မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ တောင်ဒဂုံမြို့နယ်၊ နေရာကောင်း VIP ရပ်ကွက်က Innwa Pyae Sone Residence ရဲ့ နှစ်သစ်ကူး ပရိုမိုးရှင်းအရောင်းပြပွဲကြီးကို ဇန်နဝါရီလ (၁၁) ရက်နှင့် (၁၂) ရက်နေ့များတွင် Innwa Pyae Sone Residence၊ ဧရာဝဏ် လမ်းမကြီးအနီး၊ ဧရာဝတီ (၅) လမ်းနှင့် (၆) လမ်းကြား တောင်ဒဂုံမြို့နယ်၌ အောင်မြင်စွာကျင်းပခဲ့သည်။
ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများအတွက် Cash back သိန်း ၅၀၊ ဘဏ်ချိတ်နဲ့ ၁၅ နှစ်အရစ်ကျစနစ် စသည့်သက်သာခွင့်များဖြင့် ရောင်းချပေးခဲ့သည်။
Innwa Pyae Sone Residence သည် တောင်ဒဂုံမြို့နယ်၊ နေရာကောင်း VIP ရပ်ကွက်တွင်တည်ရှိပြီး Downtown မှ နေ၍ နာရီဝက်အတွင်း ရောက်ရှိနိုင်တဲ့ နေရာဖြစ်၍ သွားလာရလွယ်ကူသောနေရာဖြစ်သည်။ ဂရန်မြေဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာပြီး ဝယ်ယူသူများအနေဖြင့် မကြာမီဆောက်လုပ် ပြီးစီးတော့မည့် ကွန်ဒိုပေါ်တွင် အသင့်နေထိုင်နိုင်မည်ဖြစ်သည်။၄ထပ်မြင့်အဆောက်အဦးဖြစ်ပြီး၊ ၁လွှာလျှင် လေးခန်း၊ တစ်ခန်းလျှင် Master Bedroom ၂ ခန်းနှင့် Double Bedroom ၁ ခန်းပါသည့် 3 Bedroom အခန်းကျယ်များပါဝင်ပြီးအခန်းတိုင်းသည် ထောင့်ခန်းများဖြစ်၍ သဘာဝအလင်းရောင်ကောင်းကောင်းရရှိပြီး လေဝင်လေထွက်ကောင်းသော အခန်းများအဖြစ် ဖွဲ့စည်းထားသည်။ကွန်ဒို နေထိုင်သူများ မရှိမဖြစ်လိုအပ်သည့် ကားပါကင်တစ်ခန်းကို တစ်စီးရရှိခြင်း၊ ကွန်ဒိုတစ်ခုလုံးတွင် ဓာတ်လှေကား ၁ စင်း၊ EV Charging Station၊ ၂၄ နာရီ မီးရရှိရေးအတွက် Solar System၊ Swimming Pool၊ Gym၊ Generator စသည်တို့ဖြင့် ကွန်ဒိုနေထိုင်လိုသူများအတွက် အဆင်ပြေ စိတ်ချမ်းမြေ့စေရေး အလေးပေးဆောင်ရွက်ပေးထားသည့် ကွန်ဒိုအခန်းများဖြစ်ပါသည်။
“ Innwa Pyae Sone Residence ကွန်ဒို သည် သွားလာရလွယ်ကူပြီး Down Town နဲ့ မနီးမဝေးနေရာ၊ နေရာကောင်း VIP ရပ်ကွက်က သိန်း ၃၀၀၀ အောက်ဖြင့်ဝယ်ယူနိုင်တဲ့ ကွန်ဒို အခန်းကောင်းတွေဖြစ်ပြီး ရှားရှားပါးပါး နှစ်ရှည်ဘဏ်ချိတ်ဖြင့် ဝယ်ယူနိုင်တာဖြစ်လို့ ငွေပေးချေမှုအဆင်ပြေပြီး နေရာကောင်းမှာ မိသားစုနဲ့ အေးချမ်းလုံခြုံစွာ နေထိုင်လိုသူတွေအတွက် အထူးသင့်တော်ပါတယ် ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်