သင်မြတ်နိုးနှစ်ခြိုက်သော ရှေးဟောင်းပစ္စည်းများကို အိမ်တွင် အလှဆင်ခြင်းဖြင့် သင့်အိမ်ကို ပိုမိုလှပအောင် ဆင်ယင်နိုင်သည်။ အောက်ဖော်ပြပါ နည်းလမ်းများကဲ့သို့ အလှဆင်နိုင်သည်။
၁။ နံရံပေါ်တွင် အလှဆင်ပြသခြင်း
အဆိုပါပုံတွင် မင်္ဂလာပွဲ ဒီဇိုင်းပညာရှင် Calder Clark သည် သူမစုဆောင်းထားသော နောက်ခံအလင်းပေါ်တွင် ပုံဖော်ထားသော ပုံရိပ်မည်း (၁၁၅) ပုံကို လှေကားအတက် ဘေးနံရံများပေါ်တွင် တစ်စုတစ်စည်းထဲ ပြသထားသကဲ့သို့ မိမိကြိုက်နှစ်သက်ရာ ပုံများကိုလည်း နံရံများပေါ်တွင် အလှဆင်ချိတ်ဆွဲထားနိုင်သည်။
၂။ ရောင်စုံဖန်ခွက်များကို တစုတစည်းထဲ ပြင်ဆင်ထားရှိခြင်း
“ဒီသက်တန့်ရောင် ဖန်ခွက် အပြင်အဆင်လေးက ကျွန်မကို နေ့တိုင်း ပြုံးစေတယ်” လို့ နေထိုင်မှုပုံစံအကြောင်းရေးသားသော abeautifulmess.com blog ၏ blogger Elie Larson က ဆိုသည်။
၃။ ဆုတံဆိပ်များကို နန်းကြိုးဖြင့် သွယ်တန်းချိတ်ဆွဲထားခြင်း
လေလံပစ်သူ Bene Raia သည် မြင်စီးကျွမ်းကျင်ဆုတံဆိပ် ဖဲကြိုးများကို စုဆောင်းလေ့ရှိတတ်သူဖြစ်သည်။ သူမသည် လက်ရှိတွင် ဆုတံဆိပ်ပေါင်း ၅၀၀ ကျော်လက်ဝယ်ရရှိပြီးဖြစ်သည်။ သူမသည် အဆိုပါ ဆုံတံဆိပ်များကို ပုံပါသကဲ့သို့ ဆင်ယင်ထားသည်။ “ကျွန်မရဲ့ စတူဒီယိုအခန်းရဲ့ နံရံမှာ နန်းကြိုးတစ်ခုသွယ်ပြီးတော့ ဖဲကြိုးတွေကို တွဲလောင်းချိတ်ဆွဲထားတယ်။ နေ့တိုင်း မြင်နေရတော့ စိတ်ချမ်းသာရတယ်” လို့ Bene Raia ကဆိုသည်။
၎။ အနုပညာလက်ရာများကို နံရံများပေါ်တွင် ဒေါင်လိုက်နေရာချထားခြင်း
တန်ဖိုးနည်းသော ဂန္ဓ၀င် အနုပညာလက်ရာများကို စုဆောင်းပြီး နံရံပေါ်တွင် ဒေါင်လိုက်နေရာချဆင်ယင်ခြင်းဖြင့်လည်း အလှဆင်နိုင်သည်။
အလွန်ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသော အခန်းတစ်ခန်းအသွင်ပြောင်းလဲသွားမည်ဖြစ်သည်။
၅။ ဘီရို ၊ သေတ္တာများကို အသုံးပြု၍ အလှဆင်ပြသထားခြင်း
အဆိုပါပုံတွင် အိမ်ပိုင်ရှင်သည် သူမ၏ နို့နှစ်ရောင် ဖန်ခွက်များကို သာမန်ပစ္စည်းထည့်သော ဘီရိုထဲတွင် ခင်းကျင်းကာ အလှပြထားသည်။
၆။ နံရံအလွတ်များတွင် သေသပ်လှပစွာ ဆင်ယင်ခြင်း
အဆိုပါပုံတွင် ပုလင်းဖောက်တံများကို နံရံအလွတ်တစ်နေရာတွင် တစ်စုတစ်စည်းတည်း သေသပ်လှပစွာ ဆင်ယင်ထားရှိသည်။
၇။ မီးဖိုချောင်သုံး ပစ္စည်းများကို စနစ်တကျ နေရာချထားခြင်း
မီးဖိုချောင်ထဲရှိ ကြမ်းပြင်မှ မျက်နှာကျက်ထိရှည်သော စင်များပေါ်တွင် အဖြူရောင် အိုးခွက်ပန်းကန်များကို အဆိုပါပုံပါသကဲ့သို့ စုစည်းဆင်ယင်ထားနိုင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)