[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Shwe Wutt Hmone လုံးချင်းအိမ်ရာများ အရောင်းပြပွဲကို ဇူလိုင်လ (၆) ရက် နှင့် (၇) ရက်နေ့များတွင် ရွှေဝတ်မှုန်လုံးချင်းအိမ်ရာ ၊သုနန္ဒာလမ်း ၊ (ည+ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာကပမြို့နယ်တို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ပြပွဲရက်များအတွင်းဝယ်ယူသူများကို အထူးပရိုမိုးရှင်းအဖြစ် သိန်း (၁၀၀၀) အထိ Discount ခံစားခွင့် ၊ အတိုးမဲ့အရစ်ကျစနစ် ၊ ဘဏ်ဖြင့် ၁၅ နှစ်အရစ်ကျ စသည့်ဖြင့်ရောင်းချပေးခဲ့သည်။
Shwe Wutt Hmone လုံးချင်းအိမ်ရာများသည် မြောက်ဥက္ကလာပမြို့နယ် ၊ သုနန္ဒာလမ်းမကြီးအနီး VIP ရွှေဝတ်မှုန်ရိပ်သာထဲတွင် ဖော်ဆောင်နေသည့် အဆင့်မြင့်လုံးချင်းအိမ်ရာစီမံကိန်း ဖြစ်သည်။
ဂရန်မြေပေါ်တွင် တည်ဆောက်ထားပြီး ဝယ်ယူသူအမည်ပေါက်ရရှိမည်ဖြစ်သောကြောင့် ပိုင်ဆိုင်မှုခိုင်မာသည်။ဂျပန်လူနေထိုင်မှုစနစ်ကို inspired ယူကာ Architect Design ဖြင့် တည်ဆောက်ထားသော လုံးချင်းအိမ်များဖြစ်သောကြောင့် အခန်းဖွဲ့စည်းပုံ အလွန်ကောင်းမွန်သည်။မိမိတို့လုံးချင်းအိမ်ခြံဝန်းအတွင်းမှာလည်း ကား(၂)စီးရပ်နားနိုင်မည့် ကိုယ်ပိုင်ကားပါကင်နေရာများပါဝင်သည်။
ပေ ( ၂၀ x ၆၀ ) အကျယ်ရှိသော မြေကွက်စုစုပေါင်း (၈) ကွက်သာ ပါရှိပြီး ပေ (၁၆ x ၄၅)အကျယ်ရှိ Decoration အပြည့်အစုံပါဝင်သည့် (၃)ထပ်လုံးချင်းအိမ်များဖြစ်သောကြောင့် ကျယ်ကျယ်ဝန်းဝန်းနှင့် Privacy ရှိရှိနေထိုင်ချင်သူများအတွက် သင့်တော်သည်။အခန်းတွင်းပြင်ဆင်မှုများနှင့် Decoration များအဖြစ် ကြွေပြားခင်းပေးခြင်း ၊ SPC Floor များခင်းထားပေးခြင်း ၊ ကျွန်းတံခါးများ တပ်ဆင်ပေးထားခြင်း ၊ Kitchen Cabinet များကို Branded ပစ္စည်းများဖြင့် အသုံးပြုအလှဆင်ပေးထားခြင်း ၊အထပ်တိုင်းတွင် နာမည်ကြီး aircon များ အသုံးပြုပေးထားခြင်း စသည့်ဖြင့်ပြုလုပ်ထားရှိပေးထားပါသည်။
" Shwe Wutt Hmone လုံးချင်းအိမ်ရာများဟာ Location ကောင်းပြီး VIP ဆိတ်ငြိမ်ရပ်ကွက်မှာတည်ရှိလို့ Privacy ကောင်းကောင်းဖြင့်နေလိုသူများအဖို့ အကြိုက်တွေ့မယ့် လုံးချင်းအိမ်များဖြစ်ပါတယ်။ နောက်ပြီး ပြပွဲအတွင်းမှာလည်း အထူးသက်သာခွင့်များနှင့်ရောင်ချပေးခဲ့ပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Shwe Wutt Hmone လုံးချင်းအိမ်ရာများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
iMyanmarHouse.com
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Shwe Wutt Hmone လုံးချင်းအိမ်ရာများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့