755 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေအရ ၂၀၂၃ နေအိမ်အတွက် ကံကောင်းစေသော အရောင်များ

 

 

[Unicode]


ဖုန်းရွှေ အစီအရင်ကနေ အကြံပြုထားတဲ့ ၂၀၂၃ ခုနှစ်အတွက် ကံကောင်းစေတဲ့အရောင်တွေက နှစ်တစ်နှစ်ရဲ့ နိမိတ်လက္ခဏာတွေကို ကြည့်ပြီး ကံကောင်းခြင်း၊ ကြီးပွားချမ်းသာခြင်းနဲ့ ကျန်းမာရေးကောင်းမွန်ခြင်း တွေကို နေအိမ်တွေဆီ ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။ ကံကောင်းစေတဲ့အရောင်တွေကို နေအိမ်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း ပြင်ဆင်တည်ဆောက်တဲ့နေရာမှာ အသုံးပြုနိုင်သလို မိမိနေထိုင်သွားလာရာမှာ အသုံးပြုလိုတဲ့ အသုံးအဆောင်နဲ့ ပစ္စည်းတွေမှာလည်း ကံကောင်းစေတဲ့အရောင်တွေအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

 

 

အေးချမ်းခြင်းတွေပေးမယ့် သစ်တောစိမ်းရောင်

 

ဖုန်းရွှေအရ ၂၀၂၃ နေအိမ်အတွက် ကံကောင်းစေသော အရောင်များ

၂၀၂၃ ခုနှစ်အတွက် ကံကောင်းစေတဲ့ အရောင်မှာ မျှော်လင့်ချက်တွေနဲ့ ပေါကြွယ်ဝမှုကို ပိုင်ဆိုင်စေရလိမ့်မယ်လို့ အာမခံထားတဲ့ သစ်တောစိမ်းရောင် (အစိမ်းရောင်) က တစ်နှစ်တာလုံးအတွက် နေအိမ်တွေမှာ ပြီးပြည့်စုံခြင်းတွေ ပေးမှာ ဖြစ်ပါတယ်။ ဖုန်းရွှေ အစီအရင်မှာ အစိမ်းရောင်ဟာ ကြင်နာသနားခြင်း၊ လိုက်လျောညီထွေမှုရှိခြင်း၊ ကုစားခြင်း၊ ကြီးထွား တိုးတက်ခြင်းတွေကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ သဘာဝတရားကြီးကို အခြေခံတဲ့ အရောင်ဖြစ်ပြီး သစ်ပင်၊ မြက်ပင်တွေနဲ့ သဘာဝစွမ်းအင်တွေကိုလည်း ချိတ်ဆက်ပေးနိုင်ပါတယ်။ အစိမ်းရောင်ဟာ အေးမြတဲ့ အရောင်ဖြစ်တဲ့အပြင် လန်းဆန်းတဲ့ စိတ်ခံစားမှုတွေကို ဆောင်ကြဉ်းပေးမှာဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အရောင်ဖြစ်ပါတယ်။ နေအိမ်တွေမှာ ၂၀၂၃ ခုနှစ် အတွက် ကံကောင်းတဲ့အရောင်ကို ပေါင်းစပ်ပြီး ဖုန်းရွှေအစီအရင်နဲ့ ပြင်ဆင်နေထိုင်မယ်ဆိုရင် မိသားစုတွင်း အေးချမ်းခြင်းနမိတ်လက္ခဏာကို ဆောင်မှာဖြစ်ပါတယ်။ အစိမ်းရောင်က အသစ်အဆန်းတွေကို ကိုယ်စားပြုနိုင်ပြီး အတွင်းခန်းအတွင်း ထည့်သွင်း အသုံးပြုတဲ့အခါမှာ လန်းဆန်းတက်ကြွမှုတွေကို ပေးစွမ်းမှာလည်း ဖြစ်ပါတယ်။

 


ချစ်ခြင်းမေတ္တာကို ဖော်ကျူးနေတဲ့ ပန်းရောင်

 

