4507 ကြိမ် ကြည့်ရှု့ ပြီး

နေအိမ်တွင်းက စစ်ဆေးသင့်တဲ့အရာတွေ

အဲဒါတွေအတွက်နဲ့တော့ စိတ်ပူစရာမလို တော့ပါဘူး။ ဖုန်းရွှေကပဲ ပျော်ရွှင်စရာ တွေ၊ ကံကောင်းစရာတွေ သင့်အတွက် ယူဆောင် ပေးပါလိမ့်မယ်။

ဖုန်းရွှေအစီအရင်က ပြောထားတဲ့ တချို့အကြောင်းအရာ အသေးအဖွဲလေး တွေကိုတော့ အရမ်းကြီးစိတ်ပူထားဖို့ မလိုပါဘူး။ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာ ငယ်လေးတွေက ကံတရားအပြောင်းအလဲ ကြောင့်လည်း အပြောင်းအလဲဖြစ်ပေါ်သွား နိုင်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီ့အတွက် ကြောင့် ဖုန်းရွှေအစီအရင်က ဖော်ပြပေး မယ့် သင့်နေအိမ်ဧရိယာအတွင်းမှာရှိတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ကံကောင်းခြင်း တွေ ရနိုင်မလား၊ ကံဆိုးခြင်းတွေ ဖြစ်ပေါ် လာနိုင်မလားဆိုတာတွေကို စစ်ဆေးပေး နိုင်မယ့် အစီအရင်တွေ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

နေအိမ်တွင်းက စစ်ဆေးသင့်တဲ့အရာတွေ

သင့်အိမ်ပတ်ဝန်းကျင်နဲ့ နောက်ဘက် မှာ သစ်ပင်မြင့်မြင့်တွေ စိုက်ပျိုးထားပါ သလား။

အိမ်ရဲ့အနီးအနားဝန်းကျင်နဲ့ နောက် ဘက်တွေမှာ အပင်မြင့်မြင့်တွေကို စိုက်ပျိုး ထားသင့်ပါတယ်။ မြစ်တွေ၊ ချောင်းတွေ၊ လမ်းမကျယ်တွေနဲ့ နီးစပ်တဲ့ အိမ်တွေ ဆို ပိုပြီးတော့ သစ်ပင်ကြီးကြီးမားမားတွေ စိုက်ပျိုးထားသင့်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကပ်ဘေးတွေကနေ အကာ အကွယ်ပေးနိုင်တဲ့တစ်ခုတည်းသော အရာ ဖြစ်ပါတယ်။ ရေကြီးနစ်မြှုပ်တာတို့၊ မိုးသက် မုန်တိုင်းကျရောက်တာတို့ဆိုရင် သစ်ပင် ကြီးကြီးမားမားတွေက အကာအကွယ် ပေးနိုင်မှာလည်းဖြစ်ပါတယ်။

သင့်ရဲ့ အိမ်ရှေ့မှာ ရေအရင်းအမြစ် ရှိပါသလား။

ဖုန်းရွှေရဲ့ အစီအရင်အကောင်းဆုံး အချက်ကတော့ နေအိမ်ရှေ့ဘက်တွေမှာ အရင်းမြစ်ကောင်းမွန်တဲ့ ရေရရှိခြင်းပဲ ဖြစ်ပါတယ်။ နေအိမ်တစ်အိမ်ရဲ့ အဓိက လိုအပ်ချက်ကတော့ သောက်သုံးရေနဲ့ ရေအသုံးပြုမှု လုံလောက်ခြင်းပဲ မဟုတ်ပါ လား။ ကောင်းမွန်တဲ့ရေမရရှိဘူးဆိုရင် တစ်နေ့တာ နေထိုင်မှုအတွက် လုံးဝကို အဆင်မပြေနိုင်တော့ပါဘူး။ အိမ်ကြီးအိမ် ကောင်း၊ အဆောက်အအုံကြီးတွေမှာ မနေထိုင်ရပေမယ့် ရေ၏ကြွယ်ဝချမ်းသာခြင်း နဲ့ပဲ စိတ်ချမ်းသာစေရမှာမို့လို့ပဲဖြစ်ပါ တယ်။

နေအိမ်တွင်းက စစ်ဆေးသင့်တဲ့အရာတွေ

သင့်ရဲ့အိမ်က လမ်းမရဲ့အောက် နိမ့်တဲ့ဘက်မှာ တည်ရှိနေပါသလား။

အိမ်ရှေ့ရဲ့ မြေသားက လမ်းမကြီး ထက်နိမ့်ကျနေတာတို့၊ နှစ်ထပ်အိမ်ဆောက် လုပ်ခြင်းအတွက်ကြောင့် အောက်ခြေ အောက်ထပ်က လမ်းမထက်နိမ့်ကျနေ တယ်ဆိုရင်တော့ အိမ်ရဲ့ တံခါးပေါက်တွေ၊ ခုတင်ခုံတွေ အထားအသိုကိုတော့ လမ်းမ မြေနဲ့အညီ ထားရှိ ဆောက်လုပ်ပေးထား ပါ။ ဖုန်းရွှေအစီအရင်ရဲ့ ချီ-စွမ်းအင်အရ ဆိုရင် ဒီလိုမျိုးလမ်းမကနေ အိမ်ထက်မြင့် နေပါက နိမ့်ကျတဲ့ကံတွေဖြစ်ပေါ်လာနိုင် တာကြောင့်ပါပဲ။

