5778 ကြိမ် ကြည့်ရှု့ ပြီး

နှစ်အလိုက်နဲ့ ကံကောင်းစေမယ့် အရောင် ဆောင်ရန် ရှောင်ရန် ရွေးချယ်တတ်စေဖို့

 နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နောက် လာမယ့်တစ်နှစ်အတွင်းမှာ ဘယ်လို ကံကောင်းခြင်းတွေ၊ စီးပွားလာဘ်လာဘ တိုးတက်လာခြင်းတွေ ဖြစ်လာနိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်တကြီး စောင့်မျှော်ကြပါတယ်။

တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံး တမ်းတွေအရလည်း ဒီလို ပါပဲ။ နောက်တစ် နှစ်ရဲ့နှစ်အမည်အခေါ်အဝေါ် တိရစ္ဆာန် အမည်နှစ်နဲ့လည်း တွက်ချက်ပြီး အယူအဆ တွေနဲ့ ကံကောင်းမယ့် နှစ်၊ ကံအညံ့အတိုက် အခိုက်များရှိလာနိုင်တဲ့ နှစ်ဆိုပြီး ကြိုတင် ဟောကိန်းတွက်ချက်၍ဆောင်ရန်၊ ရှောင် ရန်တွေ ပြုလုပ်ပြီး နေထိုင်ကြပါတယ်။
တရုတ်လူမျိုးတွေ တော်တော်များများ ယုံကြည်ကြပြီး အတိတ်ကောင်း၊ နိမိတ် ကောင်းကောက်ကာ အကောင်းကံတွေ ဖြစ်ပေါ်လာအောင် ဖန်တီးပြီး နေထိုင်ကြ တဲ့ နည်းလမ်းလေးကလည်း သိပ်ကိုလက် တွေ့ကျပြီး လွယ်ကူတယ်လို့ဆိုနိုင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ နှစ်တစ်နှစ်ရဲ့ အကောင်လေးတွေနဲ့ သူနဲ့လိုက်ဖက်တဲ့ ဆေးရောင်အသုံးပြုခြယ်သပြင်ဆင်မှုပဲ ဖြစ်ပါတယ်။

ဆိတ်နှစ်၊ ကျားနှစ်၊ နဂါးနှစ်၊ ကြက် နှစ်၊ မြွေနှစ် အစရှိသဖြင့် နှစ်အလိုက် ကိုယ်စားပြုအကောင်လေးတွေနဲ့ ယှဉ်တွဲ ရမယ့် ဆေးရောင်လေးတွေကို နေအိမ်နဲ့ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်လေးမှာ ခြယ် သထားမယ်ဆိုရင် ကံကောင်းခြင်းတွေ ဆောင်ယူလာနိုင်မယ်လို့ ယုံကြည်ထားကြ တယ်။ နီပွန် အိမ်သုတ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ တရုတ်ရိုးရာဗေဒင် ကျမ်းဂန်တတ် ကျွမ်းသူတွေရဲ့ ပူးပေါင်းတွက်ချက်မှုရဲ့ ရလဒ် အဖြေကံကောင်းစေတဲ့ အရောင် လေးတွေနဲ့ နှစ်အကောင် ယှဉ်တွဲမှုကို ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်အလိုက်နဲ့ ကံကောင်းစေမယ့် အရောင် ဆောင်ရန် ရှောင်ရန် ရွေးချယ်တတ်စေဖို့

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဆိုရင် ကျား နှစ် ဖြစ်တဲ့အလျောက် သီးနှံပင်တွေ ရိတ် သိမ်းစိုက်ပျိုးမှုများ ဖြစ်ထွန်းမယ့်နှစ်လို့ ဆိုနိုင်ပြီး အလုပ်ကိုလည်း ကြိုးကြိုးစား စားလုပ်ကိုင်ရမယ့် နှစ်လို့လည်း ဖော်ပြထား ပါတယ်။ ဒီကျားနှစ်အတွက်ဆိုရင်တော့ အလိုက်ဖက်ဆုံး၊ ယှဉ်တွဲဖက်အဖြစ်ဆုံး၊ ကံအထောက်အပံ့ပေးနိုင်ဆုံး အရောင်က တော့ အစိမ်းရောင်ပဲဖြစ်ပါတယ်။ အစိမ်း ရောင်ကို မိမိနဲ့အတူဖြစ်ဖြစ်၊ မိမိနေအိမ်မှာ ဖြစ်ဖြစ် အသုံးအဆောင်သော်လည်းကောင်း၊ အစိမ်းရောင် ခြယ်သသုတ်လိမ်းမှုသော် လည်းကောင်း တစ်နှစ်ပတ်လုံး ဆောင်ထား မယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေး ကောင်း မွန်ဖို့ အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ ဒီ့အတွက် သင့်ပတ်ဝန်းကျင်ကို အစိမ်းရောင် လွှမ်းတဲ့ ပတ်ဝန်းကျင်လေးအဖြစ် ဖန်တီး ထားခြင်းဖြင့် ကောင်းတဲ့ကံတွေကို ဆောင် ယူလိုက်ပါ။

