354 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

[Unicode]

 

နုထွေးအေးမြနေတဲ့ ဆောင်းမနက်ခင်းအောက် ရောင်စုံပန်းများခြယ်သလှပနေတဲ့ ဆင်ဝင်လေးဟာ တစ်နေ့တာကိုအစပြုဖို့ရာ စိတ်အစဉ်ကိုကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ မောပန်းလွန်းလှတဲ့အိမ်ပြန်ချိန်တွေတိုင်းမှာ ပန်းရနံ့တွေထုံသင်းမွှေးပျံ့နေတဲ့ခြံဝင်းလေးက ကိုယ့်ကိုကြိုလင့်နေမယ်ဆိုရင်ကော...။ ကိုယ့်ခြံဝင်းလေးကို ပန်းအလှဆင်နိုင်ဖို့ လွယ်လင့်တကူရှာဖွေစိုက်ပျိုးနိုင်တဲ့ ပန်းနွယ်လေးများကို တင်ဆက်ပေးလိုက်ပါတယ်နော်။


အလှကြွယ်တဲ့ စက္ကူပန်းနွယ်

ဖြူ၊ဝါ၊လိမ္မော်၊ပန်းနု၊ပန်းရင့်၊ပန်းခရမ်း ရောင်စုံဖူးပွင့်ကြတဲ့ စက္ကူပန်းနွယ်လေးတွေဟာ လွယ်လင့်တကူဝယ်ယူစိုက်ပျိုးနိုင်သလို ပွင့်ရွက်ကြွေချိန်ဆိုရင်လည်း မြေပြင်ပေါ်မှာ ကဗျာဆန်ဆန်လှပနေတာမျိုးပါ။ ပန်းစက္ကူတွေဟာ အနံ့မရှိပေမယ့် အမြင်တင့်တယ်လွန်းတဲ့အပြင် အသက်ရှုလမ်းကြောင်းကိုကျန်းမာစေနိုင်ပြီးကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာမို့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပန်းပင်လေးတွေဖြစ်ပါတယ်။ အိမ်အဝင်မှာတင် နွယ်ကျနေတဲ့စက္ကူပန်းနွယ်လေးတွေကို မြင်နေရတာကိုက စိတ်ချမ်းသာစရာပါနော်။ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

 

 


မရိုးနိုင်တဲ့ Climbing Rose

ပန်းတကာ့ပန်းထဲမှာ ဘယ်တော့မှ မရိုးနိုင်တာကတော့ ပန်းနှင်းဆီပါပဲ။ ကိုယ့်အိမ်တံစက်မြိတ်မှာ နှင်းဆီပန်းနွယ်လေးတွေနဲ့ ဝန်းရံထားမယ်ဆိုရင်တော့တစ်နေ့တစ်နေ့ ဓာတ်ပုံလာရိုက်သူတွေမနည်းဖြစ်နေမှာပဲနော်။ ပွင့်အာနေတဲ့ နှင်းဆီပန်းလေးတွေကို ပန်းပဲထိုးထိုး အလှပဲထားထား နှင်းဆီရနံ့လေးတွေ သင်းပျံ့နေမှာပါ။ နှင်းဆီကတော့ လွယ်လင့်တကူဝယ်ယူနိုင် စိုက်ပျိုးနိုင်တဲ့အပင်လေးမို့ အခုပဲ Try ကြည့်လိုက်တော့နော်။

 

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

 

 

 

 


အမြင်ဆန်းလှ ပန်းသစ်ခွ

မြေမှာမပေါက် အပင်ပေါ်မှာပေါက်လို့ ပန်းပျံပင်ဆင့်လို့ တင်စားရတဲ့ ပန်းသစ်ခွတွေဟာ ကမ္ဘာမှာလည်း တန်းဖိုးကြီးအပင်မျိုးစိတ်ဖြစ်ပါတယ်။ အရောင်အမျိုးမျိုးနဲ့ ဆန်းသစ်လှပတဲ့ပွင့်ပုံကြောင့် ကိုယ့်အိမ်ရဲ့ ဝရံတာမှာ၊ ခြံဝင်းပေါ်မှာ အိုးလေးနဲ့စိုက်ပျိုးရင် Luxury ဆန်တဲ့ အိမ်တွင်းပြင်ဆင်မှုတစ်မျိုးဖြစ်စေပါလိမ့်မယ်။ ရနံ့ဆန်း အရောင်ဆန်းတဲ့ပန်းသစ်ခွမျိုးစိတ်တော်တော်များများကို မြန်မာနိုင်ငံမှာဝယ်ယူရရှိနိုင်တာမို့ ခြံဝင်းလေးကိုပြင်ဆင်ဖို့အတွက် ပန်းသစ်ခွဟာလည်း အကောင်းဆုံးရွေးချယ်မှုတစ်မျိုးပါ။

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 


ဆောင်းအဝင်အတွက် စိန်တံခြူ (Yellow Bell)

