504 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း


[Unicode]

ဆန့်ကျင်ဘက်အရာတွေကသိပ်ဆန်းကြယ်ပါတယ်။ဒီဇိုင်းပိုင်းမှာဆိုရင် တစ်ခါတရံဆန့်ကျင်ဘက်အရာတွေပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အိမ်ကိုတောက်ပြောင်ပြီးကျက်သရေရှိနေချင်တဲ့အိမ်ပိုင်ရှင်တွေအတွက်တော့ ထိတ်လန့်စရာပါ။

ဒါပေမဲ့ အရောင်ကွဲတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ မှန်မှန်ကန်ကန်အသုံးချမယ်ဆိုရင် ကျက်သရေရှိပြီးလှပတဲ့နေရာတစ်ခုဖန်တီးတဲ့နေရာမှာအရောင်ကွဲ တွေကအဓိကကျလာပါလိမ့်မယ်။ အရောင်အရမ်းဖျော့နေတာ၊အရမ်းအရောင်ရင့်နေတာဒါမှမဟုတ် ပြောင်တလင်းခါနေတာမျိုးဆိုရင် အရောင်ကွဲတွေကိုအသုံးပြုနိုင်ပါတယ်။ အရောင်ကွဲတွေကိုအသုံးပြုဖို့နည်းလမ်းတွေအများကြီးရှိပေမယ့် ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ အရောင်ဖျော့တွေကိုအရောင်ရင့်တွေနဲ့တွဲဖက်ပေးခြင်းပါ။ဒီအရောင်ကွဲတွေကဘယ်လောက်တောင်လိုက်ဖက်ညီသလဲဆိုတာသင်ကိုယ်တိုင်တောင် အံ့ဩသွားပါလိမ့်မယ်။

သစ်သားရောင်နဲ့အပြာရောင်

စိတ်ကူးယဉ်ဆန်တဲ့အိပ်ခန်းလေးတစ်ခုဖန်တီးဖို့ သမားရိုးကျပရိဘောဂတွေအသုံးပြုပါ။တိုင်လေးတိုင်နဲ့နှစ်ယောက်အိပ်သစ်သားကုတင်ကြီးက ဂန္ထဝင်ဆန်တဲ့အသွင်အပြင်ကို ဖန်တီးပေးပါလိမ့်မယ်။သစ်သားရောင်ရဲ့နွေးထွေးမှုကရေခဲပြာရောင်နံရံနဲ့တွဲဖက်လိုက်တဲ့အခါမှ ပိုပြီးမဟာဆန်လာတာပါ။နေထိုးတဲ့အခန်း(ဥပမာ-တောင်ဘက်ကိုမျက်နှာမူထားတဲ့အခန်း)ထဲမှာအပြာရောင်ကြောင့် အေးမြပြီးလန်းဆန်းတဲ့အသွင်အပြင်ဖြစ်ပေါ်စေပါလိမ့်မယ်။ပိုပြီးထူးခြားချင်တယ်ဆိုရင် အရောင်ရဲရဲ၊အကွက်ဆင်ကြီးကြီးနဲ့စောင်တွေကိုအသုံးပြုပါ။အားလုံးပြီးသွားရင်တလက်လက်တောင်တောက်ပသွားနိုင်ပါတယ်။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

အညိုရောင်ဗီရိုများနှင့်အဖြူရောင်စားပွဲများ

မီးဖိုချောင်ထဲမှာအဖြူရောင်အသုံးပြုတာဒီနေ့ခေတ်မှာအရမ်းခေတ်စားပါတယ်။ပေါ့ပါးတဲ့အသွင်အပြင်နဲ့ လေဝင်လေထွက်ကောင်းမွန်စေပေမယ့် အိမ်ပိုင်ရှင်အများစုကတော့ ပိုပြီးဇိမ်ကျတဲ့မီးဖိုချောင်တစ်ခုကိုသာဖန်တီးချင်ကြပါတယ်။နည်းလမ်းကတော့အရောင်အနုနဲ့အရင့်ကို မျှတအောင်အသုံးပြုဖို့ပါ။မီးဖိုချောင်ထဲမှာဆိုရင် အဖြူရောင်စားပွဲတွေကိုအညိုရောင်ရင့်ရင့်ဗီရိုတွေနဲ့တွဲထားလို့ရပါတယ်။တည်ငြိမ်ပြီး နွေးထွေးတဲ့ခံစား ချက်မျိုးရရှိနိုင်ဖို့ အဝါရောင်အုတ်နံရံနောက်ခံမှာ မီးချောင်းများများထွန်းထားပေးပါ။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