ဖုန်းရွှေအရ ၂၀၂၃ နေအိမ်အတွက် ကံကောင်းစေသော အရောင်များ


ဖုန်းရွှေမှာတော့ ပန်းရောင်ဟာ သနားကြင်နာမှုနဲ့ ဂရုစိုက်မှုတို့ ဆက်စပ်နေပြီး အချစ်ရဲ့ သင်္ကေတ အရောင်လည်း ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အပေါ် လိုက်ပြီးတော့ ရဲရင့်ခြင်း ဒါမှမဟုတ် နူးညံ့သိမ်မွေ့ခြင်း တွေကိုလည်း ပန်းရောင်က ပေးစွမ်းနိုင်သလို အပြုသဘောဆောင်တဲ့ အငွေ့အသက်တွေကြောင့် ဘယ်လိုနေရာမှာမဆို ကောင်းမွန်တဲ့ စွမ်းအင်နဲ့ အခြေအနေတွေဆီ မြှင့်တင်ပေးနိုင်ပါတယ်။ ဖုန်းရွှေရဲ့ အရောင်နိမိတ်နဲ့ လက္ခဏာ ခွဲခြမ်းစိပ်ဖြာချက်အရ ပန်းရောင်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို အပြုသဘောသက်ရောက်တတ်ပြီး ကရုဏာ၊ အပြစ်ကင်းစင်ခြင်း၊ ကြင်နာခြင်း၊ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန် အားပေးခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ပန်းရောင်ကို နေအိမ်တွေထဲမှာ အသုံးပြုဖို့ အကောင်းဆုံး နေရာကတော့ မာစတာ အိပ်ခန်း ဒါမှ မဟုတ် ကလေးလေးတွေရဲ့ ထိန်းကျောင်းတဲ့ အခန်းတွေမှာ အသုံးပြုနိုင်ပါတယ်။

 


ရဲရင့်ခြင်း၊ ခွန်အားကြီးခြင်းတွေနဲ့ အနီရောင်

 

 

ဖုန်းရွှေအရ ၂၀၂၃ နေအိမ်အတွက် ကံကောင်းစေသော အရောင်များ

 

အနီရောင်ဟာ စွမ်းအင်၊ စိတ်အားထက်သန်မှုတွေနဲ့ပတ်သက်လာရင် တန်ခိုးကြီးမားတဲ့အရောင်ဖြစ်ပါတယ်။ ဖုန်းရွှေ ပညာရပ်ထဲမှာတော့ အနီရောင်က မီးဓာတ်ကို ကိုယ်စားပြုပါတယ်။ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတွေ ပေးစွမ်းနိုင်ပြီး ရဲရင့်ခြင်း၊ ရဲရင့်တဲ့ စိတ်ခံစားချက်တွေကို ကိုယ်စားပြုပြီး အရှိန်အဟုန်မြင့်တဲ့ အရောင်ဖြစ်ပါတယ်။ အတွင်းခန်းတွေမှာ အနီရောင်ကို သုံးတဲ့ အခါ ကျော်ကြားမှုတွေ ၊ သိသာမြင်နိုင်စွမ်းတွေ၊ လှုံ့ဆော်မှုတွေနဲ့ ရှင်းလင်းပြတ်သားမှုတွေ ဖန်တီးပေးနိုင်မှာလို့ အကြံပြုထားပါတယ်။ အနီရောင်ကို အသုံးပြုဖို့ အကောင်းဆုံးနေရာက ဧည့်ခန်းနဲ့ ရုံးခန်းတွေမှာဖြစ်ပြီး အနီရောင်တွေ အသုံးပြုခြင်းကနေ တန်ခိုးကြီးထွားခြင်း၊ အာဏာရှိခြင်း၊ ရဲရင့်ခြင်းတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

အောင်မြင်မှုနဲ့ ကြံ့ခိုင်မှုတွေ ဖန်တီးနိုင်မယ့် အပြာရောင်

 

