1145 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

[Unicode]

ဒီတစ်ခါတော့ စာဖတ်ပရိတ်သတ်တွေအတွက် ကိုယ့်မိသားစုထဲမှာရှိ တဲ့ သားသားမီးမီးလေးတွေကို အကောင်းဆုံး လက်ဆောင်တစ်ခု ပေးလို့ရနိုင်မယ့် နည်းလမ်းလေးဖော်ပြပေးချင်ပါတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ခြံဝင်းလေးထဲမှာ သားသားမီးမီးလေးတို့အတွက် ချစ်စရာကောင်းတဲ့ ဒန်းလေးတွေကိုယ်တိုင် ဖန်တီးပုံဖော်လို့ရနိုင်တဲ့ စိတ်ကူးလေးတွေကို ဖော်ပြလိုက်ပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

ထူးခြားပြီး ချစ်စရာလည်းကောင်းသလို လုပ်ပုံလုပ်နည်းစိတ်ကူးလေးကလည်း လွယ်ကူပြီး ထူးထူးခြားခြားဖြစ်နေတာကြောင့် ကလေးငယ်လေးတွေ တကယ်ပဲသဘောကျနှစ်ခြိုက်ကျမှာ အသေအချာပါပဲ။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

၁။ ပုံမှန်အားဖြင့် ကလေးငယ်လေးတွေ စီးလို့ရတဲ့ ပုခက်လေးတွေ လုပ်တဲ့ ကုန်ကြမ်းထည် အနေနဲ့ သစ်သား၊ သံ၊ ပိုက်၊ ချည်ထည်၊ စသဖြင့် အရာတွေနဲ့ ပြုလုပ်တတ်ကြပါတယ်။ ဒီနေရာမှာ ကုန်ကြမ်း အရာဝတ္ထုအပေါ်လိုက်ပြီး ပုခက်ဒီဇိုင်းနဲ့ ခိုင်ခိုင်ခံ့ခံ့တည်ဆောက်နိုင်မှုက ကွဲပြားပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

စီးမယ့်ကလေးရဲ့ ကိုယ်အလေးချိန်ကို ခံနိုင်ရည်ရှိမယ့် ကြိုး၊ အခင်း၊ ပုခက်ဆင်မယ့် အဓိကအမှီအထောက်အပံ့ကို ကောင်းကောင်းရွေးချယ်သင့်ပါတယ်။ အရေးကြီးတာ တစ်ချက်ကတော့ ကလေးငယ်လေးတွေအတွက် လုံခြုံမှုနဲ့အန္တရာယ်ကင်းမှုပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်မို့ အသေအချာတိတိကျကျ ဆောက်လုပ်သင့်တယ်လို့တော့ အကြံပေးချင်ပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

၂။ လသားနဲ့ တစ်နှစ်သားကလေးငယ်လေးတွေ စီးဖို့ အတွက်ကို တော့ သိပ်ကြီးကြီးမားမားကြီး ပြုလုပ်စရာမလိုပါဘူး။ ဖျင်ထည်ရွက် တစ်ခုကုလေးဖက်လေးတန် ဝါးလိုငယ်လျိုထိုးပြီး တစ်ဖက်မှာ ကလေးငယ်လေး ခြေချောင်းချစရာ နေရာချန်လှပ်ထားလိုက်ပါ။ ပြီးအဲ့ဒီ ဖျင်အရွက်ကို အပေါ်ကကြိုးလေးချောင်းတက်ပြီး ဆိုင်းတွဲမယ့် အမှီမှာချိတ်ဆွဲလိုက်ရင် ကလေးငယ်စီးလို့ရမယ့် ပုခက်လေးတစ်ခု ဖြစ်သွားပါပြီ။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

၃။ နောက် နည်းနည်းအသက်ကြီးတဲ့ ကလေးငယ်လေးတွေအတွက် ပုခက်လုပ်ပေးမယ်ဆိုရင်တော့ နေရာအကျယ်ကျယ်ဆန်တဲ့အောက် ခံကို ပြုလုပ်ဖို့လိုပါတယ်။ ဖျင်ပဲဖြစ်ဖြစ်၊ သစ်သားပဲ ဖြစ်ဖြစ်၊ သံထည်ပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

