473 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

 

[Unicode]

 

Lunar New Year နဲ့ Spring Festival လို့ လူသိများတဲ့ တရုတ်နှစ်သစ်ကူးနေ့ကတော့ အခု ၂၀၂၄ ခုနှစ်မှာဆိုရင် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်မှာဖြစ်ပါတယ်။ အခုနှစ်ဟာ ရာသီခွင်ထဲက ကံအကောင်းဆုံး တိရစ္ဆာန်လို့ ယူဆကြတဲ့ နဂါးနှစ်ဖြစ်တာ ကြောင့်လည်း အရှိန်အဟုန်အားဖြင့် ကြီးမားတယ်လို့ ယူဆကြပါတယ်။ နဂါးဟာ ကံကောင်း ရုံသာမက ခွန်အားကြီးခြင်း၊ စွမ်းအားမြင့်မားခြင်း၊ ဉာဏ်ပညာကျယ်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် အခုနှစ်ရဲ့ ဒြပ်စင်အမျိုးအစားက သစ်သားဖြစ်ပြီးတော့ Wood Dragon ဟာ ကံကောင်းခြင်းတွေကို သယ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

 

၁၅ ရက်တာကြာမြင့်မယ့် အားလပ်ရက်ဟာ လပြက္ခဒိန်မှာ နွေဦးရာသီရဲ့ အစဖြစ်ပြီးတော့ အာရှယဉ်ကျေး မှု အထူးသဖြင့် တရုတ်ယဉ်ကျေးမှုမှာ အရေးပါးဆုံး ပွဲတော်တစ်ခုဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဖုန်းရွှေရဲ့နည်းလမ်းကောင်းအစီအရင်ဟာ မကြာခင်လာတော့မယ့် တရုတ်နှစ်သစ်ကူး အခါသမယအတွက် နေအိမ်တွေမှာ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

ဖုန်းရွှေရဲ့ နည်းလမ်းတွေဟာဆိုရင် နေအိမ်တွေအတွက် ကျက်သရေအဖြာဖြာတိုးခြင်း၊ စီးပွားရေးအောင်မြင်ခြင်း၊ ကျန်းမာရေးကောင်းခြင်းကဲ့ သို့သော ကောင်းခြင်းအဖြာဖြာကို ပိုင်ဆိုင်ဖို့ဖြစ်ပါတယ်။ ဒီတော့ ရိုးရှင်းလှတဲ့ ဖုန်းရွှေရဲ့ အစီအရင်တွေနဲ့ တရုတ်နှစ်သစ်ကူး အခါသမယကို စတင်လိုက်ပါ။

 


တရုတ်နှစ်သစ်ကူးအတွက် ဆေးကြောသန့်စင်ခြင်းနဲ့ အလှဆင်ပြင်ဆင်မှုတွေလုပ်ခြင်း

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

တရုတ်နှစ်သစ်ကူးအတွက် တရုတ်လူမျိုးအပါအဝင် လူအများအ ပြားက အားလပ်ရက်မစတင်မီ သူတို့ရဲ့ နေအိမ်တွေကို သန့်ရှင်းရေးလုပ်ခြင်း၊ ယဉ်ကျေးမှု ပွဲတော်အတွက် အစဉ်အလာအားဖြင့် အလှဆင်ခြင်း၊ ပွဲတော် နေအိမ်နဲ့ အဆောက်အအုံတွေမှာ ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ကြပါတယ်။ အဲဒီ ရည်ရွယ်ချက်ဟာ တစ်နှစ်ပတ်လုံးကံကောင်းခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ သာယာဝပြောခြင်းတွေ ရရှိဖို့အတွက်လည်း ဖြစ်ကာ တရုတ်နာမည်ကြီးရိုးရာ ဖုန်းရွှေအစဉ်အလာကို လိုက်နာခြင်းနဲ့လည်း လုပ်ကြတာဖြစ်ပါတယ်။

 