ဖုန်းရွှေအရ ၂၀၂၃ နေအိမ်အတွက် ကံကောင်းစေသော အရောင်များ

အပြာရောင်နဲ့ စိမ်းပြာရောင်တွေက ပြန့်ကားခြင်း၊ ချဲ့ထွင်ခြင်း၊ အားမာန်နဲ့ ကြင်နာမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဖုန်းရွှေ နည်းလမ်းတွေထဲမှာ ဖော်ပြထားပါတယ်။ အပြာရောင်ဟာ မိသားစုနေအိမ်တွေက ဧည့်ခန်းနေရာမှာ အသုံးပြုခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းခြင်းတွေနဲ့ ကြင်နာသနားခြင်းတွေ မျှဝေနိုင်မှာဖြစ်ပါတယ်။ ရုံးခန်းတွေမှာတော့ အောင်မြင်မှုတွေ မြှင့်တင်ဖို့ အကောင်းဆုံး ဖြစ်တဲ့ အပြာရောင်ကို အသုံးပြုသင့်ပါတယ်။

 

ကဲ ဒီလောက်ဆိုရင် iMyanmarHouse စာဖတ်ပရိသတ်ကြီးလဲ ၂၀၂၃ ခုနှစ်အတွက် ဖုန်းရွှေအစီရင်က ဖော်ပြပေးတဲ့ ကံအကောင်းဆုံးအရောင်တွေအကြောင်းကို သိလောက်ပြီထင်ပါတယ်။ အခုဖော်ပြပေးတဲ့ အရောင်တွေကို နေအိမ်၊ ရုံးခန်း၊ အခြားအဆောက်အအုံတွေနဲ့ မိမိတို့ နေထိုင်မယ့် အရပ်မှာ အသုံးပြုခြင်းအားဖြင့် အကောင်းဆုံးစွမ်းအင်တွေ ဖန်တီးပြီး ကံကောင်းခြင်းတွေ ရယူနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 


[Zawgyi]

ဖုန္းေ႐ႊအရ ၂၀၂၃ ေနအိမ္အတြက္ ကံေကာင္းေစေသာ အေရာင္မ်ား

 


ဖုန္းေ႐ႊ အစီအရင္ကေန အၾကံျပဳထားတဲ့ ၂၀၂၃ ခုႏွစ္အတြက္ ကံေကာင္းေစတဲ့အေရာင္ေတြက ႏွစ္တစ္ႏွစ္ရဲ႕ နိမိတ္လကၡဏာေတြကို ၾကည့္ၿပီး ကံေကာင္းျခင္း၊ ႀကီးပြားခ်မ္းသာျခင္းနဲ႔ က်န္းမာေရးေကာင္းမြန္ျခင္း ေတြကို ေနအိမ္ေတြဆီ ေဆာင္ၾကဥ္းေပးမွာျဖစ္ပါတယ္။ ကံေကာင္းေစတဲ့အေရာင္ေတြကို ေနအိမ္ရဲ႕ အတြင္းပိုင္းနဲ႔ အျပင္ပိုင္း ျပင္ဆင္တည္ေဆာက္တဲ့ေနရာမွာ အသုံးျပဳႏိုင္သလို မိမိေနထိုင္သြားလာရာမွာ အသုံးျပဳလိုတဲ့ အသုံးအေဆာင္နဲ႔ ပစၥည္းေတြမွာလည္း ကံေကာင္းေစတဲ့အေရာင္ေတြအျဖစ္နဲ႔လည္း အသုံးျပဳႏိုင္ပါေသးတယ္။

 

