17524 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဘဝတြင္ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကာကြယ္ရန္ ဖုန္းေရႊနည္းလမ္း ၅ သြယ္

### Zawgyi Version ###

ေနာက္ေက်ာဓားထိုးခံရျခင္း၊ သြားပုပ္ေလလြင့္ေျပာဆိုခံရျခင္းေတြကေန ကာကြယ္ကုသႏုိင္ဖို႔ဆိုတာ ဘဝမွာ အလြန္အေရးႀကီးပါတယ္။

ေနာက္ေက်ာဓားထိုးမယ့္သူတစ္ေယာက္က သူသင့္ကို ေကာင္းေကာင္းႀကီးသစၥာေဖာက္လွည့္ဖ်ားခြင့္ရဖို႔အတြက္ သင့္ရဲ႕အခင္ဆံုးသူငယ္ခ်င္းအျဖစ္ ဟန္ေဆာင္ေနမယ္ဆုိရင္ အရမ္းကို စိတ္ပ်က္စရာေကာင္းပါတယ္။ တခ်ဳိ႕ေတြက်ေတာ့လည္း ႏွစ္အၾကာႀကီး မိတ္ေဆြေကာင္းျဖစ္ေနခဲ့ၿပီးေတာ့မွ အေျခအေနတရပ္ရပ္ေၾကာင့္ တခ်ိန္ခ်ိန္မွာ ႐ုတ္တရက္ႀကီးေျပာင္းလဲသြားတတ္ၾကပါတယ္။

ဘဝတြင္ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကာကြယ္ရန္ ဖုန္းေရႊနည္းလမ္း ၅ သြယ္

ဒါမွမဟုတ္ရင္လည္း လုပ္ငန္းခြင္မွာ သင္ရာထူးမတိုးေအာင္ သင့္စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး သင့္သူေဌးဆီ အတင္းအဖ်င္းအလိမ္အညာေတြကို ျဖန္႔ျဖဴးတဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ သင့္မွာရွိေနၿပီလား။

ေအာက္မွာေဖာ္ျပထားတာေတြကေတာ့ ဘဝမွာ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကင္းေဝးေစေရး ဖုန္းေရႊနည္းလမ္း ၅ သြယ္ပဲ ျဖစ္ပါတယ္။

၁။ အၿမဲတေစ ေနာက္မွီရွိပါေစ။

- ေနာက္ေက်ာဘက္မွာ အမွီမပါဘဲ ႐ံုးစားပြဲ သို႔မဟုတ္ စာၾကည့္စားပြဲမွာ ထုိင္ျခင္းမွ ေရွာင္ၾကဥ္ပါ။ ေနာက္မွီမပါဘဲ ထုိင္တယ္ဆုိရင္ သင့္မွာ “အေထာက္အပံ့ေတာင္” မရွိဘူးလို႔ ဖုန္းေရႊမွာအဓိပၸါယ္ေဆာင္ပါတယ္။ တနည္း ေနာက္ေက်ာဓားထုိးသူကို ဆြဲေဆာင္ဖိတ္ေခၚရာလည္း က်ပါတယ္။ ဒါေၾကာင့္မို႔လို႔ သင့္ေနာက္ေက်ာကို ၾကည့္ဖို႔ သတိရပါ။ ေနာက္မွီပါတဲ့ထိုင္ခံုမွာ ထိုင္ပါ။ အိပ္ရာကုတင္မွာလည္း အလားတူပါပဲ။ ေနာက္မွီပါရွိပါေစ။

၂။ ရွားေစာင္းပန္းအိုးငယ္တစ္အိုး ထားရွိပါ။

- အကယ္၍ သင္က ႐ံုးဝန္ထမ္းဆုိရင္ သြားပုပ္ေလလြင့္ေကာလာဟလေတြ အလႊင့္မခံရဖို႔ ႐ံုးစားပြဲမွာ ႐ွားေစာင္းပန္းအိုးငယ္တစ္အိုး ထားရွိလိုက္ပါ။

ဘဝတြင္ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကာကြယ္ရန္ ဖုန္းေရႊနည္းလမ္း ၅ သြယ္

