32705 ကြိမ် ကြည့်ရှု့ ပြီး

သင့်ရဲ့ပိုက်ဆံအိတ်ဖုန်းရွှေက ဥစ္စာဓနကို ဆွဲဆောင်နေတာလား၊ တွန်းထုတ်နေတာလား

သင့်ပိုက်ဆံအိတ်ရဲ့ ဖုန်းရွှေနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေ သင့်ကို ဝေမျှပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းရွှေဆိုတာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးပြီး
တန့်နေတဲ့ဓာတ်တွေ တစ်နည်း အညံ့ဓာတ်တွေကို အသွင်ပြောင်းပေးနိုင်တဲ့ အစွမ်းထက်တဲ့ စွမ်းအင်စနစ်တစ်ခုဖြစ်လို့ပါ။

ဒါကြောင့် ဥစ္စာဓနစွမ်းအင်တွေကို ဆွဲဆောင်ပြီး အိတ်ထဲအမြဲစီးဆင်းနေစေမယ့် ပိုက်ဆံအိတ်မျိုးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာာနဲ့ ပတ်သက်ပြီး အခြေခံဖုန်းရွှေအချက်အလက်လေးတွေကို ဒီဆောင်းပါးမှာ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။

သင့်ပိုက်ဆံအိတ်ဆိုတာ သင့်ပိုက်ဆံတွေရဲ့နေအိမ်ပဲ ဖြစ်ပါတယ်။ သင့်အိမ်မှာ ဖုန်းရွှေကို အသုံးချတယ်ဆိုရင် ကောင်းမွန်တဲ့ဖုန်းရွှေဖန်တီးဖို့အတွက် လေးစားလိုက်နာရမယ့်
နည်းယာမဥပဒေသတစ်ချို့ ရှိပါတယ်။ အဲ့ဒီတူညီတဲ့အခြေခံအချက်တွေကိုပဲ သင့်ရဲ့ပိုက်ဆံအိတ်မှာပါ အသုံးချရမှာပါ။ ကောင်းမွန်တဲ့ဖုန်းရွှေဖြစ်ဖို့အတွက် အမှိုက်သရိုက်ရှုပ်ပွမှုမရှိတဲ့ စွမ်းအင်၊ အစီအစဉ်နဲ့ လှပမှုတို့ မရှိမဖြစ်လိုအပ်ပါတယ်။

လူတော်တော်များများရဲ့ပိုက်ဆံအိတ်တွေမှာ အသုံးပြုခဲလှတဲ့ ဖြတ်ပိုင်းဟောင်းတွေ၊ ဓာတ်ပုံတွေနဲ့ ကတ်ပြားတွေနဲ့ ပြည့်ဖောင်းကျပ်ပြွတ်နေတာကို သင်မြင်ဖူးမယ်လို့ သေချာပြောရဲပါတယ်။ ဒါဟာ ဆင်းရဲမွဲတေမှု၊ တစစီဖြစ်နေတဲ့ စွမ်းအင်၊ ကြောက်ရွံ့မှုနဲ့ ရှုပ်ထွေးမှုတို့ကို အသံတိတ်ပြောလိုက်တာပါပဲ။ ဒါကြောင့် သင့်ပိုက်ဆံအိတ်ဟာ သန့်ရှင်းပြီး မကြာခဏအေးမြသစ်လွင်လန်းဆန်းအောင် ပြုမူခံရကာ ပါဝင်ပစ္စည်းတွေအစီအစဉ်တကျရှိတဲ့ ပိုက်ဆံအိတ်ဖြစ်ပါစေ။ တစ်နည်းအားဖြင့် ပြောရရင်တော့ သန့်ရှင်းတောက်ပနေစေပြီး မလိုတဲ့အရာတွေ ရှိမနေစေဘဲ ပူလောင်တဲ့နေရာမှာ မထားရှိမိစေဖို့ အထူးသတိပြုရမှာပါ။