ေအးခ်မ္းျခင္းေတြေပးမယ့္ သစ္ေတာစိမ္းေရာင္

၂၀၂၃ ခုႏွစ္အတြက္ ကံေကာင္းေစတဲ့ အေရာင္မွာ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေပါႂကြယ္ဝမႈကို ပိုင္ဆိုင္ေစရလိမ့္မယ္လို႔ အာမခံထားတဲ့ သစ္ေတာစိမ္းေရာင္ (အစိမ္းေရာင္) က တစ္ႏွစ္တာလုံးအတြက္ ေနအိမ္ေတြမွာ ၿပီးျပည့္စုံျခင္းေတြ ေပးမွာ ျဖစ္ပါတယ္။ ဖုန္းေ႐ႊ အစီအရင္မွာ အစိမ္းေရာင္ဟာ ၾကင္နာသနားျခင္း၊ လိုက္ေလ်ာညီေထြမႈ႐ွိျခင္း၊ ကုစားျခင္း၊ ႀကီးထြား တိုးတက္ျခင္းေတြကို ကိုယ္စားျပဳတယ္လို႔ သိရပါတယ္။ သဘာဝတရားႀကီးကို အေျခခံတဲ့ အေရာင္ျဖစ္ၿပီး သစ္ပင္၊ ျမက္ပင္ေတြနဲ႔ သဘာဝစြမ္းအင္ေတြကိုလည္း ခ်ိတ္ဆက္ေပးႏိုင္ပါတယ္။ အစိမ္းေရာင္ဟာ ေအးျမတဲ့ အေရာင္ျဖစ္တဲ့အျပင္ လန္းဆန္းတဲ့ စိတ္ခံစားမႈေတြကို ေဆာင္ၾကဥ္းေပးမွာျဖစ္ကာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္လည္း အထူးေကာင္းမြန္တဲ့ အေရာင္ျဖစ္ပါတယ္။ ေနအိမ္ေတြမွာ ၂၀၂၃ ခုႏွစ္ အတြက္ ကံေကာင္းတဲ့အေရာင္ကို ေပါင္းစပ္ၿပီး ဖုန္းေ႐ႊအစီအရင္နဲ႔ ျပင္ဆင္ေနထိုင္မယ္ဆိုရင္ မိသားစုတြင္း ေအးခ်မ္းျခင္း
နမိတ္လကၡဏာကို ေဆာင္မွာျဖစ္ပါတယ္။ အစိမ္းေရာင္က အသစ္အဆန္းေတြကို ကိုယ္စားျပဳႏိုင္ၿပီး အတြင္းခန္းအတြင္း ထည့္သြင္း အသုံးျပဳတဲ့အခါမွာ လန္းဆန္းတက္ႂကြမႈေတြကို ေပးစြမ္းမွာလည္း ျဖစ္ပါတယ္။

 


ခ်စ္ျခင္းေမတၱာကို ေဖာ္က်ဴးေနတဲ့ ပန္းေရာင္


ဖုန္းေ႐ႊမွာေတာ့ ပန္းေရာင္ဟာ သနားၾကင္နာမႈနဲ႔ ဂ႐ုစိုက္မႈတို႔ ဆက္စပ္ေနၿပီး အခ်စ္ရဲ႕ သေကၤတ အေရာင္လည္း ျဖစ္ပါတယ္။ ဆန္႔က်င္ဘက္အေပၚ လိုက္ၿပီးေတာ့ ရဲရင့္ျခင္း ဒါမွမဟုတ္ ႏူးညံ့သိမ္ေမြ႕ျခင္း ေတြကိုလည္း ပန္းေရာင္က ေပးစြမ္းႏိုင္သလို အျပဳသေဘာေဆာင္တဲ့ အေငြ႕အသက္ေတြေၾကာင့္ ဘယ္လိုေနရာမွာမဆို ေကာင္းမြန္တဲ့ စြမ္းအင္နဲ႔ အေျခအေနေတြဆီ ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဖုန္းေ႐ႊရဲ႕ အေရာင္နိမိတ္နဲ႔ လကၡဏာ ခြဲျခမ္းစိပ္ျဖာခ်က္အရ ပန္းေရာင္ဟာ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို အျပဳသေဘာသက္ေရာက္တတ္ၿပီး က႐ုဏာ၊ အျပစ္ကင္းစင္ျခင္း၊ ၾကင္နာျခင္း၊ ေမွ်ာ္လင့္ခ်က္နဲ႔ စိတ္ဓာတ္ခြန္ အားေပးျခင္းေတြနဲ႔ ဆက္စပ္ေနပါတယ္။ ပန္းေရာင္ကို ေနအိမ္ေတြထဲမွာ အသုံးျပဳဖို႔ အေကာင္းဆုံး ေနရာကေတာ့ မာစတာ အိပ္ခန္း ဒါမွ မဟုတ္ ကေလးေလးေတြရဲ႕ ထိန္းေက်ာင္းတဲ့ အခန္းေတြမွာ အသုံးျပဳႏိုင္ပါတယ္။

 


