[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မန္တလေးရတနာမောလ်ရှိ ရတနာဆိုင်ခန်းများ အရောင်းပြပွဲကြီးကိုဇွန်လ (၈) ရက်နှင့် (၉) ရက်နေ့များတွင် Mandalay Yatanar Mall ၊ ၇၈ လမ်း ၃၄ လမ်း ထောင့် ၊ ရတနာပုံစူပါစင်တာ ဒုတိယထပ် ၊ မန္တလေးမြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ပြပွဲရက်အတွင်း ပထမဆုံးဝယ်ယူသူ(၃)ဦးအတွက် Up to 20% Discount ၊ (၁၂) လအတိုးမဲ့အရစ်ကျစနစ်၊ ဘဏ်ဖြင့်ချိတ်ဆက်၍ (၁၀) နှစ်အရစ်ကျစနစ် စသည့် သက်သာခွင့်များဖြင့် ရောင်းချပေးခဲ့သည်။
Mandalay Yatanar Mall နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးကြီးသည် (၇၈ လမ်း x ၃၄ လမ်း) ထောင့် ရတနာပုံစူပါစင်တာ ဒုတိယထပ်တွင်တည်ရှိသည်။ဆိုင်ခန်းပေါင်း ၃၈၄ ခန်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး Sqft 40 ကျော်မှ Sqft 800 ကျော်အထိကျယ်ဝန်းသော ရတနာဆိုင်ခန်းများကိုဝယ်ယူနိုင်မှာဖြစ်သည့်အပြင် စည်ပင် owner book လည်းရရှိမည်ဖြစ်သောကြောင့် ပိုင်ဆိုင်မှုလည်းခိုင်မာသည်။ရောင်းဝယ်ဖောက်ကားရာတွင် ငွေကြေးလည်ပတ်စီးဆင်းမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုစနစ်များ အဆင်ပြေလွယ်ကူစေရန် Mall အတွင်း ဘဏ်များပါဝင်ဖွဲ့စည်းထားခြင်း၊ ဆိုင်ခန်းများတွင် နိုင်ငံတကာမှ ATM ကဒ်များဖြင့် ဝယ်ယူနိုင်မည့် Pos(Point of Sale)
စက်များထားရှိ ချိတ်ဆက်ပေးထားခြင်း၊ Mall ပတ်လည် အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံရှိ အထင်ကရဘဏ်များ တည်ရှိခြင်းတို့ကြောင့် ငွေကြေးကဏ္ဍတွင်လည်း များစွာလွယ်ကူအဆင်ပြေစေသည်။
Mall အတွင်း ကျောက်မျက်ဓာတ်ခွဲခန်းများ ၊ ကျောက်သွေးဖြတ်လုပ်ငန်းများ ၊ အရောင်တင်ပန်းထိမ် လုပ်ငန်းများ၊ ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ တုနှိုင်းမဲ့ရတနာပြခန်းများ၊ Locker ခန်းများ၊ CCTV Control Room များ၊အုပ်ချုပ်မှုရုံးခန်းများ၊ ကျောက်မျက်သင်တန်းခန်းမနှင့် Promotion Area များ ဖွဲ့စည်းပါရှိသည့်အတွက်လည်း ကျောက်မျက်ရောင်းဝယ်ခြင်းလုပ်ငန်းများတွင် One Stop Service ဝန်ဆောင်မှု အပြည့်ရှိစေရန်စီစဉ်ဆောင်ရွက်ပေးထားသည်။
“ Mandalay Yatanar Mall ဟာ နိုင်ငံတကာကျောက်မျက်ရတနာကုန်သည်များကြား လူသိများသော ရတနာဈေးကွက်တစ်ခုဖြစ်တာကြောင့် ရတနာဆိုင်ဖွင့်ကာရောင်းတယ်ဖောက်ကားလိုသူတို့အတွက် အဆင်ပြေပါတယ်။ ပြပွဲအတွင်းမှာလည်း အကောင်းဆုံးသက်သာခွင့်တွေနဲ့ရောင်းချပေးခဲ့ပါတယ် ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သိန်း (၂၅၀) ကျော်မှ စတင် ဝယ်ယူနိုင်မည့် မန္တလေးရတနာမောလ်ရှိ ရတနာဆိုင်ခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
iMyanmarHouse.com