ပြတင်းပေါက်တွေနဲ့ တံခါးတွေအားလုံးကို ဖွင့်လှစ်ထားပါ

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

ဖုန်းရွှေဟာ တရုတ်ရိုးရာ ရှေးဟောင်းအလေ့အထတစ်ခုဖြစ်ပါတယ်။ စွမ်းအင်ကို အသုံးပြုပြီးတော့ နေအိမ်ရဲ့ ထားသိုပြင်ဆင်မှုတွေမှာ သဟဇာတဖြစ်အောင် ဖန်တီးခြင်းနဲ့ ကောင်းမွန်တဲ့အရာတွေကို ဆွဲဆောင်တာဖြစ်ပါတယ်။

ပြတင်းနဲ့ တံခါးပေါက်တွေအားလုံးကို ဖွင့်လှစ်ထားပါ။ တရုတ် နှစ်သစ်ကူးဟာ လပြက္ခဒိန်ရဲ့ နွေဦးရာသီ ပထမဆုံးနေ့ဖြစ်တာကြောင့် ရာသီတွေရဲ့ ပြောင်းလဲခြင်း အဓိပ္ပါယ်ကို စဉ်းစားပါ။ နွေဦးရာသီဟာ အစီအစဉ်တွေဆွဲခြင်း၊ တည်ငြိမ်ခြင်းနဲ့ လုပ်ငန်းတွေလုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်လို့ ဖုန်းရွှေပညာရပ် ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေအိမ်နဲ့ အခန်းတွေ၊ ရုံးခန်းအဆောက်အအုံနေရာတွေက ပြတင်းနဲ့ အခန်းတွေကို ကိုးမိနစ်ခန့် ဖွင့်လှစ်ထားခြင်းဖြင့် သန့်စင်တဲ့လေထုဖန်တီးပေးနိုင်သလို စွမ်းအင်အားဖြင့်လည်း ကောင်းမွန်တဲ့ စွမ်းအင်တွေကို ဖိတ်ခေါ်နိုင်မှာလည်း ဖြစ်ပါတယ်။

 

အိမ်ရှေ့အဝင်အဝ တံခါးအရှေ့ သန့်ရှင်းနေပါစေ

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

တိုက်ခန်းမှာပဲနေနေ၊ နေအိမ်မှာပဲ နေနေ၊ ရုံးခန်းမှာပဲ ဖြစ်ဖြစ် အရှေ့ဘက်အဝင်အဝနေရာကတော့ အရေးကြီးဆုံးပါပဲ။ အိမ်ရှေ့တံခါးက အသက်စွမ်းအင်ဖြစ်ပြီး Chi Mouth လို့လည်း ခေါ်ကာ ဖုန်းရွှေပညာရပ်မှာတော့ အရေးကြီးတယ်လို့ မှတ်ယူထားကြပါတယ်။ ဒါပေမယ့် လူတော်တော်များများက အိမ်ရှေ့ခန်းတံခါး၊ အဝင်အဝနေရာတွေကို လျစ်လျူရှုထားကြတယ်လို့ ပညာရှင်တွေက သုတေသနပြု ပြောကြားထားကြပါတယ်။

အိမ်တံခါးက နေအိမ်တစ်အိမ်အတွက်၊ အိမ်သားတွေအတွက် မျက်နှာနဲ့ ကမ္ဘာတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါကြောင့် အိမ်ရှေ့တံခါးပေါက်ကို သန့်ရှင်းသပ်ရပ်အောင်၊ မြင်လိုက်တာနဲ့ကို စိတ်နှလုံးကျေနပ်စရာကောင်းအောင် ပြင်ဆင်ခြင်းအားဖြင့် ကျက်သရေအဖြာဖြာတိုးတက်စေမှာပါ။

 

