290 ကြိမ် ကြည့်ရှု့ ပြီး

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

ဖုန်းရွှေပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့ ဖုန်းရွှေအစီအရင်ကတော့ နေရပ်နဲ့ အရပ်မျက်နှာကို လိုက်ပြီး ကံကောင်းမှုတွေ ရစေနိုင်တဲ့ အရောင်တွေ နဲ့ ကံဆိုးကံကောင်းရွေးချယ်ပြီး ဆောင်ရန်ရှောင်ရန် အရောင်တွေအကြောင်းကို ပြောပြချင်ပါတယ်... 

 နေအိမ်နဲ့ ပတ်သက်တဲ့ ဖုန်းရွှေအစီ အရင်ရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ စီးပွားရေး၊ ကြီးပွားရေးနည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ ဖုန်းရွှေက ပေးတဲ့နည်းလမ်းကောင်းတွေ အစီအရင်ကောင်း၊ အဆောင်ကောင်းတွေ လိုက်နာပြီးဆောင်ရွက်လိုက်လို့ အဆင်ပြေသွားကြတဲ့ နေအိမ်တွေ စီးပွားလာဘ်လာဘတွေ ဝင်လာပြီး တိုးတက်ကြီးပွားသွားတာတွေ၊ မကောင်းတဲ့ အခက်အခဲတွေ ကျော်ဖြတ် ၊ ဘေးအန္တရာယ်ကင်းရှင်းသွားတာတွေရှိလာတယ် ဆိုတော့ ဖုန်းရွှေအစီအရင်က တကယ်စွမ်းပြီး လူသားတွေရဲ့ အကျိုးကို ဆောင်ကျဉ်းပေးတဲ့ လေးစားစရာပညာရပ်တစ်ခု ဖြစ်နေပါရောလား။

ဒီတော့ ဖုန်းရွှေပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့ ဖုန်းရွှေအစီအရင်ကတော့ နေရပ်နဲ့ အရပ်မျက်နှာကိုလိုက်ပြီး ကံကောင်းမှုတွေရစေနိုင်တဲ့ အရောင်တွေနဲ့ ကံဆိုးကံကောင်း ရွေးချယ်ပြီး ဆောင်ရန်ရှောင်ရန် အရောင်တွေ အကြောင်းကို ပြောပြချင်ပါတယ်။

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

ဖုန်းရွှေအစီအရင်ရဲ့ စွမ်းအင်တွက်ချက်မှု စည်းမျဉ်းစည်းကမ်းအရ မြောက်စူးစူးအရပ်မှာ တည်ရှိနေတဲ့ ထောင့်ခန်းဟာဆိုရင် သင်တို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနဲ့ ပိုင်ဆိုင်မှု၊ ငွေကြေးစီးဝင်မှု အခွင့်အလမ်းတွေအတွက် အကောင်းဆုံးစွမ်းအင် ထောက်ပံ့မှုတွေ ပေးနိုင်တယ်လို့ သိရပါတယ်။ မြောက်အရပ်က ချမ်းသာကြွယ်ဝမှုကို ပုံဆောင်ပေးသလို ရေဓာတ်နဲ့ သထ္ထုအရောင်တွေက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ကြီးပွားအောင်မြင်နိုင်ပါတယ်။ 

၁။ ကံတရားအတွက် သတိထားရမယ့်အရောင် - သစ်သားအရောင် ( အစိမ်း ရောင်၊ အဝါရောင်နဲ့၊ အသားရောင် )

၂။ မြေကြီးထုအရောင် ( ပန်းရောင်၊ အဝါရောင်၊ အသားအညိုရောင် )

၃။ ကံတရားအတွက် ထောက်ပံ့ပေးမယ့်အရောင် - ရေဓာတ်အရောင် ( အပြာ ရောင်နဲ့ အနက်ရောင် )

၄။ ကံတရားမြင့်တက်စေတဲ့ အရောင် - သတ္ထုအရောင် ( ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်၊ အဖြူရောင် )