၃။ အေရာင္သိပ္မရင့္၊ မမိႈင္းေသာ အဝတ္အစားမ်ား ဝတ္ဆင္ပါ။

- အေရာင္ရင့္တဲ့အဝတ္အစားေတြဟာ တခါတရံမွာ သင္ဟာ အဆိုးျမင္ဝါဒီတစ္ဦး၊ ေပါင္းရသင္းရခက္၊ လက္ေပါက္ကပ္မယ့္ လူ႕ဂြစာတစ္ဦးလို႔ လူေတြထင္ျမင္ခံရေစတတ္ပါတယ္။ အေရာင္လင္းလင္းေတာက္ေတာက္အဝတ္အထည္ေတြက်ေတာ့ သင့္ကို လူေတြႏွစ္လိုဖြယ္အျဖစ္ ထင္ျမင္ရေစႏုိင္ပါတယ္။

၄။ လုပ္ငန္းခြင္ရွိလုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရး ေဆာက္တည္ပါ။

- ႐ုပ္ပိုင္းဆုိင္ရာအျပင္ စိတ္ပိုင္းဆုိင္ရာအားျဖင့္လည္း သင့္အေနနဲ႔ ကိုယ္မသိတဲ့သူေတြနဲ႔ေျပာဆိုဆက္ဆံရသည့္တိုင္ ယဥ္ေက်းပ်ဴငွာတဲ့အမူအရာေတြျဖစ္ေအာင္ ႀကိဳးစားသင့္ပါတယ္။ ဒါဆိုရင္ သူတို႔အေနနဲ႔ သင့္အေပၚ အႏုတ္လကၡဏာသံုးသပ္ခ်က္ေတြေပးဖို႔ အခြင့္အေရးနည္းသြားမွာပါ။

၅။ မိမိ၏ ဖြားႏွစ္ႏွင့္ မဟာမိတ္မ်ားကို သိရွိပါေစ။

- အကယ္၍ သင့္မိတ္ေဆြသူငယ္ခ်င္းေတြက တကယ္ပဲ မိတ္ေဆြေယာင္ေဆာင္ထားတဲ့ ရန္သူေတြဆိုတာကို သိရွိသြားၿပီဆုိရင္ သင့္ကို ကူညီပံ့ပိုးေပးမယ့္မဟာမိတ္ေတြကိုသင္ရွာေဖြခ်င္မွာပါ။ ဒီအတြက္ အေကာင္းဆံုးကေတာ့ သင့္ရဲ႕တ႐ုတ္ဆယ့္ႏွစ္ရာသီခြင္နဲ႔ စတင္လုိက္တာပါပဲ။ သင့္ရဲ႕ရာသီခြင္သေကၤတနဲ႔ သဟဇာတျဖစ္တဲ့ သေကၤတပိုင္ရွင္ေတြကို ေရြးခ်ယ္ရမွာပဲျဖစ္ပါတယ္။ ေဖာ္ျပပါပံုမွာ မိမိေမြးသကၠရာဇ္ကို လိုက္ရွာၿပီး သင့္ရဲ႕ကိုယ္စားျပဳသေကၤတ တစ္နည္း သင္ဟာဘာႏွစ္ဖြားဆိုတာကို သိရွိႏိုင္ပါတယ္။

ဘဝတြင္ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကာကြယ္ရန္ ဖုန္းေရႊနည္းလမ္း ၅ သြယ္