အိပ်ယာနဲ့ အခင်းတွေကို အသစ်ပြန်လည်ပြင်ဆင်ပါ

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

သင့်ရဲ့ အိပ်ယာပေါ် လဲလျောင်းတဲ့ အချိန် ဘယ်လောက်ရှိလဲဆိုတာ စဉ်းစားကြည့်ပါ။ အိပ်ယာပေါ် ရောက်နေတဲ့ အချိန်မှာတောင် စိတ်အနှောင့်အယှက်တွေ ရှိနေပြီဆိုရင် ဒါဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက်အဖို့ အိပ်စက်အနားယူခြင်းက တစ်နေ့တာ ပင်ပန်းခဲ့သမျှတွေ ပြေပျောက်ပြီး နောက်ထပ် နေ့သစ်တစ်ရက်အတွက် အားအင်တွေ ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိပ်ခန်းတစ်ခန်း အလှဆင်တာ၊ သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ခြင်းနဲ့ ကောင်းမွန်တဲ့စွမ်းအင်တွေ အိပ်ခန်းထဲကို ဝင်ရောက်လာနိုင်ပါတယ်။ အိပ်ယာနဲ့ အခန်းအသစ်ဖွဲ့ပြင်ဆင်ခြင်းက စိတ်ခံစားချက်ကို အသစ်ဖြစ်စေပြီး စိတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။

 

လိမ္မော်သီးတွေနဲ့ အလှဆင်ပါ

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

အာရှတွင်းမှာ လိမ္မော်သီးတွေဟာ ပေါ်ပြူလာဖြစ်တဲ့ အသီးတစ်လုံးဖြစ်ပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ ဆိုရင်လည်း အလွန်ကို အရေးပါတဲ့ အသီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောက်ပတဲ့ ရွှေရောင်ကြောင့် လိမ္မော်သီးတွေဟာ ကံကောင်းခြင်းတွေ သယ်ဆောင်ပေးလာနိုင်မယ့် သင်္ကေတလို့ ယူဆကြပါတယ်။ လတ်ဆတ်တဲ့ လိမ္မော်သီး ကိုးလုံးထားရှိခြင်းက ကြွယ်ဝချမ်းသာမှု၊ လတ်ဆတ်မှုတွေကို ခံစားရစေပါတယ်။ လိမ္မော်သီးတွေ နေအိမ်ခန်းထဲမှာ ထားရှိခြင်းက ကြီးကျယ်ခမ်းနားစေပြီး ပျော်ရွှင်မှုကို ယူဆောင်ပေးလာတာ ဖြစ်ပါတယ်။

 

တရုတ်နှစ်သစ်ကူးမှာ မလုပ်ဆောင်သင့်တဲ့ အရာတွေကို ဖော်ပြပေးရမယ်ဆိုရင်

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မှာ ကိုယ့်အိမ်ထဲကို ဝင်ရောက်သွားတဲ့ ကံကောင်းခြင်းတွေ အဝေးကို မရောက်စေဖို့ သန့်ရှင်းရေးလုပ်ခြင်းကို ရှောင်ပါ။ ဒါကြောင့်မို့လို့ နှစ်သစ်မစခင်အလိုမှာကတည်းက သန့်ရှင်းရေးအားလုံးကို သေချာလုပ်ထားပါ။ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ကျင်းပတဲ့ ရိုးရာဓလေ့တွေအများကြီးရှိပါတယ်။ ရေပန်းအစားဆုံး ဓလေ့သုံးခုက နှစ်သစ်မတိုင်မီ အိမ်ကို သန့်ရှင်းရေးလုပ်ပါ။ အိမ်ကို အနီရောင်နဲ့ အလှဆင်ပါ၊ မိသားစုနဲ့ ဆွေမျိုးတွေကို အစားအသောက်နဲ့ လက်ဆောင်ပစ္စည်းတွေ မျှဝေပါ။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ပြတင်းတံခါးပေါက်တွေဖွင့်ထားပါ။ အိမ်ရှေ့တံခါးနေရာတွေမှာ သန့်ရှင်းအောင်ထားပါ။ လိမ္မော်သီးတစ်ပန်းကန်ထားပါ။ အိပ်ခန်းကို တတ်နိုင်သမျှ သက်တောင့်သက်သာဖြစ်အောင်ထားပါ။

 