သင့်ရဲ့ပိုက်ဆံအိတ်ဖုန်းရွှေက ဥစ္စာဓနကို ဆွဲဆောင်နေတာလား၊ တွန်းထုတ်နေတာလား

သင့်ပိုက်ဆံအိတ်ကို လိုအပ်ချိန်မှာ အချိန်ခဏလေးအတွင်း ရှာတွေ့နိုင်ဖို့လိုတာမို့ အလွယ်တကူရောက်ရှိနိုင်တဲ့နေရာမှာ ထားရှိဖို့ လိုအပ်သလို လုံခြုံ၊ တည်ငြိမ်၊ ဘေးကင်းစိတ်ချရတဲ့ တစ်နေရာတည်းမှာပဲ ထားရှိဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။

အခုထပ်ပြောမှာကတော့ သူ့ရဲ့အကောင်းဆုံးအရောင်ကို သင်ဘယ်လိုရွေးချယ်ဆုံးဖြတ်မလဲဆိုတာပါပဲ။ အကောင်းဆုံးဖုန်းရွှေစွမ်းအင်ကို ဖော်ပြထားတဲ့အရောင်လေးတွေကို
ရွေးချယ်အသုံးပြုကြပါစို့လားရှင်။

အဝတ်အထည်ကနေ ကားအထိ ဘယ်အရာမဆိုအတွက် အကောင်းဆုံးဖြစ်မယ့်အရောင်တွေကို ရွေးချယ်တယ်ဆိုတာဟာ သိပ်ကိုပုဂ္ဂလိကဆန်တဲ့ရွေးချယ်မှုပါပဲ။ ဒါပေမဲ့
ဖုန်းရွှေအမြင်နဲ့ပြောရမယ်ဆိုရင်တော့ ဒီလိုမဟုတ်တော့ပါဘူး။ ဖုန်းရွှေမှာ အရောင်ကို မီး၊ ရေ၊ လေ၊ သစ်သား၊ မြေ စတဲ့ ဖုန်းရွှေအခြေခံဓာတ်ကြီးငါးပါးရဲ့ အားအကောင်းဆုံးဖော်ပြမှုအဖြစ် ယူဆပါတယ်။ ကိုယ့်ကိုကြီးစိုးတဲ့ ကိုယ်ပိုင်ဖုန်းရွှေဓာတ်နဲ့ သဟဇာတဖြစ်မယ့်အရောင်က အကောင်းဆုံးအရောင်ပဲဖြစ်ပါတယ်။

တရုတ်ဆယ့်နှစ်ရာသီခွင်မှာ သင်ဟာ ဘာနှစ်ဖွားဆိုတာ ရှိသလိုပဲ သင့်မှာ မွေးကတည်းက ကိုယ်ပိုင်ဖုန်းရွှေဓာတ်လည်းရှိပါတယ်။
http://fengshui.about.com/od/fengshuigoodluckcures/a/Chinese-Zodiac-Signs-Feng-Shui-Element.htm ဖော်ပြပါဝက်ဘ်ဆိုက်လင့်ခ်နဲ့ ပုံမှာ မိမိမွေးသက္ကရာဇ်ကို လိုက်ရှာပြီး သင်ဟာ
ဘာနှစ်ဖွား၊ ဘာဓာတ်ပိုင်ရှင်ဆိုတာကို သိရှိနိုင်ပါတယ်။

သင့်ရဲ့ပိုက်ဆံအိတ်ဖုန်းရွှေက ဥစ္စာဓနကို ဆွဲဆောင်နေတာလား၊ တွန်းထုတ်နေတာလား

အနီရောင်

- အနီရောင်ဆိုတာ ဥစ္စာဓနနဲ့ ပေါကြွယ်ဝမှုတို့ကို ဆွဲဆောင်တယ်လို့ ယူဆခံရတဲ့ အလွန်မင်္ဂလာရှိ၊ အတိတ်နိမိတ်ကောင်းတဲ့ အရောင်တစ်ရောင် ဖြစ်ပါတယ်။ အနီရောင်ပိုက်ဆံအိတ်ဟာ
မီးဓာတ်ပိုင်ရှင်တို့အတွက် အရမ်းကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ မြေဓာတ်ပိုင်ရှင်တို့အတွက်လည်း အလားတူပဲ ကောင်းမွန်ပါသေးတယ်။

