1518 ကြိမ် ကြည့်ရှု့ ပြီး
သင့်လုပ်ငန်းအား ဖုန်းရွှေဖြင့် ကြီးထွားစေလိုက်ပါ
[Unicode]
ဖုန်းရွှေဟာ သင့်အိမ်မှာတင် မဟုတ်ဘဲ သင့်အလုပ်ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။
ဝန်ထမ်းဆိုရင် အထက်အရာရှိတွေနဲ့ ဆက်ဆံရေးတွေဟာ အဓိကကျပါတယ်။
တကယ်လို့သင်က ကိုယ်ပိုင်လုပ်ငန်းလုပ်တာဆိုရင်တော့ သင့်လုပ်ငန်းကို သင်လိုချင်တဲ့ဖွံ့ဖြိုးအောင်မြင်မှုအဆင့်ဆီ သေချာပေါက်ဦးတည်စေချင်မှာပါ။
ဖုန်းရွှေလုပ်ငန်းစွမ်းအင်မြေပုံမှာ သင့်ရုံးခန်းလက်ဝဲဘက်အခြမ်းရဲ့အလယ်နေရာဟာ ခေါင်းဆောင်မှု၊ စိတ်ကူးဉာဏ်ကွန့်မြူးမှုနှင့် အသင်းအဖွဲ့လှုပ်ရှားမှုတွေကို ပေးတဲ့ “အသစ်စတင်မှုများနှင့်ဖွံ့ဖြိုးမှု” ဧရိယာပါ။
သင့်လုပ်ငန်းအား ဖုန်းရွှေဖြင့် ကြီးထွားစေလိုက်ပါ
သင့်ရာထူးတိုးဖိုးနဲ့ သင့်လုပ်ငန်းဖွံ့ဖြိုးဖို့အတွက် စဉ်းစားတဲ့အခါ ဒီဧရိယာကို အာရုံစိုက်ရမှာဖြစ်ပါတယ်။
အသစ်စတင်မှုတွေဟာ အထက်ဘက်ကို မြင့်တက်ကြီးထွားတဲ့ သစ်သားဓာတ်၊ ပြင်းပြတဲ့ဆန္ဒ၊ မြင့်မားတဲ့အောင်မြင်မှုနဲ့ အဲဒီကိုရောက်ဖို့လိုတဲ့အသင်းအဖွဲ့လုပ်ရပ်တွေနဲ့ ချည်နှောင်ထားပါတယ်။
အဲဒီဝိသေသလက္ခဏာတွေကို သင့်အလုပ်လောကထဲသို့ အောက်ပါနည်းလမ်းအနည်းငယ်နဲ့ ဆောင်ကြဉ်းလိုက်ပါ။
ကျန်းမာသန်စွမ်းသောအပင်များအား အသုံးပြုပါ။
- သူ့ရဲ့ရှင်သန်ကြီးထွားမှုဟာ အထက်ဘက်ကို တက်တဲ့အပင်မျိုးဖြစ်ရပါမယ်။
သင့်လုပ်ငန်းအား ဖုန်းရွှေဖြင့် ကြီးထွားစေလိုက်ပါ
အစိမ်းရောင် ဖြည့်တင်းပါ။
- စားပွဲပေါ်က အလှဆင်ပစ္စည်းတစ်ခုခု၊ ထိုင်ခုံပေါ်က လည်စည်းပဝါခေါင်းစည်းပဝါ၊ စာရွက်စာတမ်းဖိုင် စတာတွေမှာ အစိမ်းရောင်ကို ရွေးချယ်ပါ။
ခေါင်းဆောင်မှု၊ အောင်မြင်မှုတို့နှင့် ဆက်စပ်သသည့်အရာများအား ပြသထားပါ။
- လုပ်ငန်းဖွဲ့စည်းပုံပြဇယား၊ အရည်အသွေးဆိုင်ရာအရည်အချင်းဆိုင်ရာဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်၊ ပန်းတိုင်ဖော်ပြချက် အစရှိသဖြင့်ပေါ့။
သင့်လုပ်ငန်းအား ဖုန်းရွှေဖြင့် ကြီးထွားစေလိုက်ပါ
မိမိဘာသာ စိတ်ကူးစိတ်သန်းထက်မြက်စေပါ။
- အနုပညာလက်ရာ၊ သြဇာတိက္ကမကြီးတဲ့ အဆိုအမိန့်တွေ၊ သင့်အသင်းအဖွဲ့ရဲ့ အဖွဲ့လိုက်ဓာတ်ပုံတွေ ထားရှိပြီး စိတ်ကူးစိတ်သန်းထက်မြက်၊ ဉာဏ်ရွှင်အောင် ကိုယ့်ဘာသာဖန်တီးပါ။
အထက်ဖော်ပြပါ အနည်းဆုံးနဲ့အလွယ်ဆုံးအချက်လေးတွေမှာ သင့်ကိုအခက်တွေ့စေမယ့်အရာ တစ်ခုမှ မပါဝင်တာမို့ ဖုန်းရွှေချစ်သူအားလုံးပဲ အချိန်မဆိုင်းဘဲ လက်တွေ့အသုံးချကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)