သင့်အိမ်ရဲ့ အိမ်တံခါးမကြီးကို တစ်စုံ တစ်ခုက ကွယ်ထားတာမျိုးဖြစ်နေသလား။

တချို့နေအိမ်တွေရဲ့ အိမ်တံခါးမကြီးမှာ ဆိုရင် လျှောက်လမ်းအ၀င်ဝဘေးမှာ လျှောက်လမ်းကို ကောင်းကောင်းမသွား မရအောင် ပရိဘောဂအစွန်းတွေနဲ့ ပိတ်နေ တာမျိုးဟာ၊ တံခါးဝကို ကျဉ်းကျပ်စေတာမျိုး တွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်သင့်ပါ ဘူး။ နေအိမ်တစ်လုံးရဲ့ အဓိကအရေးကြီး ဆုံးက အိမ်တံခါးမကြီးတွေပဲ ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ၊ ချစ်ခြင်းတရားတွေ၊ စီးပွားတိုးတက်ခြင်းတွေ စတဲ့ ကိစ်္စအ၀၀ အတွက် အိမ်တံခါးမကြီးကို ကျယ်ကျယ် ၀န်းဝန်းနဲ့ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့ လိုပါတယ်။

သင့်အိမ်က ခိုင်ခံ့တဲ့မြေသားပေါ် တည် ဆောက်ထားတာလား။

အတွင်းသားအောက်ခြေမြေကြီးထု ခိုင်ခိုင်မာမာ မရှိတဲ့မြေပေါ်မှာ မတည် ဆောက်သင့်ပါဘူး။ အောက်ခြေခိုင်ခိုင်ခံ့ခံ့ မရှိသလို၊ မြေသားကောင်းမွန်ခြင်းမရှိတာ ကြောင့် နေအိမ်အတွက် ခိုင်ခံ့လုံခြုံခြင်း မရှိနိုင်ပါဘူး။ အချိန်အခါမရွေးမြေသား ပြိုကျပြီး အန်္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ ငလျင်နဲ့ ကပ်ဘေးအန်္တရာယ်တွေ ဖြစ်ပေါ်ခြင်းဒဏ်ကိုလည်း ခံနိုင်ရည်မရှိ တာမျိုးတွေလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် ပါပဲ။ ဒီ့အတွက်ကြောင့် ခိုင်ခံ့ပြီး လုံခြုံ စိတ်ချရတဲ့ နေအိမ်တစ်လုံးတည်ဆောက် နေထိုင်ဖို့ဆိုရင် မြေသားခိုင်ခံ့မှုနဲ့ အောက် ခြေမြေသားကောင်းမွန်ခြင်းတွေကို အဓိက ထားရွေးချယ်ဆောက်လုပ်သင့်ပါတယ်။

သင့်ရဲ့အိမ်ရှေ့တံခါးဝမျက်နှာစာမှာ ကွယ်နေတဲ့အမှိုက်ပုံကြီးကြီးတွေ၊ သစ် ပင်ကြီးကြီးတွေ၊စာတိုက်ပုံးတွေ၊ တယ် လီဖုန်းတိုင်တွေ၊ လမ်းညွှန်ဆိုင်းဘုတ် တွေစတဲ့ အရာတွေရှိနေပါသလား။

ဒီလိုဆိုရင်တော့ ဖယ်ရှားနိုင်သမျှ ဖယ်ရှားပစ်လိုက်ပါ။ ဒီလိုအရာတွေ ကွယ် နေတာကြောင့် မိမိအိမ်အတွက် ကောင်း ခြင်းကံတွေ ပိတ်ဆို့နေရတာလည်း ဖြစ်စေ တာဖြစ်ပါတယ်။ ဖုန်းရွှေရဲ့ ရှာချီအစီအရင် နဲ့ အုတ်တံတိုင်းဝင်းခတ်တားဆီးလို့လည်း ရနိုင်ပါတယ်။

 

နေအိမ်တွင်းက စစ်ဆေးသင့်တဲ့အရာတွေ

သင့်အိမ်ရဲ့ အနီးအနားမှာ လျှပ်စစ် မီးကြိုးသွယ်တန်းတဲ့ တာဝါတိုင်လို အရာတွေရှိနေသလား။

ဒီလိုမျိုးဆိုရင်တော့ အဲဒီနေရာတွေ ကနေ ဝေးရာကို ပြောင်းရွှေ့လိုက်တာက ပိုပြီးတော့ ကောင်းမယ်လို့ ပြောချင်ပါ တယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ၀ါယာကြိုးတွေ၊ မီးကြိုးတိုင်တွေ၊ မိုးကြိုး လွှဲတွေကနေ အချိန်မရွေးမတော်တဆမှု အန်္တရာယ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ မီးကြိုးတွေမတော်တဆ ပေါက်ကွဲတာတို့၊ တာဝါတိုင်တွေလဲတာတို့ ဖြစ်လာရင် မိမိ နေအိမ်ကို မတော်တဆအန်္တရာယ်တွေ ကျရောက်လာနိုင်လို့ ဖြစ်ပါတယ်။ ။

ရွှေဝတ်မှုံ  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)