1289 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

[Unicode]

ယခုကြွက်နှစ်ဟာ စတင်လိုက်ကတည်းက ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှုအနည်းငယ်သာရှိပါသေးတယ်။ တောမီးလောင်မှုများ၊ ရေကြီးမှုများသာမက အခုလည်း COVID-19 ။ COVID-19 ဟာ ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့နေပြီး ကမ္ဘာသူကမ္ဘာသားအားလုံးရဲ့ ဘဝတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

အခုကာလမှာ နိုင်ငံတွေ၊ မြို့ကြီးမြို့ငယ်တွေမှာ lockdown တွေ ချထားကြပါတယ်။ အရာအားလုံးဟာ ကျန်းမာရေးအကြောင်းပြချက်တွေကြောင့် နှေးကွေးကုန်ပါတယ်။ ကျွန်မတို့အရင်က နေထိုင်ရှင်သန်ခဲ့တဲ့ပုံစံနဲ့ အကွာကြီးကွာသွားခဲ့ပါတယ်။ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ မကျေနပ်မှုတွေက ပိုလို့များလာပါတယ်။

ဒီလိုသီးသန့်အထီးကျန်ဆန်စေတဲ့ကာလမှာ ကျွန်မတို့အနေနဲ့ အိမ်တွင်းမှာ လုပ်‌ဆောင်လို့ရတာတွေအများကြီး ရှိပါတယ်။ ကျွန်မတို့ဘဝတွေကို အားဖြည့်ပေးဖို့ အသုံးချနိုင်တဲ့ဖုန်းရွှေအချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

၁။ များများအနားယူပါ။ အိပ်ဖို့လိုအပ်သလောက် အိပ်သာအိပ်ပါ။ ငွေဝင်တဲ့ အားလပ်ရက်လို့ သ‌ဘောထားပြီးတော့ကို နားပါ။

၂။ ကောင်းကောင်းစားပါ။ လတ်လတ်ဆတ်ဆတ်စားပါ။ ရေနဲ့ လက်ဖက်စိမ်းများများသောက်ပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ပိုစားပေးပါ။ ဗီတာမင်ဓာတ်စုံလင်မျှတအောင် အစုံစားပါ။

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

၃။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ လေဟာပြင်မှာ လုပ်၍ရပါက ပိုကောင်းပါတယ်။

၄။ အိမ်သန့်ရှင်းရေးလုပ်ပါ။ အိမ်ကို သန့်ရှင်းသပ်ရပ်စေလိုက်တာက စွမ်းအင်တွေကို လွတ်လွတ်လပ်လပ်စီးဆင်းစေပါတယ်။ ပြတင်းပေါက်တွေကိုဖွင့်ပြီး နေရောင်ခြည်ကို သင့်အိမ်ထဲ ဖိတ်ခေါ်ပါ။

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

၅။ ခြံနဲ့နေပါက ဥယျာဉ်ရှိပါက ခြံဝင်းအား ဥယျာဉ်အား သပ်ရပ်အောင်ထိန်းသိမ်းပါ။ သင့်ခြံ၊ ဥယျာဉ်ကို သပ်ရပ်လန်းဆန်းစေခြင်းက သင့်အိမ်တွင်းကို ကောင်းမွန်တဲ့ ဖုန်းရွှေကို ဆောင်ကြဉ်းပေးပါတယ်။

၆။ မိသားစုချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေဖို့ အခွင့်အရေးပါပဲ။ အိမ်ရဲ့ အနောက်မြောက်၊ အနောက်၊ အနောက်တောင်၊ အရှေ့မြောက်နဲ့ အရှေ့တောင်နေရာတွေက စကားစမြည်ပြောဆိုကြဖို့ရာ အကောင်းဆုံးနေရာတွေပါပဲ။

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

၇။ သင့်အိမ်ရဲ့ မြောက်၊ အရှေ့နဲ့ တောင်ဧရိယာတွေမှာ အချိန်သိပ်မဖြုန်းပါနဲ့။ အထူးသဖြင့် မြောက်ဘက်နေရာကို တိတ်တိတ်ဆိတ်ဆိတ်ရှိပါစေ။ အဲဒီနေမှာ တီဗွီကြည့်တာ ဂိမ်းကစားတာတွေ မလုပ်ပါနဲ့။

