437 ကြိမ် ကြည့်ရှု့ ပြီး

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

နေအိမ်တစ်လုံး ကျက်သရေမင်္ဂလာတိုးခြင်း၊ ကြီးပွားချမ်းသာခြင်း၊ လာဘ်လာဘပေါများခြင်းစသဖြင့် အရာတွေကို အိမ်ပိုင်ရှင်တိုင်းက လိုချင်ကြတာပါ။ ဒါပေမဲ့ နေအိမ်တစ်လုံးက တိုးတက်သင့်သလောက် မတိုးတက်ဘူး၊ ကျက်သရေမင်္ဂလာရှိမနေဘူး၊ လာဘ်တိတ်နေတယ်၊ အိမ်သားတွေ အချင်းချင်းမသင့်မြတ်ကြဘူး ဆိုတဲ့ အရာတွေလည်း ကြုံတွေ့ဖူးကြမှာပါ။ ဒါက ဘာအကြောင်းကြောင့်များပါလဲ။ မိမိရဲ့ နေအိမ်လေးက နေချင်စဖွယ်ကောင်းတယ်။ စိတ်ချမ်းသာပျော်ရွှင်ရတယ်။ အိမ်သားတွေလည်း ချစ်ခင်စည်းလုံးကြတယ်။ စီးပွားရေးလူမှုရေးတွေလည်း တိုးတက်အောင်မြင်ကြတယ်ဆိုတာက အိမ်မှာ Positive Energy (ကောင်းမွန်တဲ့ ဓာတ်) တွေ ဖြန့်ကျက်စီးဝင်နေလို့ပါ။

ဖုန်းရွှေနည်းလမ်းရဲ့ အကြံပြုချက်တွေထဲမှာတော့ နေအိမ်တစ်လုံး ကျက်သရေတိုးခြင်း၊ မင်္ဂလာရှိခြင်း၊ ကြီးပွားချမ်းသာခြင်းတွေ လမ်းညွှန်ပေးသလို မကောင်းတဲ့ ဓာတ်တွေမရှိဖို့နဲ့ ဘယ်လိုအရာတွေက အိမ်မှာ လာဘ်တိတ်စေသလဲဆိုတဲ့ အကြောင်းတွေကို လမ်းညွှန်အကြံပြုပေးထားပါတယ်။ အခုဖော်ပြပေးမယ့် ဆောင်းပါးအကြောင်းအရာလေးထဲမှာလည်း နာမည်ကြီးဖုန်းရွှေပညာရပ်က လမ်းညွှန်ပေးထားတဲ့ နေအိမ်တွေမှာ Negative Energy (မကောင်းတဲ့ဓာတ်) တွေ မရှိဖို့ မထားသင့်တဲ့ ပစ္စည်းတွေအကြောင်းဖြစ်ပါတယ်။

အဝင်အဝတွေမှာ တစ်ခုခု ပိတ်ဆို့တားဆီးနေတာမျိုး မဖြစ်စေရ

ဖုန်းရွှေရဲ့နည်းလမ်းတွေအားလုံးက လူတွေရဲ့ဘဝအတွက် မျှတခြင်း၊ လိုက်လျောညီထွေရှိခြင်းနဲ့ အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခွင့်အလမ်းကောင်းတွေကို ကြိုဆိုဖို့အတွက်ဆို ဓာတ်စွမ်းအင်တွေကလည်း သင်တို့နေထိုင်တဲ့အရပ်၊ ပတ်ဝန်းကျင်ကို ကောင်းကောင်းစီးဝင်သွားမှ ဖြစ်ပါလိမ့်မယ်။ အိမ်ခန်းအဝင်အဝတွေမှာ တစ်ခုခုပိတ်ဆို့တားဆီးခြင်းက ဖုန်းရွှေရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်တွေ စီးဝင်ရောက်လာခြင်းကို ပိတ်ဆို့တားဆီးရာရောက်ပါတယ်။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

