4766 ကြိမ် ကြည့်ရှု့ ပြီး

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်

သင်က အခုမှဖုန်းရွှေကို စတင်လေ့လာသူဆိုရင် သင့်အိမ်ဂေဟာကို ဖုန်းရွှေနဲ့စတင်နိုင်ဖို့ ရိုးရှင်းလွယ်ကူလှတဲ့  အောက်ပါအခြေခံအဆင့် (၅) ဆင့်က အကူအညီပေးပါလိမ့်မယ်။

၁။ အမှိုက်သရိုက်များ၊ ဗြုတ်စဗျင်းတောင်းများကို ရှင်းလင်းပါ။

ဖုန်းရွှေမင်္ဂလာဓာတ်ဖြစ်ပေါ်ဖို့အတွက် သင့်အိမ်ထဲမှာ ပွရှုပ်မနေရမယ့်အပြင် သင်မနှစ်သက်တာမှန်သမျှ အိမ်မှာမထားပါနဲ့။ ဒီလိုရှင်းလင်းရေးလုပ်တာဟာ ကုထုံးတစ်ခုလိုပဲ ခံစားရတဲ့ အချိန်နဲ့စွမ်းအင် ပေါင်းစပ်သုံးစွဲမှုလုပ်ငန်းစဉ်တစ်ခုပါ။ ဒီအချက်ကို လုံးဝကျော်သွားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာဓာတ်တွေ သမမျှတဖို့ ဖုန်းရွှေစွမ်းအင်ဖန်တီးရာမှာ အရမ်းကိုအရေးပါတဲ့အချက်မို့ပါ။

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်


၂။ သန့်စင်လတ်ဆတ်တဲ့လေနဲ့ ကောင်းမွန်တဲ့အလင်းရောင် ရရှိပါစေ။

လေနဲ့ အလင်းရောင်ဆိုတာ သင့်အိမ်မှာ 'ချီ' လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ဖုန်းရွှေစွမ်းအင်အတွက် မရှိမဖြစ်ပါ။ ပြတင်း တံခါးတွေကို မကြာခဏဖွင့်ပေးပြီး ဖုန်းရွှေလေထုကို သန့်စင်ပေးမယ့် အပင်လေးတွေထားပါ ဒါမှမဟုတ် လေသန့်စင်စက် အသုံးပြုပါ။ သင့်အိမ်ထဲကို သဘာဝအလင်းရောင် ဝင်နိုင်သမျှ ဝင်ပါစေ။ ညဆိုလည်း ရောင်စဉ်ဖြာမီးလုံးတွေ အသုံးပြုလို့ရပါတယ်။

 

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်

၃။ ဖုန်းရွှေစွမ်းအင်မြေပုံ အသုံးပြုပါ။

သင့်အိမ်ကို အရပ်ရှစ်မျက်နှာပိုင်းပြီး ဘယ်အရပ်ဟာ ဘယ်အတွက် အထူးပြုတဲ့ စွမ်းအင်ကိန်းအောင်းတယ်ဆိုတာ ကို သိရှိအောင်လုပ်ကာ စွမ်းအင်တွေကို ချိန်ညှိပါ။

ဥပမာ-သမားရိုးကျယေဘုယျဆိုရရင် သင့်အိမ်ရဲ့ အရှေ့ တောင်ဧရိယာဟာ သင့်ဘဝမှာ ငွေကြေးစွမ်းအင်နဲ့ ဆက်စပ်ပါ တယ်။

 

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်



၎။ ဖုန်းရွှေအခြေခံရင်းမြစ်ဓာတ် (၅) မျိုး။

ဖုန်းရွှေအခြေခံရင်းမြစ်ဓာတ် (၅) မျိုးနဲ့ သူတို့ရဲ့ ကိုယ်စားပြု အရောင်တွေမှာ -
၁။ သစ်သား - အစိမ်းရောင်နှင့် အညိုရောင်
၂။ မီး - အနီရောင်အဝါတောက်တောက်အရောင်၊ လိမ္မော် ရောင်၊ မရမ်းရောင်၊ ပန်းရောင်
 ၃။ မြေကြီး - အဝါဖျော့ဖျော့၊ သဲရောင်၊ အညိုနု။
    သတ္တု - အဖြူရောင်နှင့် မီးခိုးရောင်။
   ရေ - အပြာရောင်နှင့် အမည်းရောင် တို့ဖြစ်ပါတယ်။


မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်


သင့်အိမ်ရဲ့နေရာတိုင်းမှာ စွမ်းအင်တွေတစ်ချိန်လုံးအသက်ဝင်၊ မျှတစေဖို့ရာမှာ ဒီဖုန်းရွှေအခြေခံရင်းမြစ်ဓာတ် (၅) ခုက အဓိကကြိုးကိုင်သူတွေပါပဲ။

ဥပမာ- သင်က ပိုပြီးကြီးပွားချမ်းသာချင်လို့ ချမ်းသြွာကယ်ဝ မှုဓာတ်ကို ပိုပြီးဆွဲဆောင်ချင်တယ်ဆိုပါစို့။ ဒါဆို သင်လုပ်ရမှာက သင့်အိမ်ရဲ့ အရှေ့တောင်ဧရိယာမှာ သစ်သားနဲ့ ရေကို ထားရမှာ ပါ။ ကျန်းမာရေးအခြေအနေတိုးတက်ချင်တယ်ဆိုရင် အရှေ့ ဧရိယာမှာ သစ်သားနဲ့ပြုလုပ်ထားတဲ့ပရိဘောဂတွေ ဒါမှမဟုတ် သစ်ပင်တို့လို့မျိုး သစ်သားဓာတ်ပစ္စည်းတွေ ထားရမှာပါ။

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်

၅။ သင့်ရဲ့ ဖုန်းရွှေမွေးဓာတ်ကို ရှာဖွေပါ။

တရုတ်ဆယ့်နှစ်ရာသီခွင်မှာ သင်ဟာ ဘာနှစ်ဖွားဆိုတာ ရှိသလိုပဲ။ သင့်မှာ မွေးကတည်းက ကိုယ်ပိုင်ဖုန်းရွှေဓာတ်လည်း ရှိပါတယ်။http://fengshui.about.com/od/fengshuigoodluckcures/a/Chinese-Zodiac-Signs-Feng-Shui-Element.htm  ဖော်ပြပါဝက်ဘ်ဆိုက်ဒ်လင့်ခ်နဲ့ ပုံမှာ မိမိမွေးသက္ကရာဇ်ကို လိုက်ရှာပြီး သင်ဟာ ဘာနှစ်ဖွား၊ ဘာဓာတ်ပိုင်ရှင်ဆိုတာကို သိရှိနိုင်ပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ဓာတ်ကို သိမယ်ဆိုရင် သင့် အနေနဲ့ မိမိဓာတ်အားကောင်းပြီး အိမ်မှာလာဘ်ပွင့်စေဖို့ ဓာတ် ကိုယ်စားပြုအရောင်တွေကို ရွေးချယ်အသုံးပြုပါ။

 

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်



ဥပမာ - သင်က မီးဓာတ်ဆိုပါစို့။ ဒါဆို မီးဓာတ်ကိုယ်စား ပြုအရောင်တွေဖြစ်တဲ့ အနီရောင်အဝါတောက်တောက်အရောင်၊ လိမ္မော်ရောင်၊ မရမ်းရောင်၊ ပန်းရောင် စတာတွေကို ရွေးချယ်ပါ။

ပုံသဏ္ဌာန်အားဖြင့်လည်း မီးဆိုတော့ သုံးမြှောင့်ပုံလေး တွေ သုံးနိုင်ပါတယ်။ နောက်ပြီးတော့ သင်က မီးဓာတ်ဆိုတော့ သင့်အိမ်မှာ သစ်သားဓာတ်ကောင်းကောင်းလည်း လိုပါမယ်။ သစ်သားက မီးဓာတ်ကို အားကောင်းစေတယ်လေ။

အထက်ဖော်ပြပါအဆင့်တွေကို သင်ကျွမ်းကျင်ပြီဆိုရင် တော့ သင့်အနေနဲ့ ဒီထက်ပိုပြီးနက်ရှိုင်းကျယ်ပြန့်တဲ့ ဖုန်းရွှေ အဆင့်တွေကို တက်လှမ်းလေ့လာနိုင်ပါပြီ။ သင့်ရဲ့အောင်မြင်ချမ်းမြေ့ပျော်ရွှင်မှုတွေကို ဒီအခြေခံအဆင့်တွေနဲ့စတင်ကာ ဖော်ဆောင်အရယူလိုက်ပါတော့။

 

မင်္ဂလာရှိသောအိမ်များဖြစ်စေဖို့ အခြေခံဖုန်းရွှေအဆင့် (၅)ဆင့်

ခင်အေးချမ်း မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com



အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)