153 ကြိမ် ကြည့်ရှု့ ပြီး

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

ချမ်းသာကြွယ်ဝမှုဆိုတာ စွမ်းအင်ပါပဲ။ ဒီချမ်းသာကြွယ်ဝမှုကို သင့်ဘဝထဲ ဘယ်သို့ဘယ်ပုံ ဆောင်ကြဉ်းရမယ် ဆိုတာကတော့ သိသူဖော်စား၊ မသိသူကျော်သွား ဆိုသလိုပဲ သိရင်တော့ အလွယ်လေးပါ။ ချမ်းသာကြွယ်ဝမှုကို သင့်ဘဝထဲ ဖုန်းရွှေနည်းနဲ့ ဘယ်သို့ဘယ်ပုံ ဆောင်ကြဉ်းရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ တစ်စုတစ်စည်းထဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ အသုံးမလိုတာမှန်သမျှ ဖယ်ရှားရှင်းလင်းပစ်ပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

 

အသုံးမလိုတာမှန်သမျှ၊ အမှိုက်အစအနမကျန်၊ ဗြုတ်စ ဗျင်းတောင်းဖြစ်နေတာတွေ အားလုံးကို ခွဲခြားပြီး စွန့်သင့်တာ စွန့်၊ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်သင့်တာပြုပြင်ပါ။ မင်္ဂလာ ဓာတ်တွေ သမမျှတတဲ့ ဖုန်းရွှေစွမ်းအင် ဖန်တီးရာမှာ အရမ်းကိုအရေးပါတဲ့အချက်မို့ အထူးဂရုစိုက်ပါ။


၂။ သင့်အိမ်ကို အဆိပ်ဖြေပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

အိမ်သန့်ရှင်းရေးအတွက် ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေအစား သဘာဝပစ္စည်းတွေနဲ့ပြောင်းသုံးလိုက်ပါ။
ဒီပြောင်းလဲမှုက ပိုလို့အားပြင်းတဲ့စွမ်းအင်ဓာတ်တွေကို သင့်အိမ်ဆီ ဆောင်ကြဉ်းပေးမှာပဲဖြစ်ပါတယ်။ သံပရာသီး၊ မုန့်ဖုတ်ဆိုဒါ၊ ဗီနီဂါ စတာတွေကို ရောလိုက်လို့ရလာတဲ့ အရည်လိုမျိုး ထိရောက်တဲ့သဘာဝနည်းလမ်းတွေ သင့်အိမ်သန့်ရှင်းရေးအတွက် ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူဖော်စပ်စရာတွေ များစွာရှိပါတယ်။ ချေးချွတ်ရအခက်ဆုံး သန့်စင်ခန်းလိုနေရာမျိုးအတွက်လည်း သဘာဝသစ်မြစ်သစ်ဥတွေနဲ့ ဖော်စပ်ထားတဲ့ ခေါင်းလျှော်ရည်၊ ဆပ်ပြာတွေကို လွယ်လင့်တကူ အသုံးပြုနိုင်ပါသေးတယ်။ ဒီလို သဘာဝနည်းလမ်းတကျ သင့်အိမ်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် အဆိပ်တွေကင်းဝေးပြီး အကောင်းဓာတ်တွေနဲ့ သင့်အိမ်လေး တောက်ပနေတော့မှာ အသေအချာပါပဲရှင်။


၃။ ပြတင်းပေါက်တွေ သန့်ရှင်းနေပါစေ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

အိမ်သန့်ရှင်းရေးကို နိစ္စဓူဝလုပ်တဲ့အခါ ပြတင်းပေါက်တွေကို မေ့နေတတ်ပါတယ်။ မေ့လျော့လို့လုံးဝမဖြစ်ပါဘူး။ သန့်ရှင်းတဲ့ ပြတင်းပေါက်တွေဆိုတာ သန့်ရှင်းတဲ့စိတ်နဲ့ သင့်ဘဝကို နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဖို့ရာ ကြည်လင်တဲ့ မျက်လုံးတွေရဲ့ သင်္ကေတတွေပဲဖြစ်ပါတယ်။

 

၄။ သစ်ပင်စိုက်ပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

သစ်ပင်တွေဟာ သင့်အိမ်လေထုကို အဆိပ်ဖြေပေးနိုင်ရုံမက သင့်အိမ်ရှိ လျှပ်စစ်သံလိုက်စွမ်းအင်တွေကို လျော့ချပေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အပင်တွေဟာ သဘာဝနဲ့ ချမ်းသာကြွယ်ဝပေါလျှံမှုတို့ရဲ့ အခြေခံသင်္ကေတပဲဖြစ်ပါတယ်။ ပေါကြွယ်ဝမှုကို ဖန်တီးပေးမယ့် မူရင်းသင်္ကေတသစ်ပင်ကတော့ ငွေပင်လို့ခေါ်တဲ့ ကျောက်စိမ်းပင်ပေါ့။ ဒါပေမဲ့ စည်းစိမ်းဥစ္စာကြွယ်ဝမှုကို အားပေးတဲ့ အခြားအရွက်တွေဝေဆာ၊ စိမ်းလန်း စိုပြေသန်စွမ်းတဲ့ အပင်တွေကိုလည်း စိုက်ပျိုးနိုင်ပါတယ်။

 

၅။ သင့်မီးဖိုချောင်ကို အသုံးပြုပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

