15981 ကြိမ် ကြည့်ရှု့ ပြီး

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ

ဖုန်းရွှေအဆောင်ကြေးမုံသည် သင့်ဘ၀ တွင် ရောင်ပြန်ဟပ်မိသည့် မည်သည့်အရာ ကိုမဆို ၂ ဆတိုးစေနိုင်ပါသည်။ သင့် ကိုယ်တိုင် မည်သည့်အရာကို ၂ ဆတိုး စေချင်သလဲဟု ကိုယ်တိုင်မေးကြည့်ပါ။

သို့မဟုတ် သင့်အရောင်းအ၀ယ် ၂ ဆ တက်စေပြီး ဖောက်သည်တိုးပွားစေလိုပါ သလား သို့မဟုတ် ရတနာရွှေငွေပစ္စည်း ဥစ္စာ တိုးပွားများပြားစေချင်ပါသလား။ သင့်အနေဖြင့် ဖုန်းရွှေ ကြေးမုံပြင်ကို အသုံးပြုပြီး သင့်ဘ၀က မည်သည့်အရာ မဆို ရောင်ပြန်ဟပ်စေခြင်းဖြင့် တိုးတက် ပွားများစေနိုင်ပါသည်။

အိမ်အတွင်းက နေရာလွတ်များ ကြည့်လိုက်လျှင် ပိုမိုကြီးမားကျယ်ပြန့်လာ အောင် မည်ကဲ့သို့ လုပ်ရမည်နည်းဟု အိမ်တွင်းအလှဆင်သည့် ဒီဇိုင်နာကောင်း များကို မေးကြည့်ပါ။ ကြေးမုံပြင်များကို အသုံးပြုပါဟု အမြဲတမ်းပြန်ဖြေသည်ကို တွေ့ရှိ ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကြေးမုံပြင်များသည် နေရာလွတ်များ ၂ ဆ ရရှိအောင် ပြုလုပ်ပေးနိုင်မည်ဟု ခံ စားစေနိုင်ပါသည်။

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ

 

ဆိုင်အတွင်း၌

ဤကဲ့သို့ဆိုလျှင် မည်သည့်ဖုန်းရွှေ အကြံပေးကိုမဆို အရောင်းသွက်၍ စီးပွား ကောင်းမွန်အောင် မည်ကဲ့သို့ လုပ်ဆောင် ရမည်နည်းဟု မေးကြည့်လျှင် ကြေးမုံပြင်ကို အသုံးပြုပါဟု အမြဲပြန်ဖြေကြပါလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ဆိုင်အတွင်း အရောင်းသွက်စေချင်လျှင် သင်၏ ငွေပေး ငွေယူပြုလုပ်သည့် ကောင်တာစားပွဲကို ကြေးမုံရိပ်ရောင်ပြန်ထင်ဟပ်အောင် ပြု လုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် စီးပွား ၂ ဆ တိုးစေခြင်း၏ အမှတ်လက်္ခဏာပင် ဖြစ်သည်။

အကယ်၍ သင့်ဆိုင်သည် ကမ်္ဘာ့စီးပွား ရေးတိုးတက်နှေးကွေးခြင်းကြောင့် အရောင်း ကျဆင်းသည့် ဒဏ်ခံနေရသည်ဆိုပါက ဖုန်းရွှေကြေးမုံ အဆောင်ကို အသုံးပြုပြီး အရောင်းတက်အောင် ပြုလုပ်နိုင်ပါသည်။

သင့်အနေဖြင့် ဆိုင်အ၀င်ဝ ကြမ်းပြင် ကနေ မျက်နှာကျက်အထိ ကြေးမုံပြင်တစ် ချပ်ထားကာ ရောင်ပြန်ဟပ်စေခြင်းအားဖြင့် ဖောက်သည် ၂ ဆ တိုးတက်ရရှိစေနိုင် ပါသည်။ ထိုအစီအရင်သည် လက်လီအရောင်း ဆိုင်များအတွက် ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်ပါသည်။ ထို့အတူ ဆိုင်အတွင်း ပိုင်း၌ ဖုန်းရွှေကြေးမုံ အစီအရင်ကို ထားရှိ မည်ဆိုလျှင် စင်တွေပေါ်တွင် ခင်းကျင်း ထားသည့် ကုန်ပစ်္စည်းများကို  ၂ ဆ ရောင်းအားတက်စေပါသည်။