ရဲရင့္ျခင္း၊ ခြန္အားႀကီးျခင္းေတြနဲ႔ အနီေရာင္

အနီေရာင္ဟာ စြမ္းအင္၊ စိတ္အားထက္သန္မႈေတြနဲ႔ပတ္သက္လာရင္ တန္ခိုးႀကီးမားတဲ့အေရာင္ျဖစ္ပါတယ္။ ဖုန္းေ႐ႊ ပညာရပ္ထဲမွာေတာ့ အနီေရာင္က မီးဓာတ္ကို ကိုယ္စားျပဳပါတယ္။ စြမ္းအင္နဲ႔ အာ႐ုံစူးစိုက္မႈေတြ ေပးစြမ္းႏိုင္ၿပီး ရဲရင့္ျခင္း၊ ရဲရင့္တဲ့ စိတ္ခံစားခ်က္ေတြကို ကိုယ္စားျပဳၿပီး အ႐ွိန္အဟုန္ျမင့္တဲ့ အေရာင္ျဖစ္ပါတယ္။ အတြင္းခန္းေတြမွာ အနီေရာင္ကို သုံးတဲ့ အခါ ေက်ာ္ၾကားမႈေတြ ၊ သိသာျမင္ႏိုင္စြမ္းေတြ၊ လႈံ႕ေဆာ္မႈေတြနဲ႔ ႐ွင္းလင္းျပတ္သားမႈေတြ ဖန္တီးေပးႏိုင္မွာလို႔ အၾကံျပဳထားပါတယ္။ အနီေရာင္ကို အသုံးျပဳဖို႔ အေကာင္းဆုံးေနရာက ဧည့္ခန္းနဲ႔ ႐ုံးခန္းေတြမွာျဖစ္ၿပီး အနီေရာင္ေတြ အသုံးျပဳျခင္းကေန တန္ခိုးႀကီးထြားျခင္း၊ အာဏာ႐ွိျခင္း၊ ရဲရင့္ျခင္းေတြ ဖန္တီးႏိုင္မွာျဖစ္ပါတယ္။

 

ေအာင္ျမင္မႈနဲ႔ ၾကံ့ခိုင္မႈေတြ ဖန္တီးႏိုင္မယ့္ အျပာေရာင္

အျပာေရာင္နဲ႔ စိမ္းျပာေရာင္ေတြက ျပန္႔ကားျခင္း၊ ခ်ဲ႕ထြင္ျခင္း၊ အားမာန္နဲ႔ ၾကင္နာမႈေတြနဲ႔ ဆက္စပ္ေနတယ္လို႔ ဖုန္းေ႐ႊ နည္းလမ္းေတြထဲမွာ ေဖာ္ျပထားပါတယ္။ အျပာေရာင္ဟာ မိသားစုေနအိမ္ေတြက ဧည့္ခန္းေနရာမွာ အသုံးျပဳျခင္းအားျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္သန္စြမ္းျခင္းေတြနဲ႔ ၾကင္နာသနားျခင္းေတြ မွ်ေဝႏိုင္မွာျဖစ္ပါတယ္။ ႐ုံးခန္းေတြမွာေတာ့ ေအာင္ျမင္မႈေတြ ျမႇင့္တင္ဖို႔ အေကာင္းဆုံး ျဖစ္တဲ့ အျပာေရာင္ကို အသုံးျပဳသင့္ပါတယ္။

ကဲ ဒီေလာက္ဆိုရင္ iMyanmarHouse စာဖတ္ပရိသတ္ႀကီးလဲ ၂၀၂၃ ခုႏွစ္အတြက္ ဖုန္းေ႐ႊအစီရင္က ေဖာ္ျပေပးတဲ့ ကံအေကာင္းဆုံးအေရာင္ေတြအေၾကာင္းကို သိေလာက္ၿပီထင္ပါတယ္။ အခုေဖာ္ျပေပးတဲ့ အေရာင္ေတြကို ေနအိမ္၊ ႐ုံးခန္း၊ အျခားအေဆာက္အအုံေတြနဲ႔ မိမိတို႔ ေနထိုင္မယ့္ အရပ္မွာ အသုံးျပဳျခင္းအားျဖင့္ အေကာင္းဆုံးစြမ္းအင္ေတြ ဖန္တီးၿပီး ကံေကာင္းျခင္းေတြ ရယူႏိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App