၈။ တောင်၊ အရှေ့နဲ့ အနောက်အရပ်တွေမှာ မီးဓာတ်ကိုယ်စားပြု အနီရောင်‌ပစ္စည်းတွေ မထားပါနဲ့။ အဲဒီအရပ်တွေကို အဖြူ၊ ရွှေရောင် ဒါမှမဟုတ် အပြာတို့နဲ့ အလှဆင်ပါ။

၉။ အခုလိုအိမ်တွင်းအောင်းရတဲ့အခြေအနေကို ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် အခွင့်အရေးအဖြစ် အသုံးချပါ။ စာပေလေ့လာတာ၊ စာရေးတာ၊ စန္ဒယားတီးတာ၊ ဂစ်တာတီးတာ COVID-19 ဒါမှမဟုတ် အခြားတူရိယာတစ်ခုခုတီးခတ်တာ၊ ပန်းချီဆွဲတာလိုမျိုး ကိုယ်နှစ်သက်အဆင်ပြေရာတစ်ခုခုပေါ့။

COVID-19 ကာလအတွက် ဖုန်းရွှေအချက်များ

ဒီ COVID-19 ကပ်ဘေးဟာ မဝေးတော့တဲ့ကာလမှာ ပျောက်ပြယ်သွားဖို့ မျှော်လင့်ရင်း ဖုန်းရွှေချစ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်...

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကာလအတြက္ ဖုန္းေ႐ႊအခ်က္မ်ား


ယခုႂကြက္ႏွစ္ဟာ စတင္လိုက္ကတည္းက ကမာၻေပၚမွာ ၿငိမ္းခ်မ္းမႈအနည္းငယ္သာရွိပါေသးတယ္။ ေတာမီးေလာင္မႈမ်ား၊ ေရႀကီးမႈမ်ားသာမက အခုလည္း COVID-19 ။ COVID-19 ဟာ ကမာၻတစ္ဝန္းကို ပ်ံ႕ႏွံ႔ေနၿပီး ကမာၻသူကမာၻသားအားလုံးရဲ႕ ဘဝေတြအေပၚ သက္ေရာက္မႈေတြ ရွိေနပါတယ္။

အခုကာလမွာ ႏိုင္ငံေတြ၊ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ေတြမွာ lockdown ေတြ ခ်ထားၾကပါတယ္။ အရာအားလုံးဟာ က်န္းမာေရးအေၾကာင္းျပခ်က္ေတြေၾကာင့္ ေႏွးေကြးကုန္ပါတယ္။ ကြၽန္မတို႔အရင္က ေနထိုင္ရွင္သန္ခဲ့တဲ့ပုံစံနဲ႔ အကြာႀကီးကြာသြားခဲ့ပါတယ္။ ေၾကာက္႐ြံ႕စိုးထိတ္မႈေတြနဲ႔ မေက်နပ္မႈေတြက ပိုလို႔မ်ားလာပါတယ္။

ဒီလိုသီးသန႔္အထီးက်န္ဆန္ေစတဲ့ကာလမွာ ကြၽန္မတို႔အေနနဲ႔ အိမ္တြင္းမွာ လုပ္‌ေဆာင္လို႔ရတာေတြအမ်ားႀကီး ရွိပါတယ္။ ကြၽန္မတို႔ဘဝေတြကို အားျဖည့္ေပးဖို႔ အသုံးခ်ႏိုင္တဲ့ဖုန္းေ႐ႊအခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မ်ားမ်ားအနားယူပါ။ အိပ္ဖို႔လိုအပ္သေလာက္ အိပ္သာအိပ္ပါ။ ေငြဝင္တဲ့ အားလပ္ရက္လို႔ သ‌ေဘာထားၿပီးေတာ့ကို နားပါ။

၂။ ေကာင္းေကာင္းစားပါ။ လတ္လတ္ဆတ္ဆတ္စားပါ။ ေရနဲ႔ လက္ဖက္စိမ္းမ်ားမ်ားေသာက္ပါ။ အသီးအႏွံနဲ႔ ဟင္းသီးဟင္း႐ြက္ပိုစားေပးပါ။ ဗီတာမင္ဓာတ္စုံလင္မွ်တေအာင္ အစုံစားပါ။