သင့်နေအိမ်မှာ တရုတ်နှစ်သစ်ကူးကို ဖုန်းရွှေဖြင့် ကြိုဆိုလိုက်ရအောင်

ဒီလိုဆိုရင် အခုလာမယ့် တရုတ်နှစ်သစ်ကူးအတွက် နေအိမ်တွေမှာ ဘယ်လိုပြင်ဆင်မှုတွေနဲ့ တိုးတက်ကြီးပွားခြင်း၊ ကံကောင်းခြင်းတွေရလာအောင် ပြင်ဆင်နိုင်မယ်ဆိုတဲ့ နည်းလမ်းတွေကို သိပြီးလောက်ပြီဖြစ်ပါတယ်။ ကံကောင်းခြင်း တွေ ပိုင်ဆိုင်တဲ့ နှစ်သစ်ကို ရပါစေလို့ iMyanmarHouse မှ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သင့္ေနအိမ္မွာ တ႐ုတ္ႏွစ္သစ္ကူးကို ဖုန္းေ႐ႊျဖင့္ ႀကိဳဆိုလိုက္ရေအာင္


Lunar New Year နဲ႔ Spring Festival လို႔ လူသိမ်ားတဲ့ တ႐ုတ္ႏွစ္သစ္ကူးေန႔ကေတာ့ အခု ၂၀၂၄ ခုႏွစ္မွာဆိုရင္ ေဖေဖာ္ဝါရီလ ၁၀ ရက္မွာ စတင္မွာျဖစ္ပါတယ္။ အခုႏွစ္ဟာ ရာသီခြင္ထဲက ကံအေကာင္းဆုံး တိရစၧာန္လို႔ ယူဆၾကတဲ့ နဂါးႏွစ္ျဖစ္တာ ေၾကာင့္လည္း အ႐ွိန္အဟုန္အားျဖင့္ ႀကီးမားတယ္လို႔ ယူဆၾကပါတယ္။ နဂါးဟာ ကံေကာင္း ႐ုံသာမက ခြန္အားႀကီးျခင္း၊ စြမ္းအားျမင့္မားျခင္း၊ ဉာဏ္ပညာက်ယ္ျခင္းတို႔ကို ကိုယ္စားျပဳပါတယ္။ ဒါ့အျပင္ အခုႏွစ္ရဲ႕ ျဒပ္စင္အမ်ိဳးအစားက သစ္သားျဖစ္ၿပီးေတာ့ Wood Dragon ဟာ ကံေကာင္းျခင္းေတြကို သယ္ေဆာင္လာမွာလည္း ျဖစ္ပါတယ္။

၁၅ ရက္တာၾကာျမင့္မယ့္ အားလပ္ရက္ဟာ လျပကၡဒိန္မွာ ေႏြဦးရာသီရဲ႕ အစျဖစ္ၿပီးေတာ့ အာ႐ွယဥ္ေက်း မႈ အထူးသျဖင့္ တ႐ုတ္ယဥ္ေက်းမႈမွာ အေရးပါးဆုံး ပြဲေတာ္တစ္ခုျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ ဖုန္းေ႐ႊရဲ႕နည္းလမ္းေကာင္းအစီအရင္ဟာ မၾကာခင္လာေတာ့မယ့္ တ႐ုတ္ႏွစ္သစ္ကူး အခါသမယအတြက္ ေနအိမ္ေတြမွာ ဘယ္လိုျပင္ဆင္ရမလဲဆိုတဲ့ အေၾကာင္းေတြပဲျဖစ္ပါတယ္။

ဖုန္းေ႐ႊရဲ႕ နည္းလမ္းေတြဟာဆိုရင္ ေနအိမ္ေတြအတြက္ က်က္သေရအျဖာျဖာတိုးျခင္း၊ စီးပြားေရးေအာင္ျမင္ျခင္း၊ က်န္းမာေရးေကာင္းျခင္းကဲ့ သို႔ေသာ ေကာင္းျခင္းအျဖာျဖာကို ပိုင္ဆိုင္ဖို႔ျဖစ္ပါတယ္။ ဒီေတာ့ ႐ိုး႐ွင္းလွတဲ့ ဖုန္းေ႐ႊရဲ႕ အစီအရင္ေတြနဲ႔ တ႐ုတ္ႏွစ္သစ္ကူး အခါသမယကို စတင္လိုက္ပါ။