တောက်ပတဲ့အရောင်တစ်ရောင်တည်းကိုသုံးပါ

တည်ငြိမ်အေးချမ်းပါတယ်ဆိုတဲ့နေရာတွေမှာတောင် အရောင်ကွဲနှစ်ခုပေါင်းစပ်မှုကဆန့်ကျင်ဘက်အလှကိုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့ အရောင်တွေကို နှစ်သက်သူဆိုရင်တောင် အလွန်အကျွံဖြစ်သွားမှာကြောက်တဲ့စိတ်နဲ့ အရောင်တွေကိုရောနှောအသုံးပြုဖို့ တွန့်ဆုတ်နေတတ်ပါ တယ်။ဒါဆိုရင် တောက်ပတဲ့အရောင်တစ်ခုတည်းကိုအခန်းထဲမှာညီညီမျှမျှအသုံးပြုပေးပါ။အရောင်အတွက် စိတ်ကျေနပ်မှုရနိုင်သလိုအခန်းကလည်း ပိုပြီးသေသပ်လှပသွားပါလိမ့်မယ်။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

အရောင်ကွဲနှစ်ထပ်အသုံးပြုခြင်း

အရောင်ကွဲကိုနှစ်ထပ်အသုံးပြုတဲ့အခါ လှပမှုကလည်းနှစ်ဆဖြစ်လာပါလိမ့်မယ်။ဒီဧည့်ခန်းမှာဆိုရင် ထိုင်ခုံနှစ်လုံးမှာတစ်ခန်းလုံးကအရောင် ကွဲတွေ လာပြီးထင်ဟပ်နေပါတယ်။နံရံက နို့နှစ်အဖြူရောင်နဲ့ကြမ်းပြင်ကအက်စ်ပရက်ဆိုကော်ဖီရောင်ကိုထိုင်ခုံရဲ့ကိုယ်ထည်နဲ့ဘောင်တွေမှာ ထပ်ပြီးအသုံးပြုပေးထားပါတယ်။အခန်းအပြင်အဆင်ဒီဇိုင်းကိုပိုပြီးလင်းလက်သွားစေသလိုစွဲမက်စရာကောင်းတဲ့ထိုင်ခုံနှစ်လုံးလည်း ဖြစ်ပေါ်လာ စေပါတယ်။

သစ်သားရောင်နဲ့အဝါဖျော့ရောင်

အဝါဖျော့ရောင်က ထမင်းစားခန်းမှာအသုံးပြုလို့ကောင်းတဲ့အရောင်တွေထဲကတစ်ခုပါ။အဝါရောင်ဆိုရင် အရမ်းဖျော့တဲ့အဝါရောင်ကတောင် နွေးထွေးတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။သစ်သားပရိဘောဂတွေထဲကရွှေရောင်အရောင်အသွေးကိုမီးမောင်းထိုးပေးနိုင်တဲ့အရောင်လည်း ဖြစ်ပါတယ်။ဒီလိုအရောင်ဖျော့နဲ့အရောင်ရင့်တွဲဖက်ခြင်းကြောင့် စားသောက်ထားတဲ့ပန်းကန်တွေသိမ်းပြီးတဲ့နောက်မှာတောင် မိသားစုတွေနဲ့မိတ်ဆွေသူ ငယ်ချင်းတွေ ထိုင်စကားပြောနေချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်တဲ့ထမင်းစားခန်းဖြစ်နေပါလိမ့်မယ်။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