ဆောင်းအဝင်မှာ တစ်ပင်လုံးဝင်းနေတာတော့ စိန်တံခြူလေးတွေပါပဲ။ ပွင့်တဲ့အခါမှာ ပြွတ်ခဲနေအောင်ပွင့်လွန်းလို့ ပန်းရဲ့အလေးချိန်ကိုမခံနိုင်ပဲ နွယ်လေးလို တွဲလျားကျတတ်ပါတယ်တဲ့။ အပူပိုင်းကော အအေးပိုင်းမှာပါ အလွယ်တကူပေါက်ဖွားပြီးအကြမ်းခံတဲ့ စိန်တံခြူပန်းလေးတွေဟာ ခေါင်းလောင်းဝါလေးအသွင်နဲ့မို့ Yellow Bell လို့လဲ အမည်တွင်ပါသေးတယ်။ အဆုပ်လိုက်ပွင့်တတ်တဲ့စိန်တံခြူလေးတွေဟာ ဆီးချိုနဲ့အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများကို ပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါသေးတယ်။

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 


ခင်လေးဆတ်ဆတ်တုန် ပါတဲ့ ခွာပြာ

ခင်လေးဆတ်ဆတ်တုန်၊ ပျိုလေးဆတ်ဆတ်တုန် ဆိုပြီး အမည်အမျိုးမျိုးရထားတဲ့ ခွာပြာပန်းတွေဟာ မြန်မာနိုင်ငံရဲ့ရာသီဥတုမှာ ကောင်းမွန်စွာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်။ ခွာဖြူ၊ ခွာပြာဆိုသလိုပဲခွာဖြူပန်းများလဲ ရှိသေးပါတယ်တဲ့။ အခိုင်လိုက်ပွင့်တတ်ပြီး နှစ်ရှည်ခံတဲ့ သစ်မာနွယ်ပင်မျိုးစိတ်မို့ အိမ်ရှေ့ဆင်ဝင်မှာစိုက်ထားရုံနဲ့ အပွင့်တွေက အခိုင်လိုက်နွယ်တက်နေမယ့် ပန်းမျိုးမို့ ခြံဝင်းအလှအတွက်စိုက်ပျိုးနိုင်တယ်နော်။

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 

ဆွတ်ပျံ့သင်းမွှေး ခြံဝင်းလေး တစ်ခုဖြစ်ဖို့

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဆြတ္ပ်ံ႕သင္းေမႊး ျခံဝင္းေလး တစ္ခုျဖစ္ဖို႕

 


ႏုေထြးေအးျမေနတဲ့ ေဆာင္းမနက္ခင္းေအာက္ ေရာင္စုံပန္းမ်ားျခယ္သလွပေနတဲ့ ဆင္ဝင္ေလးဟာ တစ္ေန႔တာကိုအစျပဳဖို႔ရာ စိတ္အစဥ္ကိုၾကည္လင္လန္းဆန္းေစႏိုင္ပါတယ္။ ေမာပန္းလြန္းလွတဲ့အိမ္ျပန္ခ်ိန္ေတြတိုင္းမွာ ပန္းရနံ႔ေတြထုံသင္းေမႊးပ်ံ႕ေနတဲ့ျခံဝင္းေလးက ကိုယ့္ကိုႀကိဳလင့္ေနမယ္ဆိုရင္ေကာ...။ ကိုယ့္ျခံဝင္းေလးကို ပန္းအလွဆင္ႏိုင္ဖို႔ လြယ္လင့္တကူ႐ွာေဖြစိုက္ပ်ိဳးႏိုင္တဲ့ ပန္းႏြယ္ေလးမ်ားကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။


အလွႂကြယ္တဲ့ စကၠဴပန္းႏြယ္

ျဖဴ၊ဝါ၊လိေမၼာ္၊ပန္းႏု၊ပန္းရင့္၊ပန္းခရမ္း ေရာင္စုံဖူးပြင့္ၾကတဲ့ စကၠဴပန္းႏြယ္ေလးေတြဟာ လြယ္လင့္တကူဝယ္ယူစိုက္ပ်ိဳးႏိုင္သလို ပြင့္႐ြက္ေႂကြခ်ိန္ဆိုရင္လည္း ေျမျပင္ေပၚမွာ ကဗ်ာဆန္ဆန္လွပေနတာမ်ိဳးပါ။ ပန္းစကၠဴေတြဟာ အနံ႔မ႐ွိေပမယ့္ အျမင္တင့္တယ္လြန္းတဲ့အျပင္ အသက္႐ႈလမ္းေၾကာင္းကိုက်န္းမာေစႏိုင္ၿပီးကိုယ္တြင္းအဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးႏိုင္တာမို႔ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ ပန္းပင္ေလးေတြျဖစ္ပါတယ္။ အိမ္အဝင္မွာတင္ ႏြယ္က်ေနတဲ့စကၠဴပန္းႏြယ္ေလးေတြကို ျမင္ေနရတာကိုက စိတ္ခ်မ္းသာစရာပါေနာ္။