နဂါးနှစ် ဆိုတာကတော့ စီးပွားရေး လုပ်ငန်းတွေ စတင်ပြီး လုပ်ငန်းစတင်လုပ် ကိုင်ဖို့ အကောင်းဆုံးနှစ်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ ကြီးပွား တိုးတက်မယ်။ အဖိုးတန် ရတနာတွေ စုဆောင်းနိုင်မယ်။ ဒီရေအလားပိုင်ဆိုင်မှု ကို ရရှိပိုင်ဆိုင်ဖို့လည်း ရှိလာနိုင်ပါတယ်။ အဲဒီနှစ်အတွက် ကံအကောင်းဆုံးအရောင် ကတော့ အနီရောင်၊ ပန်းရောင်နဲ့ အ၀ါ ရောင်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ အသုံးအဆောင်နဲ့ သင်နေထိုင်မယ့် ပတ် ၀န်းကျင်လေးမှာ ဒီအရောင်လေးတွေကို ထည့်သွင်းပြီးအသုံးပြုလိုက်မယ်ဆိုရင် သင့်ရဲ့ကံကို အထောက်အပံ့ပိုမိုပြုပေး နိုင်မှာပါ။

ကြက်နှစ် ဆိုတာကလည်း ကံကောင်း ခြင်းတွေ သယ်လာမယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနှစ်မှာတော့ အလှူကြီးကြီးပေးရမယ့် အချိန်ကာလတွေ များစွာဖြစ်ပေါ်လာနိုင်ပါ တယ်။ တစ်ဖက်ကလည်း စီးပွားတိုးတက် သလောက် တစ်ဖက်မှာလည်း ပြန်ပြီး အလှူအတန်းတွေ ပြန်လည်လုပ်ဆောင်နိုင် မှာပါ။ ကံကောင်းစေတဲ့ အရောင်ကိုပြော ရရင် မြေကြီးဓာတ်နဲ့ နီးစပ်တဲ့ အရောင် တွေကို ရွေးချယ်နိုင်ပါတယ် အမှောင်ဘက် သွားတဲ့ အရောင်တွေနဲ့ မြေကြီး၊ မြေမှုန့် လိုမျိုး အရောင်သမ်းသွားတဲ့ အရောင်လေး တွေကို ဆောင်ထားသင့်ပါတယ်။
ကြွက်နှစ် ကတော့ တကယ့်ကို သတိ ထားရမယ့်နှစ်လို့ဆိုရမှာပါ။ ဘာလို့လဲဆို တော့ ကြွက်နှစ်ဖွားအများစုက သစ္စာဖောက် တတ်တာတွေ၊ လိမ်လည်တတ်တာတွေ ပြုလုပ်တတ်သူတွေကြောင့် ကြွက်နှစ်မှာ ဆိုရင် သူငယ်ချင်းတွေ သစ်္စာဖောက်မယ်။

ရန်ပြုတိုက်ခိုက်မယ်။ ရင်းနှီးရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဆုံးရှုံးမယ်။ ငွေရေးကြေး ရေးတွေ ဆုံးရှုံးမယ်စတဲ့ အကြောင်း အရာတွေကို သတိထားစေချင်ပါတယ်။ ဒီလိုမျိုး ကံအဆိုးအညံ့တွေ ပြေပျောက် ချင်တယ်ဆိုရင်တော့ အပြာရောင်နဲ့ အစိမ်းရောင်တို့ကို အားပြုပါ။ သင့်ရဲ့ အသုံးအဆောင်တွေပဲဖြစ်ဖြစ်၊ နေအိမ် ပရိဘောဂအသုံးအဆောင် ပြင်ဆင်ခြင်းတွေ ပဲဖြစ်ဖြစ် အပြာရောင်နဲ့ အစိမ်းရောင်တွေ ကိုပဲ အသုံးပြုစေပြီး အိမ်ရဲ့အနောက် တောင်ဘက်အရပ်မှာ အစိမ်းရောင် အုံ့အုံ့ ဆိုင်းဆိုင်း သစ်ပင်ကြီးတစ်ပင်ကို စိုက်ပျိုး ထားပေးပါ။
နွားနှစ် ဆိုတာကတော့ မြေကြီးနှစ်ကို ပြောခြင်းပဲဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက် သံပတ်္တမြားတွေ ရရှိဖို့တွေ ကြန့်ကြာမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွက် အကောင်း ဆုံးအရောင်က အ၀ါရောင်ပဲဖြစ်ပါတယ်။ အ၀ါရောင်ကို သင့်ရဲ့ အနီးအနားပတ်ဝန်း ကျင်မှာ ထားရှိအသုံးပြုပြီး ကံကောင်းခြင်း တွေ ရယူနိုင်ပါတယ်။

 

