285 ကြိမ် ကြည့်ရှု့ ပြီး
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
[Unicode]
အိမ်အရောင်လေးတွေမှာ ကိုယ်စီ အဓိပ္ပါယ်လေးတွေ ရှိကြတယ်ဆိုတာ မိတ်ဆွေတို့ သိထားပါသလား?
အရောင်လေးတွေက မိတ်ဆွေတို့ရဲ့ စိတ်ကိုအေးချမ်းပျော်ရွှင်စေပြီးတော့ အောင်မြင်မှုပေါင်းများစွာ ရရှိစေတဲ့အထိ အကျိုးပြုနိုင်ပါတယ်။
ဘယ်အရောင်လေးတွေက ဘယ်လို အဓိပ္ပာယ်ရှိပြီး မိတ်ဆွေတို့ကို ဘယ်လိုမျိုး အကျိုးပြုနိုင်လဲဆိုတာကို အခုပဲ ဖတ်ရှုကြည့်လိုက်ပါတော့နော်။
အိမ်အရောင်လေးတွေ သေချာ ရွေးချယ်နိုင်ဖို့ရာအတွက် အရောင်တွေရဲ့ အကျိုးပြုပုံနဲ့ အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဖြူ‌ရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
အေးမြလန်းဆန်းတဲ့ ခံစားချက်ကို ရရှိချင်ရင် အိမ်ရဲ့ အရောင်လေးကို အဖြူရောင်ခြယ်ဖို့ရာ အကြံပြုပါရစေ 🤍
အဖြူရောင်က သန်ံ့ရှင်းမှုနဲ့ နုပျိုမှုကို ကိုယ်စားပြုတဲ့ အရောင်ပါ။ အဖြူရောင်ကို ကြည့်မိတဲ့အခါတိုင်း သင့်ရဲ့ စိတ်မှာ လုံခြုံနွေးထွေးမှုရဲ့ အငွေ့အသက်ကို အမြဲ ရရှိနေပါလိမ့်မယ် 🥰
အနက်ရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
အနက်ရောင်ကိုခြယ်သထားရင်တော့ အမြဲဆန်းသစ်တဲ့ ခံစားချက်ကို ပေးစွမ်းနေပါလိမ့်မယ်နော် 🖤
အနက်ရောင်က ကျက်သရေရှိမှု၊ ဆန်းကြယ်မှုတို့ကို ကိုယ်စားပြုတဲ့ အရောင်ပါ။
ဒါပေမယ့် အနက်ရောင်ကို အလွန်အကျွံ ခြယ်မိသွားရင်တော့ စိတ်ဓာတ်ကျမှုကို ပေးစွမ်းသွားနိုင်တယ်ဆိုတာကို သတိပြုမိပါစေ 🙅
အနီရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
အနီရောင်ကတော့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုအရှိဆုံး အရောင်တွေထဲက တစ်ခုပါ ❤️
အနီရောင်က ယုံကြည်မှုရဲ့ အရောင်ဖြစ်ပြီးတော့ စိတ်လှုပ်ရှားမှုနဲ့ စွမ်းအင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ စိတ်အားထက်သန်မှုနဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့ အရောင်တစ်ရောင်ပါ ✨
အညိုရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
အညိုရောင်ကတော့ ရောင့်ရဲမှုကို ကိုယ်စားပြုတဲ့ အရောင်ပါ 🤎
အညိုရောင်ကို ခြယ်သထားရင် ရိုးရှင်းမှုနဲ့ သက်တောင့်သက်သာရှိမှုတို့ကို ခံစားနိုင်ပါတယ် 🥰
လိမ္မော်ရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
လိမ္မော်ရောင်ကတော့ စိတ်အားထက်သန် တက်ကြွမှုနဲ့ အာရုံစူးစိုက်မှုတို့ကို ကိုယ်စားပြုတာပါ 🧡
လိမ္မော်ရောင်ကို တွေ့မြင်ရခြင်းက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် ထမင်းစားခန်း (သို့) မီးဖိုချောင်မှာ ခြယ်သထားဖို့ရာ အများကြီး အသုံးဝင်ပါတယ် 🥰
အဝါရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
ပျော်ရွှင်ခြင်းရဲ့ အရောင်တစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့ အဝါရောင်ကလည်း အကောင်းမြင်မှုနဲ့ လှုံ့ဆော်မှုတို့ကို ကိုယ်စားပြုပြီး လန်းဆန်း တက်ကြွတဲ့ ခံစားချက်ကို အမြဲ ပေးစွမ်းနေပါလိမ့်မယ် 💛