ထူထည်တဲ့ ပိတ်စထည်နဲ့ ပြုလုပ်ထားတဲ့ ဒီပုခက်ကိုတော့ ကလေးတွေကြိုက်နှစ်သက်မှာ သေချာပါတယ်။ ပိတ်စကိုလက်ဆွဲအိတ်တစ်လုံးလို ပုံစံမျိုး ဖန်တီးထား ပြီး အပေါ်ဘက်က ခိုင်ခံ့တဲ့ထုတ်တန်းလိုအရာမျိုးနဲ့ ချိတ်ဆွဲထား ရပါမယ်။ နူးညံ့တဲ့ အောက်ခြေအခင်းတွေစီးရတာ သက်သောင့်သက်သာရှိပြီး အန္တရာယ်လည်းကင်းနိုင်ပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

၄။ ကလေးငယ်လေးတွေ စီးရုံတင်မဟုတ်ပဲ ချော့သိပ်လို့ရနိုင်မယ့် အိပ်ယာလိုမျိုး ခပ်ကြီးကြီး ပုခက်၊ ဒန်းလေးတွေလည်း ပြုလုပ်လို့ရ နိုင်ပါတယ်။ သစ်သားခပ်ကြီးကြီးတွေ၊ ဒါမှမဟုတ် ဖျင်ပိတ်စကြီးကြီးတွေ အသုံးပြုရပါမယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

ကလေးငယ်လှဲအိပ်လို့ရလောက်တဲ့အကျယ် အဝန်းနဲ့ အခင်းဆောက်ပြီး အပေါ်က မွေ့ယာတို့၊ ခေါင်းအုံးတို့စသ ဖြင့် ကြိုက်နှစ်သက်ရာ တင်ထားနိုင်ပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

ဒီနေရာမှာ အဓိကသတိပေးချင်တာကတော့ တွဲချိတ်မယ့် ကြိုးကို ခိုင်ခိုင်ခံ့ခံ့နဲ့ အပေါ်က ဆိုင်းပေးမယ့်အရာကိုလည်း ခိုင်ခံ့အောင် ပြုလုပ်ပေးဖို့ အရေးကြီးပါ တယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

၅။ နောက်ပြီး ပိုက်ကွန်လေးတွေနဲ့ တစ်ယောက်စာ ဒန်းလေးတွေ လုပ်လာတာကိုလည်း တွေ့ရပါတယ်။ အရင်ကလို ဟိုဘက်ဒီဘက် တစ်ခြမ်းစီ ချည်သိုင်းတာမျိုး မဟုတ်တော့ပဲ တစ်ကြိုးတည်းကပဲ တွဲ လောင်းချပြီး ခုံတစ်လုံးစာ ပုခက်လုပ်တာဖြစ်ပါတယ်။ ဘယ်ကြမ်း ပြင်အခင်းနဲ့ပဲဖြစ်ဖြစ် အဓိကကချိတ်ဆွဲတဲ့ ကြိုးနဲ့ကြမ်းခင်း ခိုင်ခံ့ဖို့ပဲ အရေးကြီးပါတယ်။

သားသားမီးမီးတို့အတွက် ခြံဝင်းလေးထဲက ချစ်စရာပုခက်လေးတွေ ပြုလုပ်နည်း

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


[Zawgyi]