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ



ထမင်းစားခန်းနှင့် ဧည့်ခန်းထဲတွင်

အိမ်များတွင် ဖုန်းရွှေကြေးမုံ အဆောင် ထားမည်ဆိုလျှင် အိမ်၏ ဧည့်ခန်းနှင့် ထမင်းစားခန်းများသည် အကောင်းဆုံးနေရာ များဖြစ်ပါသည်။ ထမင်းစားပွဲပေါ် ဖုန်းရွှေ ကြေးမုံရောင်ပြန်ဟပ်စေခြင်းသည် စားရေး၊ ရိက်္ခာ အလျှံပယ်ဖြစ်ခြင်းနှင့် ဓနဥစ်္စာ ၂ ဆ တိုးတက်စေခြင်း၏ နိမိတ်ပုံပင်ဖြစ်ပါ သည်။ ထို့ကြောင့် သင့်အိမ်က အမှိုက်ပုံး နှင့် ညစ်ပတ်နေသည့် ရေမြောင်းများအပေါ် ဖုန်းရွှေကြေးမုံပြင် အရိပ်မကျရောက်စေရန် သတိပြုရပါမည်။ အကယ်၍ သင့်အိမ်အပြင် ဘက်က မြင်ကွင်းများသည် ကောင်းမွန်စွာ ရှိမနေလျှင် လိုက်ကာများကို အသုံးပြုပြီး ပြင်ပမြင်ကွင်းကို ပိတ်ဆို့ထားရပါမည်။

အကယ်၍ သင့်နံရံကြေးမုံတွင် ပြင်ပ က မြစ်တစ်စင်း၏ မြင်ကွင်း သို့မဟုတ်၊ သန်စွမ်းဖြစ်ထွန်းနေသည့် အပင် (သို့မဟုတ်) တောင်ကုန်းစသည့် မြင်ကွင်းပုံရိပ်များ ရောင်ပြန်နေသည်ဆိုရင်လျှင် ကောင်းမွန် သည့် စွမ်းအားများ ဖြစ်ပေါ်စေမည်ဖြစ်ပါ သည်။ သစ်ပင်မြင်ကွင်းသည် စွမ်းအားများ တိုးတက်စေပြီး တောင်ကုန်းမြင်ကွင်းသည် ကောင်းမွန်သည့် ဆက်ဆံရေးကို ဖြစ်ထွန်း စေနိုင်ပါသည်။ ရေပုံရိပ်မြင်ကွင်းသည် ပိုင်ဆိုင်မှုများကို တိုးပွားစေနိုင်ပါသည်။

အိမ်၏ ဧည့်ခန်းတွင်း မိသားစုဆုံတွေ့ လေ့ရှိသည့်နေရာ သို့မဟုတ် ပျော်ပွဲရွှင်ပွဲ ကျင်းပလေ့ရှိသည့် နေရာ၌ ကြေးမုံပြင် ချိတ်ဆွဲထားခြင်းဖြင့် ဧည့်ခန်းတွင်းက မိသားစုဝင်များ ၂ ဆ တိုးပွားစေနိုင်သလို ပျော်ရွှင်မြူးတူးသည့် ချီစွမ်းအားများ ကိန်းဝပ်နေစေမည် ဖြစ်ပါသည်။

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


အိပ်ခန်းအတွင်းတွင်


အကယ်၍ သင်သည် တစ်ကိုယ်တည်း နေရသူဆိုလျှင် သင့်အိပ်ခန်းထဲက ကြေးမုံ ပြင်မှာ သင့်အိပ်ယာ၏ ပုံရိပ်ရောင်ပြန်ဟပ် နေခြင်းသည် သင့်၏ အထီးကျန်မှုကို ပိုမို ဖြစ်ပေါ်စေပါသည်။ အကယ်၍ သင့် သည် အိမ်ထောင်ပြုပြီးသား ဖြစ်ခဲ့လျှင် ထိုသို့ ရောင်ပြန်ဟပ်နေခြင်းက သင့်၏ အချစ်များကို ၂ ဆတိုးစေမည် မဟုတ်ဘဲ သင့်၏ အိမ်ထောင်ရေးအတွင်း တတိယ လူ ပေါ်ပေါက်လာပြီး ယုံကြည်မှု ပျက်ပြား စေပါသည်။ အိပ်ခန်းထဲတွင် ကြေးမုံပြင် မထားခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ သည်။ သို့မဟုတ် သင့်အနေဖြင့် ရွေးချယ် စရာမရှိခဲ့လျှင် ညဘက် အချိန်များတွင် ကြေးမုံပြင်ကို ဖုံးအုပ်ထားသင့်ပါသည်။