မီးဖိုချောင်တွေဟာ စီးပွားဥစ္စာရဲ့ ရှေးဟောင်းသင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ကောင်းကောင်းကျွေးမွေးနိုင်ရင်ကိုပဲ အတော်လေး ချမ်းသာကြွယ်ဝနေပါပြီ။ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၂ ခုနှစ်အကြား နာတာရှည် အာဟာရချို့တဲ့ခဲ့ကြသူနှုန်းဟာ ကမ္ဘာမှာ လူရှစ်ဦးမှာ တစ်ဦးနှုန်း ရှိခဲ့ပါတယ်။ ဒါကြောင့် သင်ကောင်းကောင်းစားသောက် နိုင်တယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့သူဆိုတာကို သတိချပ်ပြီး သင့်မီးဖိုချောင်ကို ကျေးဇူးတင်စွာနဲ့ မကြာခဏအသုံးပြုပါ။


၆။ များများပေးပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

'ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရမယ်'၊ 'ကိုယ်ပြု သောကံ ကိုယ့်ထံပြန်လာမယ်' စတဲ့ ဆိုရိုးတွေဟာ အရမ်းကို မှန်ပါတယ်။ ဖုန်းရွှေမှာ မေတ္တာ၊ ဂရုဏာဟာ ချမ်းသာကြွယ်ဝမှုနဲ့ တိုက်ရိုက်ကို သက်ဆိုင်ပါတယ်။ ဘဝလမ်းခရီးမှာလည်း ဒီသဘောပါပဲ။ သင့်အိမ်နီးနားချင်းမိတ်ဆွေတွေ၊ သင့်ရပ်ကွက်၊ သင့်လူမှုဝန်းကျင်က မိတ်ဆွေတွေကို ပစ္စည်းမှမဟုတ်ပါဘူး၊ ကိုယ်(လူအား)၊ နှုတ်၊ စိတ် အမူအရာတို့နဲ့ ဘာပေးလို့ရမလဲ၊ ဘယ်လိုကူညီရမလဲဆိုတာတွေ ရှာဖွေပါ။ လုပ်အားဒါန၊ ပစ္စည်းဒါန ဒီအလှူသေးသေးလေးတွေဟာ သင့်ရဲ့တန်ဖိုးရှိတဲ့ ဘဝအချိန်တွေပဲဖြစ်ပါတယ်။

 

၇။ ဧည့်သည်တွေကို လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

'အိမ်သာလို့ ဧည့်လာ'ဆိုတဲ့ ဗမာဆိုရိုးရှိသလိုပဲ ဖုန်းရွှေမှာလည်း သင့်အိမ်ကိုလာတဲ့ ဧည့်သည်တွေဆိုတာ လတ်ဆတ်တဲ့စွမ်းအင်တွေပဲမို့ လှိုက်လှိုက်လှဲလှဲ၊ ပျူပျူငှာငှာ ကြိုဆိုသင့်ပါတယ်။

 

၈။ ဆော့ကစားပါ။

ပိုမိုကြီးပွားချမ်းသာလာဖို့ရာ အကြံပြုချက် (၈) ချက်

စိတ်ဖိစီးမှုဟာ တိုးတက်မှုကို ဆိတ်သုဉ်းစေပြီး ဆော့ကစားခြင်းက ကောင်းမွန်တဲ့စွမ်းအင်တွေကို သင့်အိမ်ထဲ စီးဆင်းစေပါတယ်။ စစ်တုရင်၊ ကျားထိုး၊ ဇယ်တောက်တာ သို့မဟုတ် ပုံဆွဲ၊ ဆေးခြယ်၊ ပန်းချီဆွဲ စတာတွေလို ဖန်တီးမှု၊ ဉာဏစွမ်းအားတွေကို ဖွံ့ဖြိုးစေပါတယ်။ ရင့်သန်လာတာနဲ့အမျှ ဒီစွမ်းအားတွေက မဖြေရှင်းနိုင်ပါဘူး၊ မကျော်လွှားနိုင်ပါဘူးလို့ ထင်ရစေမဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ထူးခြားတဲ့ ဖြေရှင်းနည်း မြောက်များစွာကို ရရှိစေပါလိမ့်မယ်။


ဖုန်းရွှေမှာ 'ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ကပဲ ခြယ်လှယ်နိုင်တာ'နဲ့ 'ငွေကြေး' တို့ဟာ တစ်ခုတည်း၊ တစ်ထပ်တည်းကျပါတယ်။ အထက်မှာဖော်ပြပေးခဲ့တဲ့အချက်တွေကို လိုက်နာခြင်းအားဖြင့် သင့်အိမ်ကို ချမ်းသာကြွယ်ဝမှု ကောင်းခြင်းမင်္ဂလာတွေနဲ့ စတင်လိုက်ပါတော့။ သင့်နေရာလေးကို စွမ်းအင်တွေဖြည့်ရင် သင့်စိတ်ခွန်အားကြီးထွားလာမယ်။ စိတ် ခွန်အားကြီးထွားလာရင် သင့်ကိုယ်ပိုင်စွမ်းအင်တွေကြွယ်ဝလာမယ်။ ဒါဆိုရင် သင့်ဘဝ ပိုမိုကြီးပွားချမ်းသာလာဖို့ရာ ဘယ်အရာကများ တားဆီးဟန့်တားနိုင်စွမ်းရှိတော့မှာလဲရှင်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

 

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App