4198 ကြိမ် ကြည့်ရှု့ ပြီး

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ

ဖုန်းရွှေဆိုတာ အိမ်တစ်အိမ်အတွင်းရှိ အကွာအဝေး၊ အကြား၊ ကွက်လပ် စတာတွေ ရဲ့ ဆက်စပ်မှုတွေကို ထိန်းချုပ်စိုးမိုး တဲ့ ရှေးဟောင်းတရုတ်စနစ် တစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ငွေကြေး၊ စိတ်ခံစားချက် နဲ့ ယေဘုယျအားဖြင့် သင့်တစ်ဘ၀လုံးကို တိုးတက်ကောင်းမွန်စေမယ့်၊ အပြု သဘောဆောင်တဲ့ အရပ်မျက်နှာတွေမှာ အကောင်းဓာတ်တွေ စီးဆင်းမှုကို ကူညီ ပေးတယ်လို့ အများက လက်ခံထားကြတဲ့ ရှေးဟောင်းတရုတ်စနစ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သင့်အိမ်ရှိ အခန်းတိုင်းအား ဖုန်းရွှေနည်းကျ တိုးတက်ကောင်းမွန်စေဖို့ အောက်မှာဖော်ပြပေးမယ့်အချက်တွေကို ချက်ချင်းပဲ လိုက်နာဆောင်ရွက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပရိဘောဂအချို့ ကို နေရာရွှေ့ပြောင်းချထားလိုက်ရုံနဲ့ သင့်ဘဏ်စာရင်းထဲရှိ ငွေပမာဏကို တိုးပွားများ ပြားလာစေမယ်ဆိုရင် သင်ဘာကိုများ အချိန်ဆွဲနေတော့မှာပါလဲရှင်။

အိမ်ရှေ့ဆင်ဝင်

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ

ဖုန်းရွှေမှာတော့ အိမ်ရှေ့ဆင်ဝင်ဆိုတာ အိမ်တစ်အိမ်ရဲ့ အလွန့်အလွန်ကို အရေးပါတဲ့ ဧရိယာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ရှေ့ဆင်ဝင်၊ အိမ်ရှေ့ဝင်ပေါက်ဆိုတဲ့ အိမ်တစ်အိမ်ရဲ့ အရှေ့ဝင်ပေါက်ဆိုတာ စွမ်းအင်တွေကို အိမ်ထဲ ကို ဖိတ်ခေါ်တဲ့ လမ်းကြောင်းနေရာဖြစ်လို့ပါ။ ဒါကြောင့်မို့လို့ စွမ်းအင်တွေ များများစီးဝင်နိုင်အောင် အိမ်ရှေ့ဆင်ဝင်နေရာမှာ ပိတ်ဆို့ ရှုပ်ထွေး မှုမရှိစေဘဲ သန့်ရှင်းသပ်ရပ်နေစေဖို့ လိုပါတယ်။

အ၀င်ခန်းမ (ဗြုတ်စဗျင်းတောင်း)

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
များသောအားဖြင့် အ၀င်ခန်းမဟာ ဖိနပ် တွေ၊ ကုတ် အင်္ကျီတွေ၊ ကျောပိုးအိတ်တွေ စတာ တွေကို ထားရှိရာနေရာ အဖြစ် ဗြုတ်စဗျင်းတောင်း ဖြစ်နေတတ်ပါတယ်။ ဖုန်းရွှေမှာတော့ အ၀င်ခန်းမ မှာ ဗြုတ်စဗျင်းတောင်းဖြစ်ခြင်းဟာ မကောင်းတဲ့ ဓာတ်၊ စွမ်းအင်ဆိုးတွေကို ဖိတ်ခေါ်ရာရောက် တယ်လို့ ယူဆပါတယ်။

ဧည့်ခန်း (ဆိုဖာ)

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
ဧည့်ခန်းဆိုတာ ယေဘုယျအားဖြင့်တော့ အိမ်တစ် အိမ်ထဲဝင်လျှင် ၀င်ပြီးချင်း ပထမဆုံး ရောက်တဲ့အခန်းပဲ ဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ဖုန်းရွှေမှာ ဧည့်ခန်းကို အိမ်ရဲ့ ခုခံနိုင်စွမ်း အနည်း ဆုံးသော အခန်းတစ်ခန်း ဖြစ်စေပါတယ်။ ဒါကြောင့် မို့ ဧည့်ခန်းကို အောင်မြင်တဲ့၊ အခြေအနေကောင်း တဲ့အခန်းဖြစ်စေဖို့ရာ နှစ်ယောက်ထိုင်ထိုင်ခုံရှည် သို့မဟုတ် ညောင်စောင်းကို နံရံအား မှီကပ်ထားပါ။ သဘောကတော့ အဲဒီထိုင်ခုံမှာထိုင်တဲ့သူတွေကို တည်ငြိမ်တဲ့ဘ၀ရရှိစေဖို့ ထောက်မပေးထားတဲ့ သဘောပါ။ တစ်ယောက်ထိုင်ထိုင်ခုံတွေကိုတော့ အခန်းရဲ့အလယ်မှာ လွတ်လွတ်လပ်လပ်ထားရှိ ပေးပါ။ ဒါမှ စွမ်းအင်စီးဆင်းမှုအတွက် အဟန့် အတားမဖြစ်စေမှာပါ။