နှစ်အလိုက်နဲ့ ကံကောင်းစေမယ့် အရောင် ဆောင်ရန် ရှောင်ရန် ရွေးချယ်တတ်စေဖို့


မြွေနှစ် ကတော့ သိပ်ကို ခက်ခဲကြမ်း တမ်းတဲ့ နှစ်ဖြစ်လို့ သတိထားပြီး နေထိုင် သင့်ပါတယ်။ နေအိမ်တွေနဲ့ နေထိုင်မယ့် ပတ်ဝန်းကျင်မှာ ခရမ်းရောင်တို့၊ အ၀ါ ရောင်တို့ကို ခြယ်သပြီး အညံ့အဆိုးတွေ ကို ဖြေဖျောက်နိုင်ပါတယ်။

ယုန်နှစ် ကတော့ တကယ်ကို ထိခိုက် လွယ်၊ ပျက်စီးလွယ်တဲ့ နှစ်တစ်နှစ်ပါ။ အရာအားလုံးက ဖန်တီးလွယ်ပြီးဖျက်ဆီး ရလည်း လွယ်ကူတာမို့လို့ သတိထားပြီး ဆင်ခြင်နေထိုင်သင့်ပါတယ်။ နေအိမ်နဲ့ ပတ်ဝန်းကျင်တို့မှာ အညိုရောင်မှိုင်းမှိုင်း ကို အသုံးပြုခြင်းဖြင့် ကံစွမ်းအားတွေကို ရယူနိုင်မှာပါ။

မြင်းနှစ် မှာတော့ အခက်အခဲတွေ အပြောင်းအလဲတွေ တွေ့ကြုံလာနိုင်ပါ တယ်။ သူငယ်ချင်း မိတ်ဆွေအပေါင်း အသင်းတွေနဲ့ စိတ်သဘောထားကွဲလွဲမယ်။ အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးတွက်ချက် မှုမှာ အမှားအယွင်းတွေဖြစ်ပေါ်လာနိုင် ပါတယ်။ ဒီလိုမျိုး အခက်အခဲတွေနဲ့ ကံ အညံ့တွေ ပြေပျောက်ချင်တယ်ဆိုရင်တော့ ပန်းရောင်နဲ့ ခရမ်းရောင်တို့ကို ဆောင်ယူ နိုင်ပါတယ်။

 

နှစ်အလိုက်နဲ့ ကံကောင်းစေမယ့် အရောင် ဆောင်ရန် ရှောင်ရန် ရွေးချယ်တတ်စေဖို့

ဆိတ်နှစ် မှာတော့ စွန့်စားစရာကိစ်္စတွေ တစ်နှစ်ပတ်လုံးနီးပါး ကြုံလာရတယ်။ မိမိအပေါ်ကို မကောင်းဖြစ်စေနိုင်တဲ့ သင်ခန်းစာအတွေ့အကြုံတွေ ကြုံလာရ တယ်။ ဖိအားပေးခံရတာတွေ၊ တွန်းအားပေး ခံရတာတွေ ခံစားရမယ်။ ပန်းရောင်နဲ့ ခရမ်းရောင်တွေကို မိမိအသုံးအဆောင် တွေမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် ကံ ကောင်းမှုတွေကို ရယူနိုင်ပါတယ်။ အနောက် တောင်အရပ်၊ အနောက်မြောက်အရပ်၊ အရှေ့ရပ်ဘက်ကို လှည့်ပြီး နေထိုင်မယ်ဆို ရင် ကံအဆိုးအဆိုးတွေ ပြေပျောက်သွား နိုင်ပါမယ်။

မျောက်နှစ် မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စေ့စပ်သေချာဖို့ လိုအပ်ပါ တယ်။ အခြားသူတွေကို ချေးငှားခြင်း၊ ကူညီခြင်းတွေကို သတိထားဆောင်ရွက် သင့်ပါတယ်။ ကံကောင်းစေတဲ့ အရောင် ကတော့ အပြာရောင်ပဲဖြစ်ပါတယ်။

ခွေးနှစ် မှာဆိုရင်လည်း မသေချာ မရေရာမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင် လာရနိုင်ပါတယ်။ အခြေအနေအရပ်ရပ် အားလုံးက အဆင်ပြေမလိုလိုနဲ့ မပြေတဲ့ အကြောင်းအရာတွေ ပေါ်လာနိုင်ပါတယ်။ အနက်ရောင်ကို ဆောင်ကျဉ်းခြင်းဖြင့် အဆိုးကံတွေကို ဖယ်ရှားနိုင်ပါတယ်။ အနောက်တောင်အရပ်၊ အရှေ့မြောက် အရပ်နေရာတွေမှာ အနက်ရောင် ဖန်ထည် ပစ်္စည်းအသုံး အဆောင်တွေ ထားရှိခြင်းဖြင့် ကံကောင်းမှုတွေ ရယူနိုင်ပါတယ်။ အားလုံးစိတ်ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ။

ရွှေဝတ်မှုန်  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)