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ



ရေချိုးခန်းနှင့် မီးဖိုချောင်အတွင်းတွင်

အိမ်သာအတွင်းတွင် ကြေးမုံပြင်ထားရှိ ပြီး အိမ်သာခုံများကို ရောင်ပြန်ဟပ်စေခြင်း မဖြစ်စေသင့်ပါ။ ထို့အတူ သတင်းစာ အဟောင်းများ၊ ဘီလ်စာရွက်အဟောင်း များကိုလည်း ရောင်ပြန်မဟပ်စေသင့်ပါ။ ထို့အတူ မီးဖိုခန်းအတွင်း ကြေးမုံထားရှိ ခြင်းသည် အပူမီး ၂ ဆ တိုးစေပါသည်။
သင့်ကြေးမုံပြင်တွင် မည်သည့်အခါမျှ ရောင်ပြန်ဟပ် မထင်စေသင့်သည့် အရာ ၁၀ မျိုး
- တံခါးများနဲ့ ပြတင်းပေါက်များ
- အိပ်ယာ
- အိမ်သာခုံ
- မီးဖိုချောင် သုံးပစ်္စည်းများ
- နောက်ထပ်ကြေးမုံ ပြင်တစ်ချပ်
- ရှုပ်ပွနေသည့် ပစ်္စည်းများ
- ညစ်ပတ်နေသည့် ရေမြောင်းများ
- အဆိပ်လူးမြှားများ သို့မဟုတ် ပရိ ဘောဂများ၏ ချွန်ထက်နေသည့် ထောင့် များ သို့မဟုတ် နံရံ
- သင့်၏ ပျက်စီးနေသည့် ဓာတ်ပုံများ
- ခေါင်းမပါသည့် ရှည်လျားသည့် အရာ ၀တ္ထုများ

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ



မှားယွင်းနေသည့် ထောင့်ချိုးများ

သင့်အိမ်အတွင်းကမှားယွင်းနေသည့် ထောင့်ချိုးများသည် ကြေးမုံပြင် ကျိန်စာ ဖြစ်ပေါ်လာနိုင်ပါ သည်။ အိမ်အတွင်းက ထောင့်ချိုးများသည် မှီတင်းနေထိုင်နေသူ များအတွက် ပြိုင်ဘက်ကင်းသည့် ကံများ ရှိနေပါသည်။ ဥပမာအားဖြင့် သင့်အိမ် အရှေ့ဘက် ထောင့်ချိုးသည် မှားယွင်းနေပါ က စည်းစိမ်ချမ်းသာများ စုဆောင်းနိုင်ရန် ခဲယဉ်းပါသည်။ အနောက်တောင်ထောင့် ချိုးမှားယွင်းနေပါက သင့်အနေဖြင့် စိတ် သဘောတူ အိမ်ထောင်ဘက်ရရှိရန်ခဲယဉ်း ပြီး အိမ်တွင်းဆက်ဆံရေးမှာ စိတ်ကျေနပ် မှုရစေနိုင်မည် မဟုတ်ပါ။  မှားယွင်း နေသည့် ထောင့်ချိုးတစ်ခုသည် သင့်အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းတွင် မပျော်ရွှင်မှုဖြစ်စေနိုင်ပါသည်။

ကြေးမုံပြင်သည် မှားယွင်းနေသည့် ထောင့်ချိုးများက နေရာလွတ်များကို ၂ ဆဖြစ်ပေါ်စေပါသည်။ ကြေးမုံပြင်ပေါ်တွင် အိပ်ယာသို့မဟုတ် မည်သည့် တံခါးပေါက် မျှ ရောင်ပြန်ဟပ်ခြင်း မဖြစ်ပေါ်စေရန် သေချာစွာပြုလုပ်ထားပါ။ အိမ်သာနှင့် မီးဖို ချောင် အရိပ်များ ကြေးမုံပြင်ပေါ်တွင် မပေါ်ပါစေနှင့်။ တံခါးမကြီး၏ ပုံရိပ်ကြေးမုံ ပြင်ပေါ်ပေါ်ခြင်းသည် ချီစွမ်းအားများကို နောက်ပြန်လှည့်စေပါသည်။ သင့်အိမ်အခန်း ကျဉ်းကလေးက မကောင်းသည့် စွမ်းအင်များ မသက်ရောက်စေရန်အတွက် နေရာလွတ် အကျယ်ရရှိအောင် ကြေးမုံပြင်ကို အသုံးပြု နိုင်သော်လည်း တံခါးအရိပ်များ မကျရောက် အောင် ပြုလုပ်ထားသင့်ပါသည်။ ၊

 

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ဘုန်းမင်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App