မီးခိုးရောင်အဖျော့နဲ့ကြေးနီရောင်ရင့်ရင့်

ခပ်ဖျော့ဖျော့မီးခိုးရောင်ဆေးသုတ်ထားတဲ့ရေချိုးခန်းကအနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ ခေတ်မီရေချိုးခန်းကနေ ဂန္ထဝင်ဆန်တဲ့ရေချိုးခန်းအသွင်ပြောင်းလဲလို့ရလောက်အောင် ဘက်စုံအသုံးဝင်ပါတယ်။ဂန္ထဝင်ဆန်တဲ့ရေချိုးခန်းအတွက် ပြောင်လက်နေတဲ့ကြေးနီရောင်ရင့်ရင့်ဘုံပိုင်ခေါင်း၊ရေပန်း၊ကုန်မာပစ္စည်းတွေနဲ့အရံအသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ပါ။အရောင်ဖျော့တဲ့နောက်ခံမှာအရောင်ရင့်တဲ့ဒီပစ္စည်းတွေကပေါ်လွင်နေပါလိမ့် မယ်။ရေချိုးခန်းကရှေးဆန်တဲ့အသွင်အပြင်ကိုချက်ချင်းပြောင်းလဲသွားစေမှာပါ။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

အရောင်အသွေးနှစ်မျိုးရောစပ်ခြင်း

ဒီဇိုင်းတစ်ခုထဲမှာမတူညီတဲ့အသွင်အပြင်နှစ်မျိုးထည့်သွင်းအသုံးပြုတဲ့နည်းနဲ့နေရာတစ်ခုတည်းမှာအရောင်အသွေးနှစ်မျိုးကိုရောစပ်နိုင်ပါတယ်။အခန်းရဲ့သဟဇာတဖြစ်နေပြီးသားအပြင်အဆင်ကိုထပ်ပြောင်းမနေတော့ဘဲဗီရိုတချို့ကိုချောကကလက်အညိုရောင်သုတ်ပြီးကျန်တဲ့ဖြည့်စွက်

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း

နေရာလေးတွေကိုအဖြူရောင်သုတ်ပေးပါ။ လှေကားထစ်မှာ ပြတင်းပေါက်ရှိတယ်ဆိုရင် သဘာဝအလင်းရောင်များများဝင်ပါစေ။ဒီနေရာမှာ အရောင်တွေကိုထည့်စဉ်းစားမနေတော့ဘဲ နံရံမှာဆေးအဖြူရောင်သာလိုက်ထပ်လိုက်ပါ။လှေကားထစ်လေးတွေမှာအရောင်နှစ်မျိုးအသုံးပြုပေးမယ်ဆိုရင် ပိုပြီးလှပသွားပါလိမ့်မယ်။လှေကားထစ် နံရံလေးတွေကိုအဖြူရောင်သုတ်ပြီးလှေကားထစ်မျက်နှာပြင်ကိုအက်စပက်ဆိုကော်ဖီရောင်သုတ်ပါ။လှေကားတစ်ထစ်ပြီးတစ်ထစ် အရောင်ကွဲနှစ်ခု ပေါင်းစပ်မှုကကြော့မော့လှပနေပါလိမ့်မယ်။

အရောင်ကွဲများနှင့် အလှအပပုံဖော်ဖန်တီးခြင်း
Credit: mm-homedecor

 

 

[Zawgyi]

အေရာင္ကြဲမ်ားႏွင့္ အလွအပပုံေဖာ္ဖန္တီးျခင္း


ဆန္႔က်င္ဘက္အရာေတြကသိပ္ဆန္းၾကယ္ပါတယ္။ဒီဇိုင္းပိုင္းမွာဆိုရင္ တစ္ခါတရံဆန္႔က်င္ဘက္အရာေတြေပါင္းစပ္လိုက္တဲ့အခါ ထူးျခားတဲ့အက်ိဳးသက္ေရာက္မႈေတြျဖစ္ေပၚေစႏိုင္ပါတယ္။အိမ္ကိုေတာက္ေျပာင္ၿပီးက်က္သေရ႐ွိေနခ်င္တဲ့အိမ္ပိုင္႐ွင္ေတြအတြက္ေတာ့ ထိတ္လန္႔စရာပါ။