- သင့္သေကၤတႏွင့္ သင့္မဟာမိတ္မ်ား

ႂကြက္ - နဂါးႏွင့္ ေမ်ာက္

ႏြား - ေႁမြႏွင့္ ၾကက္

က်ား - ျမင္းႏွင့္ ေခြး

ယုန္ - သိုးႏွင့္ ဝက္

နဂါး - ေမ်ာက္ႏွင့္ ႂကြက္

ေႁမြ - ၾကက္ႏွင့္ ႏြား

ျမင္း - ေခြးႏွင့္ က်ား

သိုး - ဝက္ႏွင့္ ယုန္

ေမ်ာက္ - ႂကြက္ႏွင့္ နဂါး

ၾကက္ - ႏြားႏွင့္ ေႁမြ

ေခြး - က်ားႏွင့္ ျမင္း

ဝက္ - ယုန္ႏွင့္ သိုး

ဘဝတြင္ ေနာက္ေက်ာဓားထိုးခံရျခင္းမွ ကာကြယ္ရန္ ဖုန္းေရႊနည္းလမ္း ၅ သြယ္

တစ္ခါတစ္ရံ ဘဝမွာ ေနာက္ေက်ာဓားထိုးမယ့္သူေတြနဲ႔ မလႊဲမေရွာင္သာရင္ဆုိင္ရတတ္ပါတယ္။ အထက္ေဖာ္ျပပါ နည္းလမ္း ၅ သြယ္ကို အသံုးျပဳၿပီး ဖုန္းေရႊခ်စ္သူတို႔ရဲ႕ဘဝခရီးကို ေခ်ာေခ်ာေမြ႕ေမြ႕ေလွ်ာက္လွမ္းႏုိင္ကာ ေနာက္ေက်ာဓားထိုးမယ့္သူအားလံုးကို တိုက္ထုတ္ႏိုင္မယ့္ စြမ္းအားေတြ ပိုင္ဆုိင္ႏုိင္ၾကပါေစလုိ႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ရွင္။

 

ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

နောက်ကျောဓားထိုးခံရခြင်း၊ သွားပုပ်လေလွင့်ပြောဆိုခံရခြင်းတွေကနေ ကာကွယ်ကုသနိုင်ဖို့ဆိုတာ ဘဝမှာ အလွန်အရေးကြီးပါတယ်။

နောက်ကျောဓားထိုးမယ့်သူတစ်ယောက်က သူသင့်ကို ကောင်းကောင်းကြီးသစ္စာဖောက်လှည့်ဖျားခွင့်ရဖို့အတွက် သင့်ရဲ့အခင်ဆုံးသူငယ်ချင်းအဖြစ် ဟန်ဆောင်နေမယ်ဆိုရင် အရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။ တချို့တွေကျတော့လည်း နှစ်အကြာကြီး မိတ်ဆွေကောင်းဖြစ်နေခဲ့ပြီးတော့မှ အခြေအနေတရပ်ရပ်ကြောင့် တချိန်ချိန်မှာ ရုတ်တရက်ကြီးပြောင်းလဲသွားတတ်ကြပါတယ်။

ဒါမှမဟုတ်ရင်လည်း လုပ်ငန်းခွင်မှာ သင်ရာထူးမတိုးအောင် သင့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သင့်သူဌေးဆီ အတင်းအဖျင်းအလိမ်အညာတွေကို ဖြန့်ဖြူးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် သင့်မှာရှိနေပြီလား။

အောက်မှာဖော်ပြထားတာတွေကတော့ ဘဝမှာ နောက်ကျောဓားထိုးခံရခြင်းမှ ကင်းဝေးစေရေး ဖုန်းရွှေနည်းလမ်း ၅ သွယ်ပဲ ဖြစ်ပါတယ်။

၁။ အမြဲတစေ နောက်မှီရှိပါစေ။

- နောက်ကျောဘက်မှာ အမှီမပါဘဲ ရုံးစားပွဲ သို့မဟုတ် စာကြည့်စားပွဲမှာ ထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။ နောက်မှီမပါဘဲ ထိုင်တယ်ဆိုရင် သင့်မှာ “အထောက်အပံ့တောင်” မရှိဘူးလို့ ဖုန်းရွှေမှာအဓိပ္ပါယ်ဆောင်ပါတယ်။ တနည်း နောက်ကျောဓားထိုးသူကို ဆွဲဆောင်ဖိတ်ခေါ်ရာလည်း ကျပါတယ်။ ဒါကြောင့်မို့လို့ သင့်နောက်ကျောကို ကြည့်ဖို့ သတိရပါ။ နောက်မှီပါတဲ့ထိုင်ခုံမှာ ထိုင်ပါ။ အိပ်ရာကုတင်မှာလည်း အလားတူပါပဲ။ နောက်မှီပါရှိပါစေ။

၂။ ရှားစောင်းပန်းအိုးငယ်တစ်အိုး ထားရှိပါ။

- အကယ်၍ သင်က ရုံးဝန်ထမ်းဆိုရင် သွားပုပ်လေလွင့်ကောလာဟလတွေ အလွှင့်မခံရဖို့ ရုံးစားပွဲမှာ ရှားစောင်းပန်းအိုးငယ်တစ်အိုး ထားရှိလိုက်ပါ။