အထူးသဖြင့် နေအိမ်ရဲ့ အဝင်အဝကို ပိတ်နေတာမျိုးတွေကြောင့် ကောင်းသောဓာတ်တွေ မဝင်ရောက်နိုင်တော့ပါ။ ဥပမာ - အိမ်အရှေ့ တံခါးအဝင်မှာတင် ဖိနပ်တွေအပုံလိုက်အထပ်လိုက် တားရှိခြင်းက မကောင်းပါဘူး။ ဖုန်းရွှေပညာရှင်တစ်ဦးရဲ့ အကြံပြုချက်အရ ဒီလို ထားရှိခြင်းက စိတ်ဖိစီးမှုနဲ့ သောကတွေရောက်နိုင်တဲ့အပြင် ပျော်ရွှင်မှုနဲ့ လာဘ်လာဘတွေ မဝင်ရောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ထုထည်ကြီးမားလွန်းတဲ့ ပရိဘောဂပစ္စည်းတွေမထားရ

သင့်ရဲ့နေအိမ်က တစ်ခုခုပိတ်ဆို့တားဆီးနေတယ်လို့ ခံစားရစေတဲ့ နောက်တစ်ချက်က ထုထည်ကြီးမားတဲ့ ပစ္စည်းပရိဘောဂကြီးတွေပါပဲ။ နေအိမ်ခန်း၊ ဧည့်ခန်းလို နေရာမျိုးတွေမှာ နေရာလွတ်အတွက် မကျန်တော့လောက်အောင် ဆက်တီခုံအကြီးကြီးတွေ၊ ဆိုဖာအကြီးကြီးတွေကြောင့် သင်ကိုယ်တိုင်တောင် စိတ်ကျဉ်းကျပ်နေရတာမျိုးဆိုရင် အဆင်မပြေနိုင်ပါဘူး။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

ကောင်းမွန်တဲ့ ဓာတ်သဘာဝနဲ့ စွမ်းအင်တွေမှာလည်း အဲဒီလိုပါပဲ။ နေအိမ်ထဲကို ဝင်ရောက်လာဖို့ အတားအဆီးတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် ပရိဘောဂ အကြီးကြီးတွေမထားရှိဘဲ အိမ်ခန်းနဲ့ ဟန်ချက်ညီပြီး သင့်တော်မယ့် အရွယ်အစားအသုံးအဆောင်တွေကို ထားရှိပြီး နေရာလွတ်တွေ ဖန်တီးပေးရမှာပါမယ်။

မညီမညာမချောမမွေ့ အထစ်တွေ အစောင်းတွေ ချွန်ထက်တာမျိုးတွေ မဖြစ်စေရ

အိမ်ထောင်ပရိဘောဂဖြစ်ဖြစ်၊ အိမ်တွင်းအလှဆင်ပစ္စည်း အသုံးအဆောင်တွေမှာဖြစ်ဖြစ် ချွန်ထက်ပြီး စောင်းတွေအရမ်းများတာမျိုး မဖြစ်ပါစေနဲ့။ ဒါဟာဖုန်းရွှေရဲ့ အကြံပြုချက်နဲ့လည်း သွေဖည်နေပါတယ်။ လူတွေရဲ့ ဦးနှောက်က ချွန်ထက်တဲ့အရာတွေဆို အန္တရာယ်များတယ်လို့ပဲ ရုတ်တရက်အသိစိတ်ဝင်ပါတယ်။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

ဒါကြောင့်မို့လို့ ဖုန်းရွှေရဲ့ ရှုထောင့်အရ ကြည့်မယ်ဆိုရင် ချွန်ထက်တဲ့အရာတွေက အိမ်ခန်းတွင်းရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို မဖန်တီးပေးနိုင်ပါဘူး။ အဲဒီအစား လုံးဝန်းသော၊ အထစ်မပါသော အရာတွေက ဓာတ်စီးဆင်းမှုကို ပိုမိုလွယ်ကူစေပြီးတော့ တည်ငြိမ်အေးချမ်းမှုကိုလည်း ခံစားရစေနိုင်ပါတယ်။


ကျိုးကွဲပျက်စီးနေတဲ့ပစ္စည်းတွေ မထားရ

အိမ်တွင်းမှာရှိတဲ့ ပစ္စည်းအသုံးအဆောင်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေမှာ ကျိုးကွဲ ပျက်စီးနေတာမျိုးဆိုရင် မထားသင့်ပါဘူး။ မီးချောင်းအကွဲတွေ၊ ပရိဘောဂ အကျိုးအပျက်တွေက အနုတ်လက္ခဏာဆောင်ပြီး ကံမကောင်းဘူးလို့ သတ်မှတ်ပါတယ်။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