ဒါေပမဲ့ အေရာင္ကြဲေတြကိုရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ မွန္မွန္ကန္ကန္အသုံးခ်မယ္ဆိုရင္ က်က္သေရ႐ွိၿပီးလွပတဲ့ေနရာတစ္ခုဖန္တီးတဲ့ေနရာမွာအေရာင္ကြဲ ေတြကအဓိကက်လာပါလိမ့္မယ္။ အေရာင္အရမ္းေဖ်ာ့ေနတာ၊အရမ္းအေရာင္ရင့္ေနတာဒါမွမဟုတ္ ေျပာင္တလင္းခါေနတာမ်ိဳးဆိုရင္ အေရာင္ကြဲေတြကိုအသုံးျပဳႏိုင္ပါတယ္။ အေရာင္ကြဲေတြကိုအသုံးျပဳဖို႔နည္းလမ္းေတြအမ်ားႀကီး႐ွိေပမယ့္ ႐ိုး႐ွင္းတဲ့နည္းလမ္းတစ္ခုကေတာ့ အေရာင္ေဖ်ာ့ေတြကိုအေရာင္ရင့္ေတြနဲ႔တြဲဖက္ေပးျခင္းပါ။ဒီအေရာင္ကြဲေတြကဘယ္ေလာက္ေတာင္လိုက္ဖက္ညီသလဲဆိုတာသင္ကိုယ္တိုင္ေတာင္ အံ့ဩသြားပါလိမ့္မယ္။

သစ္သားေရာင္နဲ႔အျပာေရာင္

စိတ္ကူးယဥ္ဆန္တဲ့အိပ္ခန္းေလးတစ္ခုဖန္တီးဖို႔ သမား႐ိုးက်ပရိေဘာဂေတြအသုံးျပဳပါ။တိုင္ေလးတိုင္နဲ႔ႏွစ္ေယာက္အိပ္သစ္သားကုတင္ႀကီးက ဂႏၴဝင္ဆန္တဲ့အသြင္အျပင္ကို ဖန္တီးေပးပါလိမ့္မယ္။သစ္သားေရာင္ရဲ႕ေႏြးေထြးမႈကေရခဲျပာေရာင္နံရံနဲ႔တြဲဖက္လိုက္တဲ့အခါမွ ပိုၿပီးမဟာဆန္လာတာပါ။ေနထိုးတဲ့အခန္း(ဥပမာ-ေတာင္ဘက္ကိုမ်က္ႏွာမူထားတဲ့အခန္း)ထဲမွာအျပာေရာင္ေၾကာင့္ ေအးျမၿပီးလန္းဆန္းတဲ့အသြင္အျပင္ျဖစ္ေပၚေစပါလိမ့္မယ္။ပိုၿပီးထူးျခားခ်င္တယ္ဆိုရင္ အေရာင္ရဲရဲ၊အကြက္ဆင္ႀကီးႀကီးနဲ႔ေစာင္ေတြကိုအသုံးျပဳပါ။အားလုံးၿပီးသြားရင္တလက္လက္ေတာင္ေတာက္ပသြားႏိုင္ပါတယ္။

အညိဳေရာင္ဗီ႐ိုမ်ားႏွင့္အျဖဴေရာင္စားပြဲမ်ား

မီးဖိုေခ်ာင္ထဲမွာအျဖဴေရာင္အသုံးျပဳတာဒီေန႔ေခတ္မွာအရမ္းေခတ္စားပါတယ္။ေပါ့ပါးတဲ့အသြင္အျပင္နဲ႔ ေလဝင္ေလထြက္ေကာင္းမြန္ေစေပမယ့္ အိမ္ပိုင္႐ွင္အမ်ားစုကေတာ့ ပိုၿပီးဇိမ္က်တဲ့မီးဖိုေခ်ာင္တစ္ခုကိုသာဖန္တီးခ်င္ၾကပါတယ္။နည္းလမ္းကေတာ့အေရာင္အႏုနဲ႔အရင့္ကို မွ်တေအာင္အသုံးျပဳဖို႔ပါ။မီးဖိုေခ်ာင္ထဲမွာဆိုရင္ အျဖဴေရာင္စားပြဲေတြကိုအညိဳေရာင္ရင့္ရင့္ဗီ႐ိုေတြနဲ႔တြဲထားလို႔ရပါတယ္။တည္ၿငိမ္ၿပီး ေႏြးေထြးတဲ့ခံစား ခ်က္မ်ိဳးရ႐ွိႏိုင္ဖို႔ အဝါေရာင္အုတ္နံရံေနာက္ခံမွာ မီးေခ်ာင္းမ်ားမ်ားထြန္းထားေပးပါ။

