2228 ကြိမ် ကြည့်ရှု့ ပြီး

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

ခန်းစီး၊ လိုက်ကာလေးတွေဆိုတာ နေအိမ်တစ်အိမ်မှာ မရှိမဖြစ်နဲ့ အသုံးဝင်တဲ့ အရာတွေဖြစ်ပါတယ်။ အိမ်အလှဆင်မယ့် အိမ်အလှ ဆင်ပစ္စည်းအဖြစ် အသုံးပြုကြသလို နေရောင်ဒဏ်၊ အပူဒဏ်ကို ခံနိုင်ဖို့အတွက်လည်း ကာရံအသုံးပြုကြပါတယ်။ ဒီလို အသုံးဝင်လှ တဲ့ ခန်းစီးလိုက်ကာလေးတွေကို လှပတဲ့ပြင်ဆင်အသုံးပြုမှုနဲ့ စွဲ ဆောင်မှုရှိပြီး ဆန်းဆန်းပြားပြားလေး ကာရုံအသုံးပြုမှုလေးတွေကို နည်းလမ်းကောင်းပေး ဖော်ပြလိုက်ပါတယ်…..

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

၁။ ခန်းစီးလိုက်ကာလေးတွေက အိမ်ပြတင်းမှန်လေးတွေမှာဖြစ်ဖြစ်၊ နံရံအလှ၊ အခန်းကာရုံမှုတွေမှာ အသုံးပြုတတ်ကြပါတယ်။ လေထဲ လွင့်လွင့်နဲ့ ခါရမ်းလှုပ်ခါနေတဲ့ ပိတ်စလှလှကလေးတွေက သင့် အိမ် လေးရဲ့ အိမ်ခန်းအတွက် စွဲဆောင်မှုနဲ့ လှပမှုတို့ကို ပံ့ပိုးပေးနိုင်ပါတယ်။

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

၂။ နေအိမ်ရဲ့အိမ်ခန်း၊ ပြတင်းမှန်လေးတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်း အပြင်အဆင်လေးတွေကို ရွေးချယ်ပါ။ ပိတ်စရဲ့ အထူအပါး၊ ကွဲပြား တဲ့ ဒီဇိုင်းပုံစံမျိုးစုံလေးတွေ၊ နောက် ပိတ်စမဟုတ်တဲ့ စက္ကူချပ်၊ ဟန်း မိတ်ပစ္စည်းလေးတွေ အစသဖြင့်လည်း ခန်းစီး လိုက်ကာအဖြစ် ချုပ် လုပ်ပြီး အသုံးပြုကြပါတယ်။ အိမ်ခန်းရဲ့အရောင်လေးတွေနဲ့ လိုက် ဖက်တဲ့ ခန်းစီးလိုက်ကာစလေးတွေက အိမ်ခန်းလေးတွေကို ပိုပြီး တော့ ကြည့်ကောင်းအောင်၊ စွဲဆောင်မှုရှိအောင် ပံ့ပိုးပေးနိုင်ပါ တယ်။

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

၃။ ဒီဇိုင်းအပြင်အဆင်လေးတွေကို ရွေးချယ်ပါ။ အိမ်ခန်း၊ ပြတင်း ခန်း၊ နံရံမြင့်မြင့်တွေမှာ အစရှိသဖြင့် မိမိတို့ကာရံလိုတဲ့ အပြင်အဆင်တွေမှာ လိုက်ဖက်မယ့် ကာရံမှုမျိုး၊ ဒီဇိုင်းမျိုးကို ရွေးချယ်ပါ။ ကာရံမယ့် နေရာကနေ ထုတ်တန်းလေးတွေမှာ ချည်နှောင်တွဲ လောင်းချိတ်ထားပြီးတော့ သာမန်အတိုင်း အရှည်လိုက်ချထားတဲ့ ဒီဇိုင်းမျိုးလေးတွေ၊ ပန်းပုံသဏ္ဍာန်၊ ခေါက်ယပ်တောင်လေးလို စု ချည်ထားတဲ့ ပုံစံမျိုးလေးတွေ၊ ပိတ်အထပ်လိုက်၊ အလိပ်လိုက်လေး တွေ၊ အတွန့်အဖတ်ကလေးတွေ၊ တွဲလောင်းချအလှတပ်ဒီဇိုင်းလေး တွေ၊ စသဖြင့်လည်း ပုံဖော်နိုင်ပါတယ်။

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

၎။ ကာရံမယ့် ခန်းစီး၊ လိုက်ကာရဲ့အစ၊ ပိတ်သားတွေကို ရွေးချယ် ပါ။ တချို့ပိတ်လိပ်၊ ပိတ်စတွေမှာဆိုရင် ခပ်ပါးပါးနဲ့လွင့်လွင့်ကလေး တွေဖြစ်နေတာကြောင့် ပိုပြီးတော့ ချစ်စရာကောင်းပါတယ်။ တချို့ ပိတ်စတွေကလည်း ခပ်ထူထူနဲ့ အပြောင်သား၊ ပိုးဖဲသားတွေ ဖြစ်တာကြောင့် အိမ်ခန်းကို ခမ်းနားကြီးကျယ်မှု ပံ့ပိုးပေးပါတယ်။

အိမ်တွင်းအိမ်ခန်းတွေမှာ ကြည့်ကောင်းပြီး လှပသပ်ရပ်တဲ့ခန်းစီး လိုက်ကာလေးတွေ တပ်ဆင်ပြင်ဆင်တတ်ဖို့…..

လူ ငယ်ဆန်ချင်တယ်ဆိုရင် ခပ်ပါးပါးနဲ့ ဒီဇိုင်းဆန်းဆန်း၊ အရောင်အ သွေးခပ်ဆန်းဆန်း လှလှကလေးတွေ ရွေးချယ်နိုင်ပြီးတော့ အကယ် ၍ ကျက်သရေဆောင်နဲ့ ခမ်းခမ်းနားနား ဒီဇိုင်းပုံဖော်ချင်တယ်ဆိုရင် တော့ ခပ်ထူထူ၊ ပိုးသား၊ဖဲသား တို့ကို ရွေးချယ်နိုင်ပြီး အရောင်အား ဖြင့် တည်ငြိမ်ရင့်ကျက်တဲ့ ရွှေရောင်၊ နို့နှစ်ရောင်၊ အသားရောင် အစရှိသဖြင့် အရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီဇိုင်းကိုလည်း ခပ်ဆန်းဆန်းမဟုတ်ပဲ သာမန်တည်တည်ငြိမ်ငြိမ် ဒီဇိုင်းတွေကို ရွေး ချယ်ပြင်ဆင်လို့ ရနိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)