ကာများစွာလည်း ရှိသေးတာကြောင့် စာဖတ်သူတို့ အကြိုက်ဆုံး ခန်းစီးလိုက်ကာအမျိုးအစားတွေကို မျှဝေခဲ့ပါဦး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: thegoodlife


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App