ေတာက္ပတဲ့အေရာင္တစ္ေရာင္တည္းကိုသုံးပါ

တည္ၿငိမ္ေအးခ်မ္းပါတယ္ဆိုတဲ့ေနရာေတြမွာေတာင္ အေရာင္ကြဲႏွစ္ခုေပါင္းစပ္မႈကဆန္႔က်င္ဘက္အလွကိုေပးစြမ္းႏိုင္ပါတယ္။ဒါေပမဲ့ အေရာင္ေတြကို ႏွစ္သက္သူဆိုရင္ေတာင္ အလြန္အကြၽံျဖစ္သြားမွာေၾကာက္တဲ့စိတ္နဲ႔ အေရာင္ေတြကိုေရာေႏွာအသုံးျပဳဖို႔ တြန္႔ဆုတ္ေနတတ္ပါ တယ္။ဒါဆိုရင္ ေတာက္ပတဲ့အေရာင္တစ္ခုတည္းကိုအခန္းထဲမွာညီညီမွ်မွ်အသုံးျပဳေပးပါ။အေရာင္အတြက္ စိတ္ေက်နပ္မႈရႏိုင္သလိုအခန္းကလည္း ပိုၿပီးေသသပ္လွပသြားပါလိမ့္မယ္။

အေရာင္ကြဲႏွစ္ထပ္အသုံးျပဳျခင္း

အေရာင္ကြဲကိုႏွစ္ထပ္အသုံးျပဳတဲ့အခါ လွပမႈကလည္းႏွစ္ဆျဖစ္လာပါလိမ့္မယ္။ဒီဧည့္ခန္းမွာဆိုရင္ ထိုင္ခုံႏွစ္လုံးမွာတစ္ခန္းလုံးကအေရာင္ ကြဲေတြ လာၿပီးထင္ဟပ္ေနပါတယ္။နံရံက ႏို႔ႏွစ္အျဖဴေရာင္နဲ႔ၾကမ္းျပင္ကအက္စ္ပရက္ဆိုေကာ္ဖီေရာင္ကိုထိုင္ခုံရဲ႕ကိုယ္ထည္နဲ႔ေဘာင္ေတြမွာ ထပ္ၿပီးအသုံးျပဳေပးထားပါတယ္။အခန္းအျပင္အဆင္ဒီဇိုင္းကိုပိုၿပီးလင္းလက္သြားေစသလိုစြဲမက္စရာေကာင္းတဲ့ထိုင္ခုံႏွစ္လုံးလည္း ျဖစ္ေပၚလာ ေစပါတယ္။

သစ္သားေရာင္နဲ႔အဝါေဖ်ာ့ေရာင္

အဝါေဖ်ာ့ေရာင္က ထမင္းစားခန္းမွာအသုံးျပဳလို႔ေကာင္းတဲ့အေရာင္ေတြထဲကတစ္ခုပါ။အဝါေရာင္ဆိုရင္ အရမ္းေဖ်ာ့တဲ့အဝါေရာင္ကေတာင္ ေႏြးေထြးတဲ့ခံစားခ်က္ကိုေပးစြမ္းႏိုင္ပါတယ္။သစ္သားပရိေဘာဂေတြထဲကေ႐ႊေရာင္အေရာင္အေသြးကိုမီးေမာင္းထိုးေပးႏိုင္တဲ့အေရာင္လည္း ျဖစ္ပါတယ္။ဒီလိုအေရာင္ေဖ်ာ့နဲ႔အေရာင္ရင့္တြဲဖက္ျခင္းေၾကာင့္ စားေသာက္ထားတဲ့ပန္းကန္ေတြသိမ္းၿပီးတဲ့ေနာက္မွာေတာင္ မိသားစုေတြနဲ႔မိတ္ေဆြသူ ငယ္ခ်င္းေတြ ထိုင္စကားေျပာေနခ်င္စိတ္ေပါက္ေအာင္ ဆြဲေဆာင္ႏိုင္တဲ့ထမင္းစားခန္းျဖစ္ေနပါလိမ့္မယ္။