သားသားမီးမီးတုိ႔အတြက္ ၿခံဝင္းေလးထဲက ခ်စ္စရာပုခက္ေလးေတြ ျပဳလုပ္နည္း

ဒီတစ္ခါေတာ့ စာဖတ္ပရိတ္သတ္ေတြအတြက္ ကုိယ့္မိသားစုထဲမွာရွိ တဲ့ သားသားမီးမီးေလးေတြကုိ အေကာင္းဆံုး လက္ေဆာင္တစ္ခု ေပးလုိ႔ရႏုိင္မယ့္ နည္းလမ္းေလးေဖာ္ျပေပးခ်င္ပါတယ္။ ထူးထူးျခားျခားေတာ့ မဟုတ္ပါဘူး။ ၿခံဝင္းေလးထဲမွာ သားသားမီးမီးေလးတုိ႔အတြက္ ခ်စ္စရာေကာင္းတဲ့ ဒန္းေလးေတြကုိယ္တုိင္ ဖန္တီးပံုေဖာ္လုိ႔ရႏုိင္တဲ့ စိတ္ကူးေလးေတြကုိ ေဖာ္ျပလုိက္ပါတယ္။ ထူးျခားၿပီး ခ်စ္စရာလည္းေကာင္းသလုိ လုပ္ပံုလုပ္နည္းစိတ္ကူးေလးကလည္း လြယ္ကူၿပီး ထူးထူးျခားျခားျဖစ္ေနတာေၾကာင့္ ကေလးငယ္ေလးေတြ တကယ္ပဲသေဘာက်ႏွစ္ၿခိဳက္က်မွာ အေသအခ်ာပါပဲ။

၁။ ပံုမွန္အားျဖင့္ ကေလးငယ္ေလးေတြ စီးလုိ႔ရတဲ့ ပုခက္ေလးေတြ လုပ္တဲ့ ကုန္ၾကမ္းထည္ အေနနဲ႔ သစ္သား၊ သံ၊ ပုိက္၊ ခ်ည္ထည္၊ စသျဖင့္ အရာေတြနဲ႔ ျပဳလုပ္တတ္ၾကပါတယ္။ ဒီေနရာမွာ ကုန္ၾကမ္း အရာဝတၳဳအေပၚလုိက္ၿပီး ပုခက္ဒီဇုိင္းနဲ႔ ခုိင္ခုိင္ခံ့ခံ့တည္ေဆာက္ႏုိင္မႈက ကြဲျပားပါတယ္။

စီးမယ့္ကေလးရဲ႕ ကုိယ္အေလးခ်ိန္ကုိ ခံႏုိင္ရည္ရွိမယ့္ ႀကိဳး၊ အခင္း၊ ပုခက္ဆင္မယ့္ အဓိကအမွီအေထာက္အပံ့ကုိ ေကာင္းေကာင္းေရြးခ်ယ္သင့္ပါတယ္။ အေရးႀကီးတာ တစ္ခ်က္ကေတာ့ ကေလးငယ္ေလးေတြအတြက္ လံုၿခံဳမႈနဲ႔အႏၱရာယ္ကင္းမႈပဲျဖစ္ပါတယ္။ ဒီ့အတြက္ေၾကာင့္မုိ႔ အေသအခ်ာတိတိက်က် ေဆာက္လုပ္သင့္တယ္လုိ႔ေတာ့ အႀကံေပးခ်င္ပါတယ္။

၂။ လသားနဲ႔ တစ္ႏွစ္သားကေလးငယ္ေလးေတြ စီးဖုိ႔ အတြက္ကုိ ေတာ့ သိပ္ႀကီးႀကီးမားမားႀကီး ျပဳလုပ္စရာမလုိပါဘူး။ ဖ်င္ထည္ရြက္ တစ္ခုကုေလးဖက္ေလးတန္ ဝါးလုိငယ္လ်ိဳထိုးၿပီး တစ္ဖက္မွာ ကေလးငယ္ေလး ေျခေခ်ာင္းခ်စရာ ေနရာခ်န္လွပ္ထားလုိက္ပါ။ ၿပီးအဲ့ဒီ ဖ်င္အရြက္ကုိ အေပၚကႀကိဳးေလးေခ်ာင္းတက္ၿပီး ဆုိင္းတြဲမယ့္ အမွီမွာခ်ိတ္ဆြဲလုိက္ရင္ ကေလးငယ္စီးလုိ႔ရမယ့္ ပုခက္ေလးတစ္ခု ျဖစ္သြားပါၿပီ။

