7700 ကြိမ် ကြည့်ရှု့ ပြီး

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

မှန်တွေဆိုတာ ဖုန်းရွှေကုထုံးတစ်ခုအဖြစ် အသုံးချတဲ့ ရေပန်းအစားဆုံး သမားရိုးကျဖုန်းရွှေ ပစ်္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ မှန်တွေကို ဖုန်းရွှေ ရဲ့ ဘုံဆေးဝါးလို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။

ဟိုးရှေးယခင်ကတော့ မှန်တွေဟာရှားပါးပြီး ဈေးကြီးခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ မှန်တွေကို ပုံသဏ္ဌာန် အရွယ်အစား မျိုးစုံနဲ့ အလွယ်တကူဝယ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း မှန်တွေ ကို တလွဲမသုံးမိစေဖို့နဲ့ အလွန်အကျွံမထားရှိမိစေဖို့အတွက် ဖုန်းရွှေလမ်းညွှန်ချက်အချို့ကို ဂရုစိုက်သင့်ပါတယ်။

မှန်တွေဆိုတာ ကောင်းတဲ့ဖုန်းရွှေစွမ်းအင်ကို ပံ့ပိုး ပေးနိုင်သလို သုံးစွဲတာမမှန်ကန်ဘူးဆိုရင်လည်း သင့်ရဲ့အိပ်စက် မှု၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နဲ့ စဉ်းစားဆင်ခြင်တွေးတောမှု ပုံစံတွေမှာ မကောင်းတဲ့အကျိုးဆက်တွေ သက်ရောက်စေနိုင်ပါ တယ်။ ဖုန်းရွှေမှာ အလွှာပေါင်းများစွာရှိပါတယ်။ အလွှာအထပ်အားလုံးက သင့်ရဲ့ ကျန်းမာချမ်းသာခြင်းကို အကျိုးသက်ရောက် နေပါတယ်။

ဖော်ပြပါ ဖုန်းရွှေလမ်းညွှန်ချက် ၇ ရပ်က သင့်အိမ်ရှိ မှန်တွေကို ဖုန်းရွှေနည်းလမ်းတကျအသုံးပြုမှုရဲ့ နက်နဲတဲ့ အကျိုးသက်ရောက်မှုတွေကို သင့်အနေနဲ့ နားလည်စေဖို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကြည်လင်ပြတ်သားသော မိမိ၏ပုံရိပ်သည် ကောင်းသော ဖုန်းရွှေဖြစ်သည်

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

သင့်ရဲ့မှန်က သင့်ရဲ့ပုံရိပ်ကို အရှိအတိုင်း ရောင်ပြန်ထင်ဟပ်စေပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်သင် မှန်ထဲမှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သတိပြုမိပုံဟာ သင့်အသိစိတ်ထဲမှာ သင့်ကိုသင် ရှုမြင်ပုံကို အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့မှန်တွေကို မှေးမှိန်စွန်းထင်းမှုမရှိစေဘဲ သန့်ရှင်းကြည်လင်နေအောင်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ရှင်းသန့် တောက်ပတဲ့ မှန်တစ်ချပ်ဟာကောင်းမွန်တဲ့ ဖုန်းရွှေဖြစ်ပြီး သင့်ကိုသင် သေချာရှုမြင်နိုင်စေကာ သင့်ရဲ့အရည်အသွေးကောင်းတွေကို သတိထားမိစေနိုင်ပါတယ်။

မြင့်မြင့်ထားရှိပါ။

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

အသုံးပြုမယ့်သူတွေထဲက အရပ်အရှည်ဆုံးသူကို အပြည့်အ၀ ခြုံငုံမြင်ရစေမယ့် အမြင့်ထိရောက်အောင် မှန်ကို ထားရှိသင့်ပါတယ်။ ဦးခေါင်းအမြင့်နဲ့ ကွက်တိဖြစ်နေတဲ့ မှန်တွေဆိုရင် သင့်ကို ဦးခေါင်းကိုက်ခဲခြင်း ဒါမှမဟုတ် ကြောင်တောင်တောင်အတွေး တွေးမိစေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်မြင်ရဖို့ ငုံ့ကိုင်းကြည့်နေရလောက် အောင် နိမ့်နေတဲ့မှန်တွေ၊ မြင်ကွင်းကျဉ်းကျဉ်းပဲ မြင်ရစေတဲ့ မှန်တွေဆိုရင်လည်း သင့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့ စေနိုင်ပြီး အပျက်သဘောဆောင်တဲ့ ခန္ဓာကိုယ်ပုံရိပ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လုံလုံလောက်လောက် မြင့်မားကျယ်ပြောပြီး ကြည့်ရတာ မကျဉ်းကျုတ်စေတဲ့ မှန်တွေဟာ သင့်ကို သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ နရီစည်းချက်ကျနစွာ အချိတ်အဆက်မိစေဖို့ ကူညီပေးမှာပါ။

အလှဆင်မှန်ငယ်များ၏ ဖုန်းရွှေကို နားလည်ပါ

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

သင့်ရဲ့ဦးခေါင်း၊ မျက်နှာတောင် မြင်ရဖို့ သေးငယ် လွန်းတဲ့ အလှဆင်မှန်ငယ်လေးတွေကို ရှောင်ရှားပါ။ ဘာကြောင့်လဲဆိုတော့ အလှဆင်ပစ္စည်းအနေနဲ့သုံးတဲ့ မှန်ငယ် လေးတွေဟာ သင့်ကို တစ်ပိုင်းတစ်စစီ ပြတ်တောင်းပြတ်တောင်း ခံစားရစေပြီး အရာဝတ္တုပစ္စည်းတွေကို အတူတကွရှိစေဖို့ရာ အခက်အခဲတစ်ခု ဖြစ်စေနိုင်လို့ပါ။