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 

မြောက်ဘက်အရပ်မှာရှိနေတဲ့ အိမ်သာတွေ ၊ မီးဖိုချောင်တွေမှာ အစိမ်းရောင်၊ သစ်သားအရောင်တွေ အသုံးပြုသင့်ပါတယ်။ ဒီလိုအသုံးပြုတာက သင့်ရဲ့ အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ကံတရားမြင့်တက်စေပြီး ကံကောင်းစေနိုင်ပါတယ်။ နောက်ပြီးတော့ မြေကြီးဓာတ်ဆန်တဲ့ အရောင်တွေကလည်း ကံတရားမြင့်တက်ခြင်းကို အထောက်အပံ့ပေးနိုင်ပါတယ်။

အိမ်ရဲ့ ဧည့်ခန်းမှာတော့ အပြာရောင်ကို အသုံးပြုခြင်းအားဖြင့် ငြိမ်းချမ်းခြင်း၊ ဆိတ်ငြိမ်သက်ခြင်း၊ စိုးရိမ်မှုကင်းခြင်း၊ အစီအစဉ် တကျရှိခြင်း စတာတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ များသောအားဖြင့် အမျိုးသားတွေ အများစုက အပြာရောင်ကို နှစ်သက်ကြပါတယ်။ အပြာရောင်က စိတ်ခံစားမှုအလိုက်ကို သိသိသာသာပြောင်းလဲစေနိုင်တဲ့ နောက်တစ်ချက်က အစာစားချင်စိတ်ကို လျော့နည်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့လို့ တချို့နေအိမ်တွေမှာ အပြာရောင်အသုံးအဆောင် မီးဖိုချောင် ပစ္စည်းတွေ အသုံးပြုပြီးတော့ ခန္ဓာကိုယ်အလေးချိန်ကို လျော့ချတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှု၊ နာဖျားမှု၊ မောပန်း နွမ်းနယ်မှုတွေကိုလည်း ဖြေလျော့ပေးနိုင်ပါတယ်။

 

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 

 


တောင်အရပ်က သင်တို့မိသားစုရဲ့ နာမည်ဝိသေသ၊ ဆိုရှယ်ဘ၀နေထိုင်မှု၊ အောင်မြင်ကျော်ကြားခြင်း စတာ တွေကို ဖန်တီးပေးပါလိမ့်မယ်။ တောင်ဘက်အရပ် မှာရှိတဲ့ အခန်း၊ ထောင့်တွေမှာ သစ်သား ဓာတ်၊ မီးဓာတ်ရှိတဲ့ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ အောင်မြင်ကျော်ကြား ခြင်း ဂုဏ်သတင်းကျော်ဇောခြင်းတွေ ရချင်တယ်ဆိုရင်တော့ တောင်ဘက်ကျတဲ့ ထောင့်အခန်းက သင့်အတွက် အရေးပါဆုံး ဖြစ်ပါလိမ့်မယ်လို့ သတိပေးချင်ပါတယ်။

 

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်


၅။ ကံတရားအတွက် သတိထားရမယ့် အရောင် - မြေကြီးအရောင် (အသားရောင်)၊ ရေဓာတ်အရောင် (အပြာရောင်၊ အနက်ရောင်)

၆။ ကံတရားအတွက် ထောက်ပံ့ပေးမယ့် အရောင် - အနီရောင်

၇။ ကံတရားမြင့်တက်စေတဲ့ အရောင် - အစိမ်းရောင်၊ သစ်သားအရောင်၊ အညို ရောင်

တောင်ဘက်အရပ်မှာရှိတဲ့ အိမ်သာနဲ့ မီးဖိုချောင်တွေကို မြေကြီးဓာတ်ဆောင်တဲ့ အရောင်၊ အသားအရောင်တွေကို အသုံးပြုသင့်ပါတယ်။ ရေဓာတ်ဆောင်တဲ့ အရောင်တွေကလည်း ကံကောင်းခြင်း၊ ကံပွင့်ခြင်းကို တိုးမြင့်ထောက်ပံ့ပေးနိုင်ပါတယ်။