မ႐ိုးႏိုင္တဲ့ Climbing Rose

ပန္းတကာ့ပန္းထဲမွာ ဘယ္ေတာ့မွ မ႐ိုးႏိုင္တာကေတာ့ ပန္းႏွင္းဆီပါပဲ။ ကိုယ့္အိမ္တံစက္ၿမိတ္မွာ ႏွင္းဆီပန္းႏြယ္ေလးေတြနဲ႔ ဝန္းရံထားမယ္ဆိုရင္ေတာ့တစ္ေန႔တစ္ေန႔ ဓာတ္ပုံလာ႐ိုက္သူေတြမနည္းျဖစ္ေနမွာပဲေနာ္။ ပြင့္အာေနတဲ့ ႏွင္းဆီပန္းေလးေတြကို ပန္းပဲထိုးထိုးအလွပဲထားထား ႏွင္းဆီရနံ႔ေလးေတြ သင္းပ်ံ႕ေနမွာပါ။ ႏွင္းဆီကေတာ့ လြယ္လင့္တကူဝယ္ယူႏိုင္ စိုက္ပ်ိဳးႏိုင္တဲ့အပင္ေလးမို႔ အခုပဲ Try ၾကည့္လိုက္ေတာ့ေနာ္။


အျမင္ဆန္းလွ ပန္းသစ္ခြ

ေျမမွာမေပါက္ အပင္ေပၚမွာေပါက္လို႔ ပန္းပ်ံပင္ဆင့္လို႔ တင္စားရတဲ့ ပန္းသစ္ခြေတြဟာ ကမ႓ာမွာလည္း တန္းဖိုးႀကီးအပင္မ်ိဳးစိတ္ျဖစ္ပါတယ္။ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ဆန္းသစ္လွပတဲ့ပြင့္ပုံေၾကာင့္ ကိုယ့္အိမ္ရဲ႕ ဝရံတာမွာ၊ ျခံဝင္းေပၚမွာ အိုးေလးနဲ႔စိုက္ပ်ိဳးရင္ Luxury ဆန္တဲ့ အိမ္တြင္းျပင္ဆင္မႈတစ္မ်ိဳးျဖစ္ေစပါလိမ့္မယ္။ ရနံ႔ဆန္း အေရာင္ဆန္းတဲ့ပန္းသစ္ခြမ်ိဳးစိတ္ေတာ္ေတာ္မ်ားမ်ားကို ျမန္မာႏိုင္ငံမွာဝယ္ယူရ႐ွိႏိုင္တာမို႔ ျခံဝင္းေလးကိုျပင္ဆင္ဖို႔အတြက္ ပန္းသစ္ခြဟာလည္း အေကာင္းဆုံးေ႐ြးခ်ယ္မႈတစ္မ်ိဳးပါ။


ေဆာင္းအဝင္အတြက္ စိန္တံျခဴ (Yellow Bell)

ေဆာင္းအဝင္မွာ တစ္ပင္လုံးဝင္းေနတာေတာ့ စိန္တံျခဴေလးေတြပါပဲ။ ပြင့္တဲ့အခါမွာ ႁပြတ္ခဲေနေအာင္ပြင့္လြန္းလို႔ ပန္းရဲ႕အေလးခ်ိန္ကိုမခံႏိုင္ပဲ ႏြယ္ေလးလို တြဲလ်ားက်တတ္ပါတယ္တဲ့။ အပူပိုင္းေကာ အေအးပိုင္းမွာပါ အလြယ္တကူေပါက္ဖြားၿပီးအၾကမ္းခံတဲ့ စိန္တံျခဴပန္းေလးေတြဟာ ေခါင္းေလာင္းဝါေလးအသြင္နဲ႔မို႔ Yellow Bell လို႔လဲ အမည္တြင္ပါေသးတယ္။ အဆုပ္လိုက္ပြင့္တတ္တဲ့စိန္တံျခဴေလးေတြဟာ ဆီးခ်ိဳနဲ႔အစာေျခလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္တဲ့ ေဆးတစ္မ်ိဳးျဖစ္ပါေသးတယ္။


ခင္ေလးဆတ္ဆတ္တုန္ ပါတဲ့ ခြာျပာ

ခင္ေလးဆတ္ဆတ္တုန္၊ ပ်ိဳေလးဆတ္ဆတ္တုန္ ဆိုၿပီး အမည္အမ်ိဳးမ်ိဳးရထားတဲ့ ခြာျပာပန္းေတြဟာ ျမန္မာႏိုင္ငံရဲ႕ရာသီဥတုမွာ ေကာင္းမြန္စြာ ႐ွင္သန္ေပါက္ဖြားႏိုင္ပါတယ္။ ခြာျဖဴ၊ ခြာျပာဆိုသလိုပဲခြာျဖဴပန္းမ်ားလဲ ႐ွိေသးပါတယ္တဲ့။ အခိုင္လိုက္ပြင့္တတ္ၿပီး ႏွစ္႐ွည္ခံတဲ့ သစ္မာႏြယ္ပင္မ်ိဳးစိတ္မို႔ အိမ္ေ႐ွ႕ဆင္ဝင္မွာစိုက္ထား႐ုံနဲ႔ အပြင့္ေတြက အခိုင္လိုက္ႏြယ္တက္ေနမယ့္ ပန္းမ်ိဳးမို႔ ျခံဝင္းအလွအတြက္စိုက္ပ်ိဳးႏိုင္တယ္ေနာ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)