ဧည့်ခန်း (မှန်နှင့် တီဗွီ)

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ

တီဗွီကို မှန်ဗီရိုနဲ့ထားရှိတာအကောင်း ဆုံးပါပဲ။ အဲဒီလိုမဟုတ်ဘဲ အလွတ်ထားရှိတဲ့ တီဗွီ ဆိုရင်တော့ ပိတ်ထားတဲ့အချိန်မှာ ဖန်သားပြင်ကို ပိတ်စတစ်ခုခုနဲ့ ဖုံးအုပ်ထားသင့်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တီဗွီဖန်သားပြင်တွေဟာ ကြည့်မှန် တစ်မျိုးလို ဖြစ်နေလို့ပါပဲ။ (ဖုန်းရွှေအနေနဲ့ကြည့် မယ်ဆိုရင် မှန်တွေကို မှန်မှန်ကန်ကန်မထားရှိဘူး ဆိုရင် မှန်ဆိုတာဟာ အရမ်းအန္တရာယ်များပါတယ်။ မှန်တွေက စွမ်းအင်စီးဆင်းမှုလမ်းကြောင်းကို ဆန့်ကျင်ဘက်အနေနဲ့ အပြင်ဘက်ကို ပြန်ကန်ထွက် သွားစေနိုင်လို့ပါပဲ။ ကော်ဖီစားပွဲတွေကို အ၀ိုင်းပုံစံ၊ ဘဲဥပုံစံတွေ ရွေးချယ်ထားရှိပါ။ ချွန်ထက်မာကျော တဲ့ အနားထောင့်တွေရှိတဲ့ စတုရန်းပုံစားပွဲတွေ ထက် အ၀ိုင်းပုံ၊ ဘဲဥပုံစားပွဲတွေက စွမ်းအင်စီးဆင်း မှုကို ပိုမိုအဆင်ပြေချော့မွေ့စေလို့ပဲ ဖြစ်ပါတယ်။

အိပ်ခန်း (မာကျောတောင့်တင်းသော အုံးတား)

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ

ဖုန်းရွှေမှာတော့ ခုတင်ဆိုတာ အိမ်တစ် အိမ်လုံးမှာ အရေးပါဆုံးပရိဘောဂတစ်ခုပါ။ သင့် ရဲ့တစ်နေ့တာမှာ အချိန် အများစုကို ခုတင်မှာ ကုန်ဆုံးရတာကို တွေးတောဆင်ခြင်ကြည့်လိုက် မယ်ဆိုရင်ပဲ သူ့ရဲ့အရေးပါမှုကို သိနိုင်ပါတယ်။ မာကျောတောင့်တင်းတဲ့ အုံးတား (မှတ်ချက်။ သစ် သားဖြင့် ပြုလုပ်ထားသော အုံးတားက အကောင်း ဆုံး)က သင့်ရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုရှိတဲ့ခံစားချက်ရရှိအောင် ထောက် ကန်ပေးပါလိမ့်မယ်။ လက်ရန်းတွေပါတဲ့ အကျဉ်း ထောင်ဟန်ပန်ရှိ သတ္တုအုံးတားမျိုးကိုတော့ ရှောင် ကြဉ်သင့်ပါတယ်။

အိပ်ခန်း (ခုတင်နံဘေးရှိပစ္စည်းတင်ခုံ၊ စင်)

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ

ခုတင်ရဲ့ တစ်ဖက်စီမှာ ပစ္စည်းတင်ခုံ သို့မဟုတ် ပစ္စည်း တင်စင်တစ်ခုစီ ထားရှိခြင်းဖြင့် ဇနီးမောင်နှံရဲ့ ဆက်ဆံရေးထဲ သာယာချမ်းမြေ့ခြင်း တွေကို လောင်းထည့်လိုက်ပါ။

သန့်စင်ခန်း

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
သန့်စင်ခန်းနဲ့ပတ်သက်ပြီး မှတ်ထားရမယ့် အဓိကအချက်ကတော့ သန့်စင်ခန်းတံခါး ကို ပိတ်ထားပြီး ရေအိမ်အဖုံးကို ရေအိမ်ထိုင်ခုံမှာ ဖုံးအုပ်ချထားပါ။ အကောင်းဓာတ်စွမ်းအင်တွေ ရေအိမ်ထဲကနေ အိမ်အပြင်ထွက်သွားတဲ့အဖြစ်မျိုး လျော့နည်းအောင် စီရင်ခြင်းပဲဖြစ်ပါတယ်။