အိမ်ရဲ့ ဧည့်ခန်းလိုနေရာမှာဆိုရင်တော့ အနီရောင်ကို အသုံးပြုခြင်းအားဖြင့် ပျော်ရွှင်ကြည်နူးစရာတွေ၊ စိတ်လှုပ်ရှားစရာတွေ၊ ဆွဲဆောင်မှုခပ်ပြင်းပြင်း ခံစားမှုတွေကို ဆောင်ယူပါ။ ဖုန်းရွှေရဲ့အရောင် စွမ်းအင်သဘောအရဆိုရင် အနီရောင်က ညို့ဓာတ်အား ပြင်းထန်တဲ့အရောင်ဖြစ်ပါတယ်။ အနီရောင်က အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေတယ်။ ဒါကြောင့်မိုလို့ တချို့စားသောက်ဆိုင်ကြီးတွေမှာဆိုရင် အနီရောင်ပြင်ဆင်အသုံးပြုမှုတွေ အများဆုံးသုံးကြတာကို တွေ့ရပါတယ်။ အနီရောင် ရဲ့  မူလသဘောသဘာဝအရ ဆူပွက်ခြင်း၊ စိတ်မရှည်၊ စိတ်မငြိမ်းချမ်းခြင်း၊ လောင်မြိုက်ခြင်း သဘောကို ဆောင်တာကြောင့် အိမ်တွင်းနံရံတွေနဲ့ မျက်နှာကျက်တွေမှာ အသုံးပြုမယ့်အစား အိမ်ရဲ့ အသုံးအဆောင်၊ အလှဆင်ပစ္စည်းတွေမှာပဲ အသုံးပြုဖို့ သင့်တော်ပါတယ်။

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 

အရှေ့နဲ့ အရှေ့တောင်အရပ်မှာ ရေ ဓာတ်နဲ့ သစ်သားဓာတ်ဆောင်တဲ့ အရောင်တွေကို အသုံးပြုခြင်းအားဖြင့် ချမ်းသာကြွယ်၀ခြင်း၊ တိုးတက်ကြီးပွားခြင်းတွေကို ဆောင်ယူနိုင်ပါတယ်။ ဒီအဆောင်အယောင်တွေကနေ တစ်နှစ်ပတ်လုံး ဆင်းရဲသောက ကျရောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ချမ်းသာကြွယ်ဝမှုကို ကြာရှည်ခံစားနိုင်အောင် ဖန်တီးပေးနိုင်တယ်လို့လည်း ဆိုလို့ရနိုင်ပါတယ်။ ကြံ့ခိုင်ခြင်း၊ အသက်သွေးကြောတမျှ အရေးပါခြင်း၊ ကျန်းမာသန်စွမ်းတဲ့ ရုပ်အင်္ဂါလက္ခဏာကို ပိုင်ဆိုင်ခြင်း၊ စိတ်ချမ်းမြေ့ရခြင်း စသည်တို့ကို ဖန်တီး ပေးနိုင်ပါတယ်။

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 

၁။ ကံတရားအတွက် သတိထားရမယ့် အရောင် - အနီရောင်၊ သတ္ထုအရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင် 

၂။ ကံတရားအတွက် ထောက်ပံ့ပေး မယ့်အရောင် - အစိမ်းရောင်၊ သစ်သား အရောင်၊ အညိုရောင်

၃။ ကံတရားမြင့်တက်စေတဲ့ အရောင် - အပြာရောင်၊ အနက်ရောင်

အရှေ့အရပ်နဲ့ အရှေ့တောင်ဘက်အရပ် တွေမှာရှိတဲ့ အိမ်သာ၊ မီးဖိုချောင် စတဲ့ နေရာတွေမှာ အနီရောင်နဲ့ လိမ္မော်ရောင် တွေကို အသုံးပြုသင့်ပါတယ်။ ကျန်းမာရေး အထောက်အပံ့၊ ဝင်ငွေစီးပွားတိုးပွားလာခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ သတ္ထုဆန်တဲ့ အရောင်တွေကို သုံးပေးခြင်းအားဖြင့်လည်း ပိုပြီးတော့ ကံတရားအထောက်အပံ့ ပိုရစေနိုင်ပါတယ်။

အိမ်ရဲ့ ဧည့်ခန်းပိုင်းမှာဆိုရင်တော့ အစိမ်းရောင်ကို သုံးစွဲပေးသင့်ပါတယ်။ စိတ်အာရုံခံစားမှုဉာဏ်ပွင့်လင်းခြင်း၊ ခန္ဓာကိုယ် ကျန်းမာပေါ့ပါးသွက်လက်ခြင်းတို့ကို ရရှိစေနိုင်ပါတယ်။ အစိမ်းရောင်သန်းတဲ့ အရိပ်၊ အစိမ်းရောင်အငွေ့အသက် ခံစားမှုအလုံးစုံတို့က သဘာဝကျတဲ့ပတ်ဝန်းကျင် နဲ့ နီးစပ်စေပြီး စိတ်ကြည်လင်လန်းဆန်း စေနိုင်ပါတယ်။

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 


အနောက်နဲ့ အနောက်မြောက်အရပ် အတွက်ဆိုရင်တော့ မြေကြီးဓာတ်ဆောင် တဲ့ အရောင်တွေကို အသုံးပြုသင့်ပါတယ်။ ကိုယ်ပိုင်ဖန်တီးနိုင်မှုစွမ်းရည်တွေ၊ ကိုယ်ပိုင် ဖော်ပြချက်၊ ကိုယ်ပိုင်စွမ်းရည် အရည်အသွေးတွေကို အကောင်းဆုံးဖော်ပြခွင့်ရနိုင်ပါတယ်။ အနောက်အရပ်က အထူးသဖြင့် ကလေးငယ်တွေအတွက် ကံကောင်းတဲ့အရပ်လို့ ဆိုရမှာပါပဲ။ သင့်မှာ ချစ်စရာ ကောင်းတဲ့ ရင်သွေးငယ်လေးတွေ ရှိနေရင်တော့ သူတို့လေးတွေအတွက် ဘာပြဿနာမှ မဖြစ်ပေါ်လာနိုင်ဘူးလို့ စိတ်ချထားလိုက်ပါ။ အနောက်မြောက်အရပ်အတွက် သတ္ထုနဲ့ မြေကြီးစွမ်းအင်တွေက သင့်ရဲ့ လာမယ့်အနာဂတ်အချိန်အတွက် ကံကောင်းခြင်းတွေကို ဆောင်ယူပေးနိုင်ပါတယ်။

၄။ ကံတရားအတွက် သတိထားရမယ့် အရောင် -အနီရောင်၊ အပြာရောင်၊ အနက်ရောင်

၅။ ကံတရားအတွက် ထောက်ပံ့ပေးမယ့်အရောင် - အဖြူရောင်၊ သတ္ထုရောင်၊ မီးခိုးရောင်၊ ငွေရာင်၊ ရွှေရောင်

၆။ ကံတရားမြင့်တက်စေတဲ့အရောင် - အဝါရောင်၊ အသားရောင်( ပန်းရောင်၊ အညိုရောင်၊ အဝါရောင်)

အနောက်အရပ်နဲ့ အနောက်မြောက် အရပ်မှာရှိနေတဲ့ အိမ်သာနဲ့ မီးဖိုချောင်တွေ အတွက်ဆိုရင်တော့ အပြာရောင်နဲ့ အနက်ရောင်တို့ကို သုံးစွဲပေးသင့်ပါတယ်။ ကောင်းတဲ့ကံတရားအထောက်အပံ့တွေ၊ ကောင်းတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကြုံဆုံလာရဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ နောက်ထပ်ပြီး အနီရောင်ကို သုံးစွဲပေးခြင်းအားဖြင့်လည်း ကံတရားရဲ့ အရှိန်ကို မြင့်တက်စေပါတယ်။

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်


အိမ်ရဲ့ ဧည့်ခန်း နွေးနွေးထွေးထွေး ရှိဖို့အတွက်ဆိုရင်တော့ ငွေရောင်၊ မီးခိုး ရောင်တို့က ဖုန်းရွှေချီစွမ်းအင်ရဲ့ အနွေးဓာတ်ကို သယ်ဆောင်လာနိုင်ပါတယ်။ မီးခိုးရောင်ရဲ့ မူလစွမ်းအင်အရ ထိုင်းမှိုင်းခြင်း၊ ငြီးငွေ့ဖွယ်ကောင်းခြင်း၊ စိတ်တွေ ဝေမိန်းမောရခြင်းတို့ ဖြစ်စေတဲ့အတွက် နံရံတို့ ၊ မျက်နှာကျက်တပ်ဆင်ခြင်းတို့မှာ အသုံးမပြုဘဲ အိမ်အသုံးအဆောင်၊ အလှဆင်ပစ္စည်းတွေလောက်မှာသာ အသုံးပြုဖို့တော့ သိထားသင့်ပါတယ်။

အနောက်တောင်နဲ့ အရှေ့မြောက်အရပ်တွေမှာ မြေကြီးဓာတ်၊ မီးဓာတ် အရောင်တွေကို အသုံးပြုခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာကြိုးတွေကို ပိုမိုခိုင်မာလာစေနိုင်ပါတယ်။ မြေကြီးဓာတ်နဲ့ မီးဓာတ်အရောင်တွေ အရှေ့မြောက်အရပ်မှာ ရှိနေမယ်ဆိုရင် ပညာရေးကိစ္စတွေ၊ အရေးတကြီးဆုံးဖြတ်ချက် ကိစ္စတွေမှာ အထောက်အကူပေးနိုင်ပါတယ်။

၇။ ကံတရားအတွက် သတိထားရမယ့် အရောင် - သစ်သားဓာတ်အရောင်၊ အညိုရောင်၊ သတ္ထုအရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင်၊ အဖြူရောင်

၈။ ကံတရားအတွက် ထောက်ပံ့ပေး မယ့်အရောင် - အဝါရောင်၊ အသားရောင်၊ ပန်းရောင်၊ အဝါရောင်

၉။ ကံတရားမြင့်တက်စေတဲ့ အရောင် - အနီရောင်၊ လိမ္မော်ရောင်

 

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

အနောက်တောင်အရပ်နဲ့ အရှေ့ မြောက်အရပ်တို့မှာရှိတဲ့ မီးဖိုချောင်နဲ့ အိမ်သာတွေအတွက် သတ္ထုအရောင်နဲ့ ငွေရောင်၊ မီးခိုးအရောင်တို့ကို သုံးစွဲပေးသင့်ပါတယ်။ သစ်သားဆန်တဲ့ အရောင်တွေ နဲ့ သတ္တုဆန်တဲ့ အရောင်တွေက ကံစွမ်းအားကို ပိုမိုမြင့်တက်ကောင်းမွန်လာစေနိုင် ပါတယ်။

နေအိမ်ရဲ့ ဧည့်ခန်းအတွက်ကို မြေကြီး ဆန်တဲ့အရောင်၊ အသားရောင်နဲ့ ပန်းရောင်စသဖြင့် အရောင်တွေကို သုံးစွဲပေးပြီး ချစ်ခြင်းမေတ္တာစွမ်းအားကို ပိုမို မြှင့်တင်ပေးပါ။ နောက်ပြီး ဧည့်ခန်းအပြင် အဆင်အတွက်ကိုလည်း အဝါရောင်ကို သုံးစွဲပေးလို့ ရနိုင်ပါတယ်။ အဝါရောင်က ဖုန်းရွှေအစီအရင်ရဲ့ ကံတရားအစီအရင် ကောင်းအတွက် အထောက်အပံ့ပေးနိုင်တဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ အဝါရောင်က အောင်မြင်ခြင်းတွေကို သယ်ဆောင်နိုင်ပါတယ်။ မျှော်လင့်ချက်တွေ ပြည့်၀ခြင်း၊ ညဏ်အမြော်အမြင်ကောင်းမွန်ခြင်းတွေ ကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

နေအိမ်အရပ်မျက်နှာအလိုက် ဆောင်ရန်၊ ရှောင်ရန် ဖုန်းရွှေအစီအရင်

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App