၃။ ေနာက္ နည္းနည္းအသက္ႀကီးတဲ့ ကေလးငယ္ေလးေတြအတြက္ ပုခက္လုပ္ေပးမယ္ဆုိရင္ေတာ့ ေနရာအက်ယ္က်ယ္ဆန္တဲ့ေအာက္ ခံကုိ ျပဳလုပ္ဖုိ႔လုိပါတယ္။ ဖ်င္ပဲျဖစ္ျဖစ္၊ သစ္သားပဲ ျဖစ္ျဖစ္၊ သံထည္ပဲ ျဖစ္ျဖစ္ အဆင္ေျပႏုိင္ပါတယ္။

ထူထည္တဲ့ ပိတ္စထည္နဲ႔ ျပဳလုပ္ထားတဲ့ ဒီပုခက္ကုိေတာ့ ကေလးေတြႀကိဳက္ႏွစ္သက္မွာ ေသခ်ာပါတယ္။ ပိတ္စကုိလက္ဆြဲအိတ္တစ္လံုးလုိ ပုံစံမ်ိဳး ဖန္တီးထား ၿပီး အေပၚဘက္က ခုိင္ခံ့တဲ့ထုတ္တန္းလုိအရာမ်ိဳးနဲ႔ ခ်ိတ္ဆြဲထား ရပါမယ္။ ႏူးညံ့တဲ့ ေအာက္ေျခအခင္းေတြစီးရတာ သက္ေသာင့္သက္သာရွိၿပီး အႏၱရာယ္လည္းကင္းႏုိင္ပါတယ္။

၄။ ကေလးငယ္ေလးေတြ စီးရံုတင္မဟုတ္ပဲ ေခ်ာ့သိပ္လုိ႔ရႏုိင္မယ့္ အိပ္ယာလုိမ်ိဳး ခပ္ႀကီးႀကီး ပုခက္၊ ဒန္းေလးေတြလည္း ျပဳလုပ္လုိ႔ရ ႏုိင္ပါတယ္။ သစ္သားခပ္ႀကီးႀကီးေတြ၊ ဒါမွမဟုတ္ ဖ်င္ပိတ္စႀကီးႀကီးေတြ အသံုးျပဳရပါမယ္။

ကေလးငယ္လွဲအိပ္လုိ႔ရေလာက္တဲ့အက်ယ္ အဝန္းနဲ႔ အခင္းေဆာက္ၿပီး အေပၚက ေမြ႕ယာတုိ႔၊ ေခါင္းအံုးတုိ႔စသ ျဖင့္ ႀကိဳက္ႏွစ္သက္ရာ တင္ထားႏုိင္ပါတယ္။ ဒီေနရာမွာ အဓိကသတိေပးခ်င္တာကေတာ့ တြဲခ်ိတ္မယ့္ ႀကိဳးကုိ ခုိင္ခုိင္ခံ့ခံ့နဲ႔ အေပၚက ဆုိင္းေပးမယ့္အရာကုိလည္း ခုိင္ခံ့ေအာင္ ျပဳလုပ္ေပးဖုိ႔ အေရးႀကီးပါ တယ္။

၅။ ေနာက္ၿပီး ပုိက္ကြန္ေလးေတြနဲ႔ တစ္ေယာက္စာ ဒန္းေလးေတြ လုပ္လာတာကုိလည္း ေတြ႕ရပါတယ္။ အရင္ကလုိ ဟုိဘက္ဒီဘက္ တစ္ျခမ္းစီ ခ်ည္သုိင္းတာမ်ိဳး မဟုတ္ေတာ့ပဲ တစ္ႀကိဳးတည္းကပဲ တြဲ ေလာင္းခ်ၿပီး ခုံတစ္လံုးစာ ပုခက္လုပ္တာျဖစ္ပါတယ္။ ဘယ္ၾကမ္း ျပင္အခင္းနဲ႔ပဲျဖစ္ျဖစ္ အဓိကကခ်ိတ္ဆြဲတဲ့ ႀကိဳးနဲ႔ၾကမ္းခင္း ခုိင္ခံ့ဖုိ႔ပဲ အေရးႀကီးပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)