ကောင်းမွန်သောဖုန်းရွှေအတွက် လိုအပ်သော မှန်အရေအတွက်

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

မှန်တွေဟာ သူတို့နဲ့မျက်နှာချင်းလာဆိုင်တဲ့အရာ တိုင်းကို ရောင်ပြန်ထင်ဟပ်စေတာကြောင့် အခြေခံအားဖြင့် အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာတည်နေရာမှာမဟုတ်တဲ့၊ ဆန့်ကျင် ဘက်တည်နေရာကို ပြသပါတယ်။ ဒါကြောင့်မို့လို့ မှန်အကြီး ကြီးတွေဆိုရင် တစ်ခန်းမှာတစ်ချပ်ပဲထားရှိဖို့ အကောင်းဆုံးပါ ပဲ။ ပြီးတော့လည်း နံရံတစ်ဖက်မှာ မှန်တစ်ချပ်ထက် မပိုသင့်ပါ ဘူး။ တစ်ချပ်ထက် ပိုမယ်ဆိုရင် သင့်ကိုသင် ကြည့်ရှုစစ်ဆေးရ မှာ တစ်ကြိမ်တစ်ခါနဲ့တင် မလုံလောက်စေတော့ဘဲ သံသယနဲ့ ထပ်ကာထပ်ကာ ကြည့်မိစေတော့မှာပါ။

မရှောင်မဖြစ်ရှောင်ရှားရမှာကတော့ မှန်တစ်ချပ်နဲ့ တစ်ချပ်ကို မျက်နှာချင်းဆိုင် မထားမိစေဖို့ပါ။ ကောင်းမွန်တဲ့ ဖုန်းရွှေအတွက် သင့်အနေနဲ့ လိုအပ်တာကတော့ တစ်ခန်းကို မှန်တစ်ချပ်ပဲ ဖြစ်ပါတယ်။

နှစ်ဆဖြစ်စေပါ

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

ဂန္တ၀င်ဖုန်းရွှေအသုံးချနည်းတွေမှာ ထမင်းစားစားပွဲ နံဘေးမှာ မှန်တစ်ချပ်ထားရှိခြင်းက ကျန်းမာ ချမ်းသာခြင်းနဲ့ ပေါကြွယ်ဝခြင်းအတွက် ရေပန်းစားတဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှန်က ထမင်းစားစားပွဲပေါ်ကအစားအစာတွေကိုသရုပ်အားဖြင့် နှစ်ဆဖြစ်စေလို့ပါ။

မှန်တွေဟာ သူတို့ရှေ့က အရာကို ပုံရိပ်ယောင်မိတ္တူ ပွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် သင့်အနေနဲ့ ဘ၀မှာပိုမိုမြင်တွေ့ချင်တဲ့အရာမှန်သမျှကို ရောင်ပြန်ထင်ဟပ်စေဖို့ မှန်တွေကို အသုံးပြုနိုင်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့အရာကို ပွားစေမယ်ဆိုရင် အပျော်ဓာတ်တွေကို သင့်အိမ်နဲ့ သင့်ဘ၀မှာ ပွားများ ချဲ့ထွင်စေလိုက်တာပါပဲ။

အိမ်ဝင်ပေါက်တံခါးဝကို မှန်များ၏ ဖုန်းရွှေဖြင့် ငြိမ်သက်တည်ငြိမ်စေပါ

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

အိမ်တစ်အိမ်ရဲ့ ၀င်ပေါက်တံခါးမကြီးမှာ ကပ်ချိတ် ထားတဲ့ မှန်ချပ်ငယ်ဟာ မကောင်းတဲ့စွမ်းအင်ဓာတ်တွေ အိမ်ထဲမ၀င်နိုင်ဘဲ အပြင်ဘက်ကို ပြန်ကန်ထွက်သွားစေနိုင်တာ ကိုတော့ ဖုန်းရွှေချစ်သူအားလုံး သိနှင့်ပြီးသား ဖြစ်မှာပါ။

မြင်ကွင်းထဲ မှန်များ မရှိစေခြင်းဖြင့် နှစ်ခြိုက်စွာအိပ်စက် အနားယူပါ

မှန်အသုံးပြုမှုအတွက် ဖုန်းရွှေ အချက် (၇)ချက်

မှန်တွေဆိုတာ အဲဒီနေရာမှာ တကယ်မရှိတဲ့ အလင်း နဲ့ ရွေ့လျားမှုကို ရောင်ပြန်ထင်ဟပ်စေပါတယ်။ ဒါကြောင့် မို့လို့ အိပ်ရာနဲ့ မျက်နှာချင်းဆိုင်မှာ မှန်ကို ထားရှိတဲ့သူတွေဟာ အိပ်စက်အနားယူတဲ့အခါ အဲဒီမှန်ကို နေရာရွှေ့တာ ဒါမှမဟုတ် တစ်ခုခုနဲ့ ဖုံးလွှမ်းတာမျိုးလုပ်ပါက စိတ်ရောကိုယ်ရော ပိုမိုခွန်အားပြည့်လန်းဆန်းစေတဲ့ အိပ်စက်အနားယူမှုကို ရရှိစေမှာပဲ ဖြစ်ကြောင်း ဖုန်းရွှေချစ်သူများအတွက် ကြည့်မှန်တို့ရဲ့ ကောင်းကျိုး ဆိုးပြစ်တို့ကို ရေးသားတင်ဆက်လိုက်ရပါတယ်။


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)