 


တ႐ုတ္ႏွစ္သစ္ကူးအတြက္ ေဆးေၾကာသန္႔စင္ျခင္းနဲ႔ အလွဆင္ျပင္ဆင္မႈေတြလုပ္ျခင္း

တ႐ုတ္ႏွစ္သစ္ကူးအတြက္ တ႐ုတ္လူမ်ိဳးအပါအဝင္ လူအမ်ားအ ျပားက အားလပ္ရက္မစတင္မီ သူတို႔ရဲ႕ ေနအိမ္ေတြကို သန္႔႐ွင္းေရးလုပ္ျခင္း၊ ယဥ္ေက်းမႈ ပြဲေတာ္အတြက္ အစဥ္အလာအားျဖင့္ အလွဆင္ျခင္း၊ ပြဲေတာ္ ေနအိမ္နဲ႔ အေဆာက္အအုံေတြမွာ ျပင္ဆင္ျခင္းေတြ လုပ္ေဆာင္ၾကပါတယ္။ အဲဒီ ရည္႐ြယ္ခ်က္ဟာ တစ္ႏွစ္ပတ္လုံးကံေကာင္းျခင္း၊ က်န္းမာျခင္း၊ ခ်မ္းသာျခင္းနဲ႔ သာယာဝေျပာျခင္းေတြ ရ႐ွိဖို႔အတြက္လည္း ျဖစ္ကာ တ႐ုတ္နာမည္ႀကီး႐ိုးရာ ဖုန္းေ႐ႊအစဥ္အလာကို လိုက္နာျခင္းနဲ႔လည္း လုပ္ၾကတာျဖစ္ပါတယ္။


ျပတင္းေပါက္ေတြနဲ႔ တံခါးေတြအားလုံးကို ဖြင့္လွစ္ထားပါ


ဖုန္းေ႐ႊဟာ တ႐ုတ္႐ိုးရာ ေ႐ွးေဟာင္းအေလ့အထတစ္ခုျဖစ္ပါတယ္။ စြမ္းအင္ကို အသုံးျပဳၿပီးေတာ့ ေနအိမ္ရဲ႕ ထားသိုျပင္ဆင္မႈေတြမွာ သဟဇာတျဖစ္ေအာင္ ဖန္တီးျခင္းနဲ႔ ေကာင္းမြန္တဲ့အရာေတြကို ဆြဲေဆာင္တာျဖစ္ပါတယ္။
ျပတင္းနဲ႔ တံခါးေပါက္ေတြအားလုံးကို ဖြင့္လွစ္ထားပါ။ တ႐ုတ္ ႏွစ္သစ္ကူးဟာ လျပကၡဒိန္ရဲ႕ ေႏြဦးရာသီ ပထမဆုံးေန႔ျဖစ္တာေၾကာင့္ ရာသီေတြရဲ႕ ေျပာင္းလဲျခင္း အဓိပၸါယ္ကို စဥ္းစားပါ။ ေႏြဦးရာသီဟာ အစီအစဥ္ေတြဆြဲျခင္း၊ တည္ၿငိမ္ျခင္းနဲ႔ လုပ္ငန္းေတြလုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္တယ္လို႔ ဖုန္းေ႐ႊပညာရပ္ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ေနအိမ္နဲ႔ အခန္းေတြ၊ ႐ုံးခန္းအေဆာက္အအုံေနရာေတြက ျပတင္းနဲ႔ အခန္းေတြကို ကိုးမိနစ္ခန္႔ ဖြင့္လွစ္ထားျခင္းျဖင့္ သန္႔စင္တဲ့ေလထုဖန္တီးေပးႏိုင္သလို စြမ္းအင္အားျဖင့္လည္း ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို ဖိတ္ေခၚႏိုင္မွာလည္း ျဖစ္ပါတယ္။