ဖုန်းရွှေအစီအရင်အရဆိုရင် နာရီအပျက်တွေက ရပ်တန့်နေသလို နေအိမ်တွင်း တိုးတက်ကြီးပွားခြင်းတွေလည်း ရပ်တန့် နေတာမျိုးတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်မို့ အသုံးအဆောင်ပစ္စည်း အကျိုးအပျက်တွေ နေအိမ်မှာမထားပါနဲ့။


သေနေတဲ့အပင်တွေ မထားရ

အပျက်အစီးတွေလိုပဲ သေနေတဲ့အပင်တွေကလည်း နေအိမ်အတွက် ကောင်းမွန်ခြင်းတွေ မဖန်တီးပေးနိုင်ပါဘူး။ စိမ်းစိုလန်းဆန်းပြီး ရှင်သန်နေတဲ့အပင်လေးတွေက အိမ်ရဲ့ အကောင်းဓာတ်စွမ်းအင်ကို ပိုမိုမြှင့်တင်ပေးရာရောက်ပါတယ်။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

ကံကောင်းခြင်းတွေ၊ ဝမ်းမြောက်ခြင်းတွေ ရဖို့ ဖုန်းရွှေနည်းလမ်းက အကြံပြုပေးထားတဲ့ အပင်လေးတွေကိုလည်း နေအိမ်တွင်းမှာ စိုက်ပျိုးနိုင်ပါတယ်။


အနုတ်လက္ခဏာဆောင်တဲ့၊ အပျက်သဘောဆောင်တဲ့အရာတွေ မထားရ

သင့်အိမ်က အပျက်အစီးတွေ၊ အကျိုးအပဲ့တွေကြား ရှုပ်ပွနေမယ်ဆိုရင် အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေ ကိန်းအောင်းနေပါလိမ့်မယ်။ ဓာတ်ပုံအကျိုးအပဲ့တွေ၊ မှန်ဘောင်အကွဲတွေ၊ အသုံးအဆောင်ပစ္စည်းအစုတ်တွေက အိမ်သားတွေအပေါ် စိတ်ဖိစီးမှု၊ မပျော်ရွှင်မှု၊ သောကတွေကိုသာ ပေးစွမ်းပါတယ်။အလားတူ အတိတ်နိမိတ်မကောင်းတဲ့ ပုံရိပ်တွေ၊ မိုက်မှောင်ပြီး စိတ်ခံစားမှု မွန်းကြပ်ဖိစီးစေတဲ့ အသုံးအဆောင်တွေ၊ စိတ်ကို ခြောက်လှန့်စေတယ်လို့ ခံစားရတဲ့ ပစ္စည်းတွေကို နေအိမ်မှာ မထားတာ အကောင်းဆုံးပါပဲ။

အိမ်မှာ မကောင်းတဲ့ဓာတ်တွေမရှိဖို့ အိမ်ထဲမထားအပ်တဲ့ပစ္စည်းများ

အဲဒီအစား ပျော်ရွှင်မှုတွေ ဖန်တီးယူဆောင်ပေးလာမယ့် အတိတ်နိမိတ်ကောင်းတဲ့ ပန်းချီကားတွေ၊ စိတ်ကို ကြည်လင်လန်းဆန်းပြီး ပြုံးပျော်စေနိုင်မယ့် လာဘ်ကောင်းတဲ့ အဆောင်ပစ္စည်း အရုပ်လေးတွေ ထားလိုက်ပါ။အခု ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကတော့ ဖုန်းရွှေပညာရပ်အရ အိမ်တစ်လုံးမှာ မထားအပ်တဲ့ မကောင်းတဲ့ဓာတ်နဲ့ အပျက်သဘောဆောင်တဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေအကြောင်းပါ။ ဆောင်းပါးလေးဖတ်ရှုပြီး ဗဟုသုတရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သာယာပျော်ရွှင်တဲ့ သီရိဂေဟာ နေအိမ်လေး ပိုင်ဆိုင်ပါစေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App