၃။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။ ေလဟာျပင္မွာ လုပ္၍ရပါက ပိုေကာင္းပါတယ္။

၄။ အိမ္သန႔္ရွင္းေရးလုပ္ပါ။ အိမ္ကို သန႔္ရွင္းသပ္ရပ္ေစလိုက္တာက စြမ္းအင္ေတြကို လြတ္လြတ္လပ္လပ္စီးဆင္းေစပါတယ္။ ျပတင္းေပါက္ေတြကိုဖြင့္ၿပီး ေနေရာင္ျခည္ကို သင့္အိမ္ထဲ ဖိတ္ေခၚပါ။

၅။ ၿခံနဲ႔ေနပါက ဥယ်ာဥ္ရွိပါက ၿခံဝင္းအား ဥယ်ာဥ္အား သပ္ရပ္ေအာင္ထိန္းသိမ္းပါ။ သင့္ၿခံ၊ ဥယ်ာဥ္ကို သပ္ရပ္လန္းဆန္းေစျခင္းက သင့္အိမ္တြင္းကို ေကာင္းမြန္တဲ့ ဖုန္းေ႐ႊကို ေဆာင္ၾကဥ္းေပးပါတယ္။

၆။ မိသားစုခ်စ္ခ်စ္ခင္ခင္ရင္းရင္းႏွီးႏွီးေနဖို႔ အခြင့္အေရးပါပဲ။ အိမ္ရဲ႕ အေနာက္ေျမာက္၊ အေနာက္၊ အေနာက္ေတာင္၊ အေရွ႕ေျမာက္နဲ႔ အေရွ႕ေတာင္ေနရာေတြက စကားစျမည္ေျပာဆိုၾကဖို႔ရာ အေကာင္းဆုံးေနရာေတြပါပဲ။

၇။ သင့္အိမ္ရဲ႕ ေျမာက္၊ အေရွ႕နဲ႔ ေတာင္ဧရိယာေတြမွာ အခ်ိန္သိပ္မျဖဳန္းပါနဲ႔။ အထူးသျဖင့္ ေျမာက္ဘက္ေနရာကို တိတ္တိတ္ဆိတ္ဆိတ္ရွိပါေစ။ အဲဒီေနမွာ တီဗြီၾကည့္တာ ဂိမ္းကစားတာေတြ မလုပ္ပါနဲ႔။

၈။ ေတာင္၊ အေရွ႕နဲ႔ အေနာက္အရပ္ေတြမွာ မီးဓာတ္ကိုယ္စားျပဳ အနီေရာင္‌ပစၥည္းေတြ မထားပါနဲ႔။ အဲဒီအရပ္ေတြကို အျဖဴ၊ ေ႐ႊေရာင္ ဒါမွမဟုတ္ အျပာတို႔နဲ႔ အလွဆင္ပါ။

၉။ အခုလိုအိမ္တြင္းေအာင္းရတဲ့အေျခအေနကို ကိုယ့္ဘဝတိုးတက္ရာတိုးတက္ေၾကာင္းအတြက္ အခြင့္အေရးအျဖစ္ အသုံးခ်ပါ။ စာေပေလ့လာတာ၊ စာေရးတာ၊ စႏၵယားတီးတာ၊ ဂစ္တာတီးတာ COVID-19 ဒါမွမဟုတ္ အျခားတူရိယာတစ္ခုခုတီးခတ္တာ၊ ပန္းခ်ီဆြဲတာလိုမ်ိဳး ကိုယ္ႏွစ္သက္အဆင္ေျပရာတစ္ခုခုေပါ့။

ဒီ COVID-19 ကပ္ေဘးဟာ မေဝးေတာ့တဲ့ကာလမွာ ေပ်ာက္ျပယ္သြားဖို႔ ေမွ်ာ္လင့္ရင္း ဖုန္းေ႐ႊခ်စ္သူအားလုံး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ႐ႊင္လန္းခ်မ္းေျမ့ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလ်က္...

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ခင္ေအးခ်မ္း ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)