မီးဖိုချောင်

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
စွမ်းအင်စီးဆင်းမှုကို အဟန့်အတားမဖြစ် စေဖို့ မီးဖိုချောင်ရှိ စားပွဲခုံ၊ မီးဖိုခုံတွေရဲ့ မျက်နှာပြင် တွေကို သန့်ရှင်းတောက်ပြောင်နေပါစေ။ ရေခဲ သေတ္တာမျက်နှာပြင်တွေမှာ ဘယ်လိုအရာတွေကိုမှ မကပ်မိပါစေနဲ့။ နေအိမ်တော်တော်များများက မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ၊ အမှတ်တရလေးတွေ၊ ပြုလုပ်ရန်စာရင်းတွေ၊ မှာတမ်းစာရွက်လေးတွေကို ရေခဲသေတ္တာ မျက်နှာပြင်တွေမှာ သံလိုက်တုံးလေး တွေနဲ့ ကပ်လေ့ရှိပါတယ်။ ဖုန်းရွှေမှာတော့ အဲဒီလုပ် ရပ်ကို လုံးဝရှောင်ကြဉ်ရပါမယ်။ ရှုပ်ယှက်ခက်တဲ့ ရေခဲသေတ္တာမျက်နှာပြင်ဟာ မကောင်းဆိုးဝါးဓာတ်၊ အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေကို ဖိတ်ခေါ် နိုင်ပါတယ်။ ရေခဲသေတ္တာ အတွင်း သိုလှောင်ထားတဲ့ စားသောက်ဖွယ်ရာ တွေကို သန့်သန့်ရှင်းရှင်းထားရှိ ရမယ့် သဘောတရားနဲ့ အတူတူ ပါပဲ။ ရေပိုက်ခေါင်း တွေ ရေမလုံ၊ ယိုစိမ့်နေရင် ချက်ချင်းပြင်ပါ။ ဖုန်းရွှေ မှာ ရေပိုက်ခေါင်းမလုံလို့ ရေယိုခြင်းဟာ ငွေယိုပေါက် ဖြစ်ခြင်းသဘောပဲ ဖြစ်လို့ပါ။

ပြတင်းပေါက်များ

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
ပြတင်းပေါက်တွေဆိုတာ ဖုန်းရွှေမှာတော့ အနည်းငယ်အန္တရာယ်များတဲ့ နယ်ပယ် တစ်ခုပါ။ အိမ်တစ်အိမ်မှာ ပြတင်းပေါက်အများ ကြီးရှိတာဟာ မကောင်းပါဘူး။ အရမ်းနည်း လွန်းပြန်ရင်လည်း အလားတူပါပဲ။ အိမ်ရဲ့အရွယ်အစားနဲ့ ပြတင်းပေါက်အရေအတွက် ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ ပြတင်းပေါက်နဲ့ ပြတင်းမှန်တွေကို သန့်ရှင်းတောက်ပြောင် နေစေဖို့ကလည်း အရေးကြီးပါတယ်နော်။ ပြတင်းမှန်တွေဆိုတာ သင့်အနေနဲ့ အပြင်လောက ကို ကြည့်မြင်ပုံကို ကိုယ်စားပြုတာကြောင့်ပါ။

ဂိုဒေါင်

သင့်အိမ်ရှိ အခန်းတိုင်းအားပိုမိုကောင်းမွန်သွားစေမည့် ဖုန်းရွှေအချက်များ
ဂိုဒေါင်ဟာ အိမ်ရဲ့ စွမ်းအင်မြေပုံထဲ ပါ မပါဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုလေးတွေ ရှိနေပါတယ်။ အိမ်နဲ့တွဲလျက်ဖြစ်ပြီး အိမ်နဲ့ကူးလူး ဆက်သွယ်လွယ်တဲ့ တံခါးပေါက်ရှိတဲ့ ဂိုဒေါင်မျိုး ဖြစ်နေရင်သော်မှ အဲဒီနေအိမ်ရဲ့ ဖုန်းရွှေအပေါ် သက်ရောက်မှုမရှိဘူးလို့ ယူဆကြသူအချို့ ရှိနေ ပါတယ်။ မည်သို့ပင်ဖြစ်စေ။ ဂိုဒေါင်ကို ဗြုတ်စဗျင်း တောင်း၊ ရှုပ်ယှက်ခက်မနေဘဲ အမှိုက်သရိုက်ကင်း စင်နေအောင် ထားရှိပါ။

ဖုန်းရွှေနည်းကျဖြစ်လိုပါက သပ်ရပ်သန့်ရှင်းမှုရှိရမှာကတော့ နေအိမ်ရှိအခန်းတိုင်းပဲ ဖြစ် ပါတယ်။ အထက်ဖော်ပြပါ အချက်တွေကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် ဖုန်းရွှေချစ်သူတို့ရဲ့ နေအိမ်ရှိ အခန်းတိုင်းမှာ အကောင်းဓာတ်တွေ ပိုမိုတိုးတက်စီးမျောနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်ရှင်။ ။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

 

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)