မီးခိုးေရာင္အေဖ်ာ့နဲ႔ေၾကးနီေရာင္ရင့္ရင့္

ခပ္ေဖ်ာ့ေဖ်ာ့မီးခိုးေရာင္ေဆးသုတ္ထားတဲ့ေရခ်ိဳးခန္းကအနည္းငယ္ေျပာင္းလဲလိုက္႐ုံနဲ႔ ေခတ္မီေရခ်ိဳးခန္းကေန ဂႏၴဝင္ဆန္တဲ့ေရခ်ိဳးခန္းအသြင္ေျပာင္းလဲလို႔ရေလာက္ေအာင္ ဘက္စုံအသုံးဝင္ပါတယ္။ဂႏၴဝင္ဆန္တဲ့ေရခ်ိဳးခန္းအတြက္ ေျပာင္လက္ေနတဲ့ေၾကးနီေရာင္ရင့္ရင့္ဘုံပိုင္ေခါင္း၊

ေရပန္း၊ကုန္မာပစၥည္းေတြနဲ႔အရံအသုံးအေဆာင္ပစၥည္းေတြ တပ္ဆင္ပါ။အေရာင္ေဖ်ာ့တဲ့ေနာက္ခံမွာအေရာင္ရင့္တဲ့ဒီပစၥည္းေတြကေပၚလြင္ေနပါလိမ့္ မယ္။ေရခ်ိဳးခန္းကေ႐ွးဆန္တဲ့အသြင္အျပင္ကိုခ်က္ခ်င္းေျပာင္းလဲသြားေစမွာပါ။

အေရာင္အေသြးႏွစ္မ်ိဳးေရာစပ္ျခင္း

ဒီဇိုင္းတစ္ခုထဲမွာမတူညီတဲ့အသြင္အျပင္ႏွစ္မ်ိဳးထည့္သြင္းအသုံးျပဳတဲ့နည္းနဲ႔ေနရာတစ္ခုတည္းမွာအေရာင္အေသြးႏွစ္မ်ိဳးကိုေရာစပ္ႏိုင္ပါတယ္။အခန္းရဲ႕သဟဇာတျဖစ္ေနၿပီးသားအျပင္အဆင္ကိုထပ္ေျပာင္းမေနေတာ့ဘဲဗီ႐ိုတခ်ိဳ႕ကိုေခ်ာကကလက္အညိဳေရာင္သုတ္ၿပီးက်န္တဲ့ျဖည့္စြက္

ေနရာေလးေတြကိုအျဖဴေရာင္သုတ္ေပးပါ။ ေလွကားထစ္မွာ ျပတင္းေပါက္႐ွိတယ္ဆိုရင္ သဘာဝအလင္းေရာင္မ်ားမ်ားဝင္ပါေစ။ဒီေနရာမွာ အေရာင္ေတြကိုထည့္စဥ္းစားမေနေတာ့ဘဲ နံရံမွာေဆးအျဖဴေရာင္သာလိုက္ထပ္လိုက္ပါ။ေလွကားထစ္ေလးေတြမွာအေရာင္ႏွစ္မ်ိဳးအသုံးျပဳေပးမယ္ဆိုရင္ ပိုၿပီးလွပသြားပါလိမ့္မယ္။ေလွကားထစ္ နံရံေလးေတြကိုအျဖဴေရာင္သုတ္ၿပီးေလွကားထစ္မ်က္ႏွာျပင္ကိုအက္စပက္ဆိုေကာ္ဖီေရာင္သုတ္ပါ။ေလွကားတစ္ထစ္ၿပီးတစ္ထစ္ အေရာင္ကြဲႏွစ္ခု ေပါင္းစပ္မႈကေၾကာ့ေမာ့လွပေနပါလိမ့္မယ္။


Credit: mm-homedecor

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)