၃။ အရောင်သိပ်မရင့်၊ မမှိုင်းသော အဝတ်အစားများ ဝတ်ဆင်ပါ။

- အရောင်ရင့်တဲ့အဝတ်အစားတွေဟာ တခါတရံမှာ သင်ဟာ အဆိုးမြင်ဝါဒီတစ်ဦး၊ ပေါင်းရသင်းရခက်၊ လက်ပေါက်ကပ်မယ့် လူ့ဂွစာတစ်ဦးလို့ လူတွေထင်မြင်ခံရစေတတ်ပါတယ်။ အရောင်လင်းလင်းတောက်တောက်အဝတ်အထည်တွေကျတော့ သင့်ကို လူတွေနှစ်လိုဖွယ်အဖြစ် ထင်မြင်ရစေနိုင်ပါတယ်။

၄။ လုပ်ငန်းခွင်ရှိလုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းမွန်သောဆက်ဆံရေး ဆောက်တည်ပါ။

- ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း သင့်အနေနဲ့ ကိုယ်မသိတဲ့သူတွေနဲ့ပြောဆိုဆက်ဆံရသည့်တိုင် ယဉ်ကျေးပျူငှာတဲ့အမူအရာတွေဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ သင့်အပေါ် အနုတ်လက္ခဏာသုံးသပ်ချက်တွေပေးဖို့ အခွင့်အရေးနည်းသွားမှာပါ။

၅။ မိမိ၏ ဖွားနှစ်နှင့် မဟာမိတ်များကို သိရှိပါစေ။

- အကယ်၍ သင့်မိတ်ဆွေသူငယ်ချင်းတွေက တကယ်ပဲ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူတွေဆိုတာကို သိရှိသွားပြီဆိုရင် သင့်ကို ကူညီပံ့ပိုးပေးမယ့်မဟာမိတ်တွေကိုသင်ရှာဖွေချင်မှာပါ။ ဒီအတွက် အကောင်းဆုံးကတော့ သင့်ရဲ့တရုတ်ဆယ့်နှစ်ရာသီခွင်နဲ့ စတင်လိုက်တာပါပဲ။ သင့်ရဲ့ရာသီခွင်သင်္ကေတနဲ့ သဟဇာတဖြစ်တဲ့ သင်္ကေတပိုင်ရှင်တွေကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ ဖော်ပြပါပုံမှာ မိမိမွေးသကရာဇ်ကို လိုက်ရှာပြီး သင့်ရဲ့ကိုယ်စားပြုသင်္ကေတ တစ်နည်း သင်ဟာ ဘာနှစ်ဖွားဆိုတာကို သိရှိနိုင်ပါတယ်။

- သင့်သင်္ကေတနှင့် သင့်မဟာမိတ်များ

ကြွက် - နဂါးနှင့် မျောက်

နွား - မြွေနှင့် ကြက်

ကျား - မြင်းနှင့် ခွေး

ယန် - သိုးနှင့် ဝက်

နဂါး - မျောက်နှင့် ကြွက်

မြွေ - ကြက်နှင့် နွား

မြင်း - ခွေးနှင့် ကျား

သိုး - ဝက်နှင့် ယုန်

မျောက် - ကြွက်နှင့် နဂါး

ကြက် - နွားနှင့် မြွေ

ခွေး - ကျားနှင့် မြင်း

ဝက် - ယုန်နှင့် သိုး

တစ်ခါတစ်ရံ ဘဝမှာ နောက်ကျောဓားထိုးမယ့်သူတွေနဲ့ မလွှဲမရှောင်သာရင်ဆိုင်ရတတ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်း ၅ သွယ်ကို အသုံးပြုပြီး ဖုန်းရွှေချစ်သူတို့ရဲ့ဘဝခရီးကို ချောချောမွေ့မွေ့လျှောက်လှမ်းနိုင်ကာ နောက်ကျောဓားထိုးမယ့်သူအားလုံးကို တိုက်ထုတ်နိုင်မယ့် စွမ်းအားတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)