အပြာရင့်ရောင်

- အပြာဆိုတာ ရေဓာတ်ရဲ့အရောင်ဖြစ်ပြီး ပေါကြွယ်ဝမှုရဲ့ရှေ့ဟောင်းသင်္ကေတ ဖြစ်ပါတယ်။ ဒီအချက်ကပဲ အပြာရောင်ကို မင်္ဂလာရှိတဲ့ဖုန်းရွှေပိုက်ဆံအိတ်အတွက်
အလွန်ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။ သင့်ရဲ့ဖုန်းရွှေမွေးဓာတ်က ရေဓာတ် မဟုတ်ရင်တောင် သစ်သားဓာတ်ဖြစ်တယ်ဆိုရင် အပြာရောင်ဟာ အလွန်ကောင်းတဲ့ရွေးချယ်မှုပါပဲ။

အနက်ရောင်

- အနက်ရောင် ခေါ် အမည်းရောင်ကလည်း ရေဓာတ်ရဲ့အရောင်ဖြစ်ပါတယ်။ ဒါကြောင့် သူကလည်း ရေဓာတ်နဲ့ သစ်သားဓာတ်ပိုင်ရှင်တို့အတွက် ထူးကဲကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

 အညိုရောင်

- အညိုရောင်ဆိုတာ ပိုက်ဆံအိတ်အရောင်တွေထဲမှာ အနက်ရောင်ပြီးရင် ရေပန်းအစားဆုံးအရောင်လို့ ပြောလို့ရပါတယ်။ မြေဓာတ်ရဲ့အရောင်တစ်ခုဖြစ်တဲ့အညိုရောင်ဟာ မြေဓာတ်နဲ့ သတ္တုဓာတ်ပိုင်ရှင်တို့အတွက် အရမ်းကောင်းပါတယ်။

အစိမ်းရောင်

- သစ်သားဓာတ်ရဲ့အရောင်ဖြစ်တဲ့ အစိမ်းရောင်ဟာ အသစ်စတင်ဖို့အတွက် အလွန်ကောင်းတဲ့အရောင်ပါ။ သစ်သားဓာတ်နဲ့ မီးဓာတ်ပိုင်ရှင်တို့အတွက် သိပ်ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါ။

အချုပ်ဆိုရရင်တော့ ကောင်းမွန်တဲ့ဖုန်းရွှေပိုက်ဆံအိတ်ဖြစ်ဖို့ အခြင်းအရာ ၃ ရပ်ပဲ လိုပါတယ်။

၁။ အစီအစဉ်

- လိုအပ်တာပဲ ထည့်၍ ရှင်းလင်းသောဖွဲ့စည်းပုံ ရှိပါစေ။

၂။ နေရာ

- ထပ်ထည့်ဖို့နေရာ အမြဲတစေချန်ထားပါ။

၃။ မင်္ဂလာရှိသောစွမ်းအင်

- အကောင်းဆုံးအရောင်ကိုရွေးချယ်ပြီး သင့်ပိုက်ဆံအိတ်ကို စောင့်ရှောက်ပါ။

ဖုန်းရွှေချစ်သူအားလုံးပဲ ဥစ္စာဓနစွမ်းအင်တွေကို ဆွဲဆောင်ပြီး အိတ်ထဲအမြဲစီးဆင်းနေစေမယ့် ပိုက်ဆံအိတ်လေးတွေရဲ့ပိုင်ရှင်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်...

သင့်ရဲ့ပိုက်ဆံအိတ်ဖုန်းရွှေက ဥစ္စာဓနကို ဆွဲဆောင်နေတာလား၊ တွန်းထုတ်နေတာလား


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)