အစိမ်းရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
သဘာဝတရားကြီးရဲ့ အရောင် တဖြစ်လဲ အစိမ်းရောင်ကတော့ အေးချမ်းပြီး စိတ်အပန်းပြေမှုကို ခံစားရရှိစေမယ့်အရောင်ပါ 💚
အစိမ်းရောင်က သဟဇာတဖြစ်မှုကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီးတော့ အစိမ်းရောင်ကို နှစ်သက်သူများက တည်ငြိမ်အေးချမ်းကာ ဇွဲရှိသူများဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ် ✨
အပြာရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
အပြာရောင်ကတော့ ငြိမ်သက်အေးချမ်းမှုကို ကိုယ်စားပြုပါတယ် 💙
လူကြိုက်အများဆုံးအရောင်ဖြစ်ပြီး ငြိမ်သက်သော စွမ်းအားကြောင့် အပြာရောင်ကို အိပ်ခန်းထဲမှာ ခြယ်သဖို့ရာအတွက် အထူးသင့်လျော်ပါတယ်။
ပန်းရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
ပန်းရောင်ကတော့ အနီရောင်ရဲ့ တစ်စိတ်တပိုင်းဖြစ်တဲ့ မိသားစုအရောင်တစ်ခုဖြစ်ပေမယ့် ပိုမိုသိမ်မွေတဲ့အရောင်တစ်ခုပါ 💟
ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကို မိန်းမဆန်သူ၊ အပြစ်ကင်းပြီး သိမ်မွေ့သော စိတ်ရှိသူတွေလို့ ထင်မြင်တတ်ကြပါတယ်။
ပန်းရောင်က နူးညံ့လှပခြင်းကို ကိုယ်စားပြုပါတယ် 🥰
ခရမ်းရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
ခရမ်းရောင်ကတော့ စိတ်ကူးစိတ်ကန်းတွေကို ပိုမိုထက်ရှလာအောင် ပံ့ပိုးပေးနိုင်တဲ့အရောင်ပါ 💜
သူက ကြွယ်ဝခြင်းနှင့် ခမ်းနားထည်ဝါခြင်းကို ကိုယ်စားပြုတဲ့ မင်းမျိုးမင်းနွယ်အရောင်တစ်ရောင်အဖြစ် သတ်မှတ်နိုင်ပါတယ်။
ခရမ်းရောင်ကို ကြိုက်သူတွေက တီထွင်ဖန်တီးနိုင်သူ၊ ပညာရှိသူနဲ့ စိတ်ကူးယဥ်ဆန်သူတွေဖြစ်တတ်ကြပါတယ်။
မီးခိုးရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
မီးခိုးရောင်ကတော့ ဂန္ထဝင်ဖြစ်ခြင်းကို ကိုယ်စားပြုနိုင်တဲ့အရောင်တစ်ခုပါ။
မီးခိုးရောင်က ကြော့ရှင်းပြီး အရောင်အများစုနဲ့ တွဲစပ်ရင်လည်း လိုက်ဖက်လွန်းတဲ့အရောင်ပဲဖြစ်ပါတယ်။
နွေးထွေးတဲ့ မီးခိုးရောင်ကို တခြားနွေးထွေးတဲ့အရောင်တစ်ခုခုနဲ့ တွဲစပ်လိုက်ရင် ပိုမိုအသက်ဝင်ပြီး ဆွဲဆောင်မှုရှိစေနိုင်မှာပါ။
မီးခိုးရောင်ကို နှစ်သက်သူတွေက စည်းကမ်းကြီးသူတွေ အများဆုံးဖြစ်နိုင်ပါတယ် ✨
ငွေရောင်
အောင်မြင်မှုဆီ တက်လှမ်းဖို့ အိမ်အရောင်လေးတွေနဲ့ အလှဆင်စို့ 🏠💕
ငွေရောင်ကတော့ ချမ်းသာခြင်းနဲ့ ကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။
ငွေရောင်ခြယ်ပြီး အခန်းအရောင်ကို ပေါ်လွင်စေခြင်းက တန်ဆာဆင်ထားတဲ့ ကြွယ်ဝခြင်းကို ပြသနိုင်တဲ့ဖန်တီးမှုတစ်ခုပါပဲ ✨
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အဖြူ‌ရောင်
အနက်ရောင်
အနီရောင်
အညိုရောင်
လိမ္မော်ရောင်
အဝါရောင်
အစိမ်းရောင်
အပြာရောင်
ပန်းရောင်
ခရမ်းရောင်
မီးခိုးရောင်
ငွေရောင်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)