 

အိမ္ေ႐ွ႕အဝင္အဝ တံခါးအေ႐ွ႕ သန္႔႐ွင္းေနပါေစ

တိုက္ခန္းမွာပဲေနေန၊ ေနအိမ္မွာပဲ ေနေန၊ ႐ုံးခန္းမွာပဲ ျဖစ္ျဖစ္ အေ႐ွ႕ဘက္အဝင္အဝေနရာကေတာ့ အေရးႀကီး ဆုံးပါပဲ။ အိမ္ေ႐ွ႕တံခါးက အသက္စြမ္းအင္ျဖစ္ၿပီး Chi Mouth လို႔လည္း ေခၚကာ ဖုန္းေ႐ႊပညာရပ္မွာေတာ့ အေရးႀကီးတယ္လို႔ မွတ္ယူထားၾကပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက အိမ္ေ႐ွ႕ခန္းတံခါး၊ အဝင္အဝ ေနရာေတြကို လ်စ္လ်ဴ႐ႈထားၾကတယ္လို႔ ပညာ႐ွင္ေတြက သုေတသနျပဳ ေျပာၾကားထားၾကပါတယ္။

အိမ္တံခါးက ေနအိမ္တစ္အိမ္အတြက္၊ အိမ္သားေတြအတြက္ မ်က္ႏွာနဲ႔ ကမ႓ာတစ္ခုလို႔ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ အိမ္ေ႐ွ႕တံခါးေပါက္ကို သန္႔႐ွင္းသပ္ရပ္ေအာင္၊ ျမင္လိုက္တာ နဲ႔ကို စိတ္ႏွလုံး ေက်နပ္စရာေကာင္းေအာင္ ျပင္ဆင္ျခင္းအားျဖင့္ က်က္သေရအျဖာျဖာတိုးတက္ေစမွာပါ။

 

အိပ္ယာနဲ႔ အခင္းေတြကို အသစ္ျပန္လည္ျပင္ဆင္ပါ


သင့္ရဲ႕ အိပ္ယာေပၚ လဲေလ်ာင္းတဲ့ အခ်ိန္ ဘယ္ေလာက္႐ွိလဲဆိုတာ စဥ္းစားၾကည့္ပါ။ အိပ္ယာေပၚ ေရာက္ေနတဲ့ အခ်ိန္မွာေတာင္ စိတ္အေႏွာင့္အယွက္ေတြ ႐ွိေနၿပီဆိုရင္ ဒါဟာ ေကာင္းမြန္တဲ့လကၡဏာတစ္ခု မဟုတ္ပါဘူး။ လူတစ္ေယာက္အဖို႔ အိပ္စက္အနားယူျခင္းက တစ္ေန႔တာ ပင္ပန္းခဲ့သမွ်ေတြ ေျပေပ်ာက္ၿပီး ေနာက္ထပ္ ေန႔သစ္တစ္ရက္အတြက္ အားအင္ေတြ ရ႐ွိေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အိပ္ခန္းတစ္ခန္း အလွဆင္တာ၊ သန္႔႐ွင္းသပ္ရပ္ေအာင္ ျပင္ဆင္ျခင္းနဲ႔ ေကာင္းမြန္တဲ့စြမ္းအင္ေတြ အိပ္ခန္းထဲကို ဝင္ ေရာက္လာႏိုင္ပါတယ္။ အိပ္ယာနဲ႔ အခန္းအသစ္ဖြဲ႕ျပင္ဆင္ျခင္းက စိတ္ခံစားခ်က္ကို အသစ္ျဖစ္ေစၿပီး စိတ္နဲ႔ ခႏၶာကိုယ္ကို က်န္းမာလန္းဆန္းေစႏိုင္ပါတယ္။

 

လိေမၼာ္သီးေတြနဲ႔ အလွဆင္ပါ


အာ႐ွတြင္းမွာ လိေမၼာ္သီးေတြဟာ ေပၚျပဴလာျဖစ္တဲ့ အသီးတစ္လုံးျဖစ္ပါတယ္။ တ႐ုတ္ယဥ္ေက်းမႈမွာ ဆိုရင္လည္း အလြန္ကို အေရးပါတဲ့ အသီးျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေတာက္ပတဲ့ ေ႐ႊေရာင္ေၾကာင့္ လိေမၼာ္သီးေတြဟာ ကံေကာင္းျခင္းေတြ သယ္ေဆာင္ေပးလာႏိုင္မယ့္ သေကၤတလို႔ ယူဆၾကပါတယ္။ လတ္ဆတ္တဲ့ လိေမၼာ္သီး ကိုးလုံးထား႐ွိျခင္းက ႂကြယ္ဝခ်မ္းသာမႈ၊ လတ္ဆတ္မႈေတြကို ခံစားရေစပါတယ္။ လိေမၼာ္သီးေတြ ေနအိမ္ခန္းထဲမွာ ထား႐ွိျခင္းက ႀကီးက်ယ္ခမ္းနားေစၿပီး ေပ်ာ္႐ႊင္မႈကို ယူေဆာင္ေပးလာတာ ျဖစ္ပါတယ္။

 

တ႐ုတ္ႏွစ္သစ္ကူးမွာ မလုပ္ေဆာင္သင့္တဲ့ အရာေတြကို ေဖာ္ျပေပးရမယ္ဆိုရင္

ႏွစ္သစ္ကူးရဲ႕ ပထမဆုံးေန႔မွာ ကိုယ့္အိမ္ထဲကို ဝင္ေရာက္သြားတဲ့ ကံေကာင္းျခင္းေတြ အေဝးကို မေရာက္ေစဖို႔ သန္႔႐ွင္းေရးလုပ္ျခင္းကို ေ႐ွာင္ပါ။ ဒါေၾကာင့္မို႔လို႔ ႏွစ္သစ္မစခင္အလိုမွာကတည္းက သန္႔႐ွင္းေရးအားလုံးကို ေသခ်ာလုပ္ထားပါ။ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အတြက္ က်င္းပတဲ့ ႐ိုးရာဓေလ့ေတြအမ်ားႀကီး႐ွိပါတယ္။ ေရပန္းအစားဆုံး ဓေလ့သုံးခုက ႏွစ္သစ္မတိုင္မီ အိမ္ကို သန္႔႐ွင္းေရးလုပ္ပါ။ အိမ္ကို အနီေရာင္နဲ႔ အလွဆင္ပါ၊ မိသားစုနဲ႔ ေဆြမ်ိဳးေတြကို အစားအေသာက္နဲ႔ လက္ေဆာင္ပစၥည္းေတြ မွ်ေဝပါ။ အခ်ဳပ္အားျဖင့္ေျပာရမယ္ဆိုရင္ ျပတင္းတံခါးေပါက္ေတြဖြင့္ထားပါ။ အိမ္ေ႐ွ႕တံခါးေနရာေတြမွာ သန္႔႐ွင္းေအာင္ထားပါ။ လိေမၼာ္သီးတစ္ပန္းကန္ ထားပါ။ အိပ္ခန္းကို တတ္ႏိုင္သမွ် သက္ေတာင့္သက္သာျဖစ္ေအာင္ ထားပါ။

ဒီလိုဆိုရင္ အခုလာမယ့္ တ႐ုတ္ႏွစ္သစ္ကူးအတြက္ ေနအိမ္ေတြမွာ ဘယ္လိုျပင္ဆင္မႈေတြနဲ႔ တိုးတက္ႀကီးပြားျခင္း၊ ကံေကာင္းျခင္းေတြရလာေအာင္ ျပင္ဆင္ႏိုင္မယ္ဆိုတဲ့ နည္းလမ္းေတြကို သိၿပီးေလာက္ၿပီျဖစ္ပါတယ္။ ကံေကာင္းျခင္း ေတြ ပိုင္ဆိုင္တဲ့ ႏွစ္သစ္ကို ရပါေစလို